YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 17

17
ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်
1အာ​သ​သား​ယော​ရှ​ဖတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ဖက် မိ​မိ​ကို​ခိုင်​ခံ့​စေ၏။ 2ယု​ဒ​ပြည်​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ တပ်​သား​များ​ကို​ထား၏။ ယု​ဒ​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ပြည်​မှာ ခ​မည်း​တော် အာ​သ​တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ မြို့​စောင့်​တပ်​ကို အ​သီး​အ​သီး​ခန့်​ထား၏။ 3ခ​မည်း​တော်​သည် အ​ရင်​လိုက်​သော​လမ်း​သို့၊ ယော​ရှ​ဖတ်​လိုက်​လျက်၊ 4ဗာ​လ​ဘု​ရား​တို့​ကို မ​ဆည်း​ကပ်၊ ခ​မည်း​တော်၏ ဘု​ရား​သ​ခင်​ကို​သာ ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ထုံး​စံ​ကို​ရှောင်၍၊ ပ​ညတ်​တ​ရား​တော်​ကို ကျင့်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​မ၍၊ 5နိုင်​ငံ​တော်​ကို ယော​ရှ​ဖတ်​လက်၌ တည်​စေ​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည် လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ၏။ 6ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​တို့၌ စိတ်​စွဲ​လမ်း၍၊ မြင့်​သော​အ​ရပ်​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။
7နန်း​စံ​သုံး​နှစ်​တွင်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်၌ သွန်​သင်​စေ​ခြင်း​ငှာ၊ မှူး​မတ် ဗင်​ဟဲ​လ၊ ဩ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ၊ မိ​က္ခာ​ယ​တို့​ကို​လည်း​ကောင်း၊ 8လေ​ဝိ​သား ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှ​မာ​နှင့် ယော​ရံ​ကို​လည်း​ကောင်း စေ​လွှတ်​တော်​မူ၏။ 9ထို​သူ​တို့​သည် ယု​ဒ​ပြည်၌​ဩ​ဝါ​ဒ​ပေး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ည​တ္တိ​ကျမ်း​ပါ​လျက်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်​တို့​တွင်၊ လှည့်​လည်​သ​ဖြင့်၊ ပြည်​သား​တို့​ကို သွန်​သင်​ကြ၏။
ယော​ရှ​ဖတ်​တန်​ခိုး​ကြီး​ပုံ
10ယု​ဒ​ပြည်​ပတ်​ဝန်း​ကျင် တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ယော​ရှ​ဖတ်​ကို စစ်​မ​တိုက်​ဝံ့​ဘဲ​နေ​ကြ၏။ 11ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။ 12ယော​ရှ​ဖတ်​သည် အ​လွန်​ခွန်​အား​တိုး​ပွား၍၊ ယု​ဒ​ပြည်၌ ရဲ​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​မြို့​တို့​ကို တည်​တော်​မူ၏။ 13ယု​ဒ​မြို့​တို့၌ အ​မှု​အ​ရေး​တော်​များ၏။ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​ကြ၏။ 14စစ်​သူ​ရဲ​အ​ဆွေ​အ​မျိုး အ​လိုက်​ယူ​သော စာ​ရင်း​ဟူ​မူ​ကား၊ ယု​ဒ​အ​မျိုး ဗိုလ်​ချုပ်​မင်း​အာ​ဒ​န​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သိန်း၊ 15စစ်​ကဲ​ယော​ဟ​နန်​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း၊ 16စေ​တ​နာ​စိတ်​နှင့် ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော ဇိ​ခ​ရိ​သား​အာ​မ​သိ​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​နှစ်​သိန်း၊ 17ဗင်္ယာ​မိန်​အ​မျိုး ခွန်​အား​ကြီး​သော ဧ​လျာ​ဒ​နှင့် လေး၊ ဒိုင်း​လွှား​ကို ကိုင်​သော​သူ​နှစ်​သိန်း၊ 18သူ့​နောက် ယော​ဇ​ဗဒ်​နှင့် စစ်​တိုက်​ခြင်း​ငှာ၊ အ​သင့်​ရှိ​သော​သူ တစ်​သိန်း​ရှစ်​သောင်း​တည်း။ 19ယု​ဒ​ပြည်​အ​ရပ်​ရပ်၊ ခိုင်​ခံ့​သော​မြို့​တို့၌ ရှင်​ဘု​ရင်​ထား​သော သူ​ရဲ​မှ​တစ်​ပါး၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် အ​မှု​တော်​ကို ထမ်း​လျက်​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။