YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 5

5
1ထို​သို့ ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို ဆောင်​ခဲ့၍ ဘု​ရား​သ​ခင်၏​အိမ်​တော် ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။#၂​ရာ၊ ၈:၁၁။ ၅​ရာ၊ ၁၈:၁၁။
ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ဗိ​မာန်​တော်​သို့ ပ​င့်​ဆောင်​ခြင်း
(၃​ရာ၊ ၈:၁-၉)
2ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊#၂​ရာ၊ ၆:၁၂-၁၅။ ၅​ရာ၊ ၁၅:၂၅-၂၈။ 3ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည်၊ သ​တ္တ​မ​လ၌​လုပ်​သော ပွဲ​အ​တွင်း​တွင်၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ စု​ဝေး​ရောက်​လာ​ကြ၏။ 4ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်​လာ၍ လေ​ဝိ​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​လျက်၊ 5ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍၊ သန့်​ရှင်း​သော တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။ 6ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ သေ​တ္တာ​တော်​ရှေ့​မှာ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်၊ အ​တိုင်း​မ​သိ များ​စွာ​သော သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။ 7ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့ သွင်း၍ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။ 8ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​ကို သေ​တ္တာ​တော်​နေ​ရာ အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ 9ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့်၊ ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်၊ သေ​တ္တာ​တော်​ရှေ့ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။ 10ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။#တ​ရား၊ ၁၀:၅။
ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်
11ထို​အ​ခါ စည်း​ဝေး​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း အ​မှု​တော်​ကို​မ​စောင့်၊ ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ပြီး​လျှင်၊ 12သီ​ချင်း​ဆို​သော လေ​ဝိ​သား​အာ​သပ်​တ​ပည့်၊ ဟေ​မန်​တ​ပည့်၊ ယေ​ဒု​သုန်​တ​ပည့်​အ​ပေါင်း​တို့​သည် အ​မျိုး​သား​ချင်း​များ​နှင့်​တ​ကွ ပိတ်​ဖြူ​ကို ဝတ်​ဆင်၍၊ ခွက်​ကွင်း​စောင်း​တ​ယော​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်၌ ရပ်​နေ​ကြ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် တစ်​ရာ​နှစ်​ဆယ်​တို့​သည်​လည်း၊ 13သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 14ထို​သို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​လျက် ရပ်၍​မ​နေ​နိုင်​ကြ။#ထွ၊ ၄၀:၃၄-၃၅။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ