YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 11

11
ပ​ရော​ဖက်​ရှေ​မာ​ယ​၏​ဗျာ​ဒိတ်
(၃​ရာ၊ ၁၂:၂၁-၂၄)
1ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍၊ နိုင်​ငံ​တော်​ကို ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။ 2သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ရှေ​မာ​ယ​သို့​ရောက်၍၊ 3သင်​သည် ရှော​လ​မုန်​သား ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၌​ရှိ​သော ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ 4သင်​တို့​ညီ​အစ်​ကို​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​ကို​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍၊ ယေ​ရော​ဗောင်​ကို စစ်​မ​ချီ၊ ပြန်​သွား​ကြ၏။
ရော​ဗောင်​၏​အင်​အား
5ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​ရာ​တွင်၊ 6ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊ 7ဗက်​ဇု​ရ​မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊ 8ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊ 9အ​ဒေါ​ရိမ်​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊ 10ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ယု​ဒ​ခ​ရိုင်​နှင့် ဗင်္ယာ​မိန်​ခ​ရိုင်​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​လေ၏။ 11ရဲ​တိုက်​များ​ကို​လည်း​ခိုင်​ခံ့​စေ၍၊ အ​ကြီး​အ​ကဲ​နှင့်​တ​ကွ ဆီ၊ စ​ပျစ်​ရည်​များ၊ ရိ​က္ခာ​များ​ကို သို​ထား​လေ၏။ 12ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သည် အ​မှု​တော်​ကို​ထမ်း​ရွက်​သော​ကြောင့်၊ မြို့​အ​သီး​အ​သီး​တို့၌ ဒိုင်း​လွှား​လှံ​လက်​နက်​များ​ကို ထား၍ အ​လွန်​ခိုင်​ခံ့​စေ၏။
ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိသားများ
13ဣ​သ​ရေ​လ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​မှ အ​ထံ​တော်​သို့ လာ​ကြ၏။ 14လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​ဖြစ်​သော ပိုင်​ထိုက်​ရာ​အ​ရပ်​ကို စွန့်၍၊ ယု​ဒ​ပြည်​ယေ​ရု​ရှင်​မြို့​သို့ ရောက်​လာ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ယေ​ရော​ဗောင်​နှင့် သူ၏​သား​တို့​သည်၊ လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို စောင့်​ရ​သော​အ​ရာ​မှ​ချ၍၊ 15မြင့်​သော​အ​ရပ်၊ နတ်​ဆိုး၊ မိ​မိ​လုပ်​သော နွား​သ​ငယ်​တို့​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခန့်​ထား​သ​တည်း။#၃​ရာ၊ ၁၂:၃၁။ 16ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ သ​ဘော​ချ​သော​သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​ထဲ​က ထွက်၍၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​အံ့​သော​ငှာ၊ လေ​ဝိ​သား​တို့​နောက်​သို့ လိုက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ၏။ 17ထို​သို့​သူ​တို့​သည် ယု​ဒ​နိုင်​ငံ​ကို အား​ပေး၍ ရှော​လ​မုန်​သား​ရော​ဗောင်​ကို သုံး​နှစ်​ပတ်​လုံး ခိုင်​ခံ့​စေ​ကြ၏။ သုံး​နှစ်​ပတ်​လုံး ဒါ​ဝိဒ်​လမ်း၊ ရှော​လ​မုန်​လမ်း​သို့ လိုက်​ကြ၏။
ရော​ဗောင်​၏​အိမ်​ထောင်​စု
18ရော​ဗောင်​သည်​လည်း ဒါ​ဝိဒ်​သား ယေ​ရိ​မုတ်​သ​မီး မ​ဟာ​လတ်၊ ယေ​ရှဲ​သား ဧ​လျာ​ဘ​သ​မီး အ​ဘိ​ဟဲ​လ​နှင့် စုံ​ဖက်၍၊ 19ယု​ရှ၊ ရှ​မာ​ရိ၊ ဇာ​ဟံ၊ သား​သုံး​ယောက်​တို့​ကို မြင်​ရ၏။ 20ထို​နောက်၊ အ​ဗ​ရှ​လုံ​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်၍ အ​ဘိ​ယ၊ အ​တ္တဲ၊ ဇိ​ဇ၊ ရှေ​လော​မိတ်​တို့​ကို မြင်​ရ၏။ 21ရော​ဗောင်​သည် ခင်​ပွန်း တစ်​ဆယ်​ရှစ်​ယောက်၊ မောင်း​မ​မိဿံ ခြောက်​ဆယ်​တို့​ကို​သိမ်း​ယူ၍၊ သား​နှစ်​ဆယ်​ရှစ်​ယောက်၊ သ​မီး​ခြောက်​ဆယ်​တို့​ကို ရ​သည်​တွင်၊ အ​ဗ​ရှ​လုံ​သ​မီး​မာ​ခါ​ကို အ​ခြား​သော​ခင်​ပွန်း မောင်း​မ​မိဿံ​အ​ပေါင်း​တို့​ထက် သာ၍​ချစ်​သော​ကြောင့်၊ 22မာ​ခါ၏​သား အ​ဘိ​ယ​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​မည်​အ​ကြံ​ရှိ၍၊ ညီ​အစ်​ကို​တို့​တွင်၊ အ​ကြီး​ဆုံး​ဖြစ်​စေ​ခြင်း​ငှာ ချီး​မြှောက်​လေ၏။ 23ပ​ညာ​သ​တိ​နှင့်​စီ​ရင်၍၊ ယု​ဒ​ခ​ရိုင်​နှ​င့် ဗင်္ယာ​မိန်​ခ​ရိုင် အ​ရပ်​ရပ်​တို့​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ မိ​မိ​သား​တို့​ကို အ​နှံ့​အ​ပြား​နေ​ရာ​ချ၍၊ များ​စွာ​သော​ရိ​က္ခာ​ကို သို​ထား၏။ မ​ယား​အ​များ​တို့​ကို အ​လို​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ