YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 8

8
ရှော​လ​မုန်​၏​ဆောင်​ရွက်​ချက်​များ
(၃​ရာ၊ ၉:၁၀-၂၈)
1ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို တည်​ဆောက်၍ အ​နှစ်​နှစ်​ဆယ်​စေ့​သော​အ​ခါ၊ 2ဟိ​ရံ​မင်း​ပြန်​ပေး​သော မြို့​တို့​ကို ရှော​လ​မုန်​ပြု​ပြင်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နေ​စေ၏။ 3တစ်​ဖန် ဟာ​မတ်​ဇော​ဘ​မြို့​သို့ ချီ​သွား၍ နိုင်​လေ၏။ 4ပြည်​ထဲ​မှာ တာ​ဒ​မော်​မြို့၊ ဟာ​မတ်​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​တော်​မြို့၊ 5မြို့​ရိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​နှင့် ခိုင်​ခံ့​သော အ​ထက်​ဗေ​သော​ရုန်​မြို့​နှင့် အောက်​ဗေ​သော​ရုန်​မြို့​တို့​ကို​လည်း တည်​လေ၏။ 6ဗာ​လတ်​မြို့​နှင့် ဘ​ဏ္ဍာ​တော်​မြို့​များ၊ ရ​ထား​တော်​ထိန်း​သော​မြို့​များ၊ မြင်း​တော်​ကျွေး​သော​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၊ လေ​ဗ​နုန်​တောင်​ပေါ်၊ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ တည်​ချင်​သော​မြို့​များ​တို့​ကို​လည်း တည်​လေ၏။
7ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဖျက်​ဆီး​သော​ကြောင့်၊ 8ပြည်​တော်၌ ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား ဟိ​တ္တိ၊ အာ​မော​ရိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက် အ​ပေါင်း​တို့​ကို ရှော​လ​မုန်​သည် ယ​နေ့​တိုင်​အောင် အ​ခွန်​ပေး​စေ၏။ 9ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကား၊ ရှော​လ​မုန်​သည် အ​မှု​တော်​ထမ်း​ကျွန် မ​ခံ​စေ။ စစ်​သူ​ရဲ၊ မှူး​မတ်၊ စစ်​ကဲ၊ ရ​ထား​တော်​အုပ်၊ မြင်း​တော်​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ 10အ​မှု​တော်​ထမ်း​များ​ကို အုပ်​သော​သူ၊ ရှော​လ​မုန်​မင်း ခန့်​ထား​သော မှူး​မတ်​ကြီး နှစ်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ 11ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ကို၊ ရှော​လ​မုန်​သည် ဒါ​ဝိဒ်​မြို့​မှ​ခေါ်၍ သူ့​အ​ဖို့ တည်​ဆောက်​သော နန်း​တော်​သို့ ဆောင်​ခဲ့၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရောက်​လာ​သော​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့်၊ ငါ့​မ​ယား​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​အိမ်​တော်၌ မ​နေ​သင့်​ဟု သ​ဘော​ရှိ၏။ 12ဗိ​မာန်​တော်​ဦး​ရှေ့​မှာ တည်​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ၊ ရှော​လ​မုန်​သည် မော​ရှေ၏ ပ​ညတ်​တ​ရား​နှင့်​အ​ညီ၊ နေ့​တိုင်း​ပူ​ဇော်​ရ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား နေ့​တိုင်း​ပူ​ဇော်​လေ့​ရှိ၏။ 13ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။#ထွ၊ ၂၃:၁၄-၁၇၊ ၃၄:၂၂-၂၃၊ တော၊ ၂၈:၉၊ ၂၉:၃၉၊ တရား၊ ၁၆:၁၆။ 14ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။ 15အ​မှု​တော်​များ၊ ဘ​ဏ္ဍာ​တော်​များ​နှင့်​ဆိုင်​သော​အ​ရာ​မှာ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ထို​သူ​တို့​သည် ပြု​ကြ၏။ 16ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​မြစ်​မ​ချ​မီ လက်​စ​သတ်​သည်​တိုင်​အောင်၊ ရှော​လ​မုန်​လုပ်​ဆောင်​ရန် အ​မှု​ရှိ​သ​မျှ​သည် အ​သင့်​ပြင်​ဆင်​ပြီး​ဖြစ်၍၊ အိမ်​တော်​ကို လက်​စ​သတ်​လေ၏။
17တစ်​ဖန် ရှော​လ​မုန်​သည် ဧ​ဒုံ​ပြည်​တွင်၊ ပင်​လယ်​ကမ်း​နား၌ ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​နှင့် ဧ​လုတ်​မြို့​သို့​သွား၏။ 18ဟိ​ရံ​သည်​လည်း ပင်​လယ်​ကူး​သော​အ​မှု​ကို နား​လည်​သော မိ​မိ​လူ​များ၊ သင်္ဘော​သား​များ​ကို မိ​မိ​ကျွန်​တို့​နှင့်​အ​တူ ရှော​လ​မုန်​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရှော​လ​မုန်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက် လေး​ရာ​ငါး​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ