YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 30:1-8

၁ ဓမ္မရာဇဝင် 30:1-8 JBMLE

သုံး​ရက်​လွန်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည် တောင်​ပြည်​နှင့် ဇိ​က​လတ်​မြို့​ကို တိုက်​သ​ဖြင့်၊ ဇိ​က​လတ်​မြို့​ကို လုပ်​ကြံ၍ မီး​ရှို့​နှင့်​ကြ​ပြီ။ မြို့၌​ရှိ​သော မိန်း​မ​အ​ကြီး​အ​ငယ် တစ်​ယောက်​ကို​မျှ မ​သတ်၊ ရှိ​သ​မျှ​တို့​ကို သိမ်း​သွား​နှင့်​ကြ​ပြီ။ သို့​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​ကို​မီး​ရှို့၍ မ​ယား​သား​သ​မီး​များ​ကို သိမ်း​သွား​ကြောင်း​ကို တွေ့​သ​ဖြင့်၊ ငို​သံ​ကို​လွှင့်၍ အား​ကုန်​သည်​တိုင်​အောင် ငို​ကြွေး​ကြ၏။ ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက် ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား က​ရမေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​သည်​လည်း ပါ​သွား​ကြ​ပြီ။ ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊ သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊