YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 12

12
ယုဒပြည်ကို​တိုက်​ခိုက်​ခြင်း
(၃​ရာ၊ ၁၄:၂၅-၂၈)
1ရော​ဗောင်​မင်း​သည် မိ​မိ​နိုင်​ငံ​ကို​တည်​စေ၍ အား​ကြီး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စွန့်၍၊ 2ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ရော​ဗောင်​မင်း​ကြီး နန်း​စံ​ငါး​နှစ်​တွင်၊ 3အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ရ​ထား​တစ်​ထောင်​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခြောက်​သောင်း၊ မ​ရေ​တွက်​နိုင်​သော အဲ​ဂု​တ္တု​ပြည်​သား​များ၊ လိ​ဗု​ပြည်​သား၊ သု​ကိ​ပြည်​သား၊ အဲ​သ​ယော​ပိ​ပြည်​သား​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊ 4ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။
5ထို​အ​ခါ ရှိ​ရှက်​မင်း​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​သော ယု​ဒ​မင်း​များ​ထံ၊ ရော​ဗောင်​မင်း​ထံ​တော်​သို့ ပ​ရော​ဖက်​ရှေ​မာ​ယ​သည်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​စွန့်​သော​ကြောင့်၊ ငါ​သည် သင်​တို့​ကို ရှိ​ရှက်​မင်း​လက်​သို့ အပ်​လေ​ပြီ​ဟု အ​မိန့်​တော်​ကို ဆင့်​ဆို​လျှင်၊ 6ရှင်​ဘု​ရင်​နှင့် ယု​ဒ​မင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား ဖြောင့်​မတ်​တော်​မူ​သည်​ဟု ဆို၍၊ မိ​မိ​တို့​ကို နှိမ့်​ချ​ကြ၏။ 7ထို​သို့​နှိမ့်​ချ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​လျှင်၊ နှုတ်​က​ပတ်​တော်​သည် ရှေ​မာ​ယ​သို့​ရောက်၍၊ သူ​တို့​သည် နှိမ့်​ချ​ကြ​ပြီ။ ထို​ကြောင့်​သူ​တို့​ကို ငါ​မ​ဖျက်​ဆီး၊ အ​နည်း​ငယ်​သော ချမ်း​သာ​ကို​ပေး​မည်။ ရှိ​ရှက်​လက်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ပေါ်​သို့ ငါ့​အ​မျက်​ကို မ​သွန်း​လောင်း​ရ။ 8သို့​ရာ​တွင် ငါ့​ထံ၌ အ​မှု​ထမ်း​ခြင်း၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​ထံ၌ အ​မှု​ထမ်း​ခြင်း​ကို ပိုင်း​ခြား၍​သိ​စေ​ခြင်​ငှာ၊ ရှိ​ရှက်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။ 9အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။#၃​ရာ၊ ၁၀:၁၆-၁၇။ ၆​ရာ၊ ၉:၁၅-၁၆။ 10ရော​ဗောင်​မင်း​ကြီး​သည် ရွှေ​ဒိုင်း​အ​စား၊ ကြေး​ဝါ​ဒိုင်း​တို့​ကို​လုပ်၍၊ နန်း​တော်​တံ​ခါး​စောင့်၊ ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ၏။ 11ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​သို့ သွား​သော​အ​ခါ၊ ကိုယ်​ရံ​တော်​သား​တို့​သည် ဒိုင်း​တို့​ကို​ဆောင်၍၊ နောက်​တစ်​ဖန် မိ​မိ​တို့​စောင့်​ရာ​အ​ခန်း​မှာ ပြန်​ထား​ကြ၏။ 12ထို​သို့​ရှင်​ဘု​ရင်​သည် ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မည် အ​ကြောင်း၊ အ​မျက်​တော်​ကို လွှဲ​တော်​မူ၏။ ယု​ဒ​ပြည်၌​လည်း၊ ပြည်​မှု​ပြည်​ရေး​သာ​ယာ​သ​ဖြင့်၊
13ရော​ဗောင်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​ကို​ခိုင်​ခံ့​စေ၍ စိုး​စံ​သေး၏။
ရော​ဗောင်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ၀​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စ​ရာ​ဖို့၊ ဣ​သ​ရေ​လ ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သာ ယေ​ရု​ရှ​လင်​မြို့၌၊ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။ 14ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ မိ​မိ​သ​ဘော မ​ချ​သော​ကြောင့်၊ ဒု​စ​ရိုက်​အ​မှု​ကို​ပြု၏။ 15ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​ရှေ​မာ​ယ၏​ကျမ်း​နှင့်၊ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော သား​စဉ်​မြေး​ဆက်​စာ​ရင်း၌ ရေး​ထား​လျက်​ရှိ၏။ ရော​ဗောင်​နှင့် ယေ​ရော​ဗောင်​တို့​သည်၊ အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။ 16ရော​ဗောင်​သည်​လည်း၊ ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ