YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 30

30
အာ​မ​လက်​တို့​နှ​င့်​စစ်​ဖြစ်​ခြင်း
1သုံး​ရက်​လွန်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည် တောင်​ပြည်​နှင့် ဇိ​က​လတ်​မြို့​ကို တိုက်​သ​ဖြင့်၊ ဇိ​က​လတ်​မြို့​ကို လုပ်​ကြံ၍ မီး​ရှို့​နှင့်​ကြ​ပြီ။ 2မြို့၌​ရှိ​သော မိန်း​မ​အ​ကြီး​အ​ငယ် တစ်​ယောက်​ကို​မျှ မ​သတ်၊ ရှိ​သ​မျှ​တို့​ကို သိမ်း​သွား​နှင့်​ကြ​ပြီ။ 3သို့​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​ကို​မီး​ရှို့၍ မ​ယား​သား​သ​မီး​များ​ကို သိမ်း​သွား​ကြောင်း​ကို တွေ့​သ​ဖြင့်၊ 4ငို​သံ​ကို​လွှင့်၍ အား​ကုန်​သည်​တိုင်​အောင် ငို​ကြွေး​ကြ၏။ 5ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက် ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား က​ရမေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​သည်​လည်း ပါ​သွား​ကြ​ပြီ။#၁​ရာ၊ ၂၅:၄၂-၄၃။ 6ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊ 7သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။#၁​ရာ၊ ၂၂:၂၀-၂၃။ 8ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 9ဒါ​ဝိဒ်​နှင့် သူ၌​ပါ​သော လူ​ခြောက်​ရာ​တို့​သည် သွား၍ ဗေ​သော်​ချောင်း​သို့ ရောက်​သော​အ​ခါ၊ အ​ချို့​တို့​သည် ထို​ချောင်း​နား​မှာ နေ​ရစ်​ကြ၏။ 10ဒါ​ဝိဒ်​နှင့် လူ​လေး​ရာ​တို့​သည် လိုက်​ကြ၏။ နှစ်​ရာ​တို့​သည်​မော၍ ဗေ​သော်​ချောင်း​ကို​မ​ကူး​နိုင်​သော​ကြော​င့် နေ​ရစ်​ကြ၏။ 11လွင်​ပြင်၌ အဲ​ဂု​တ္တု လူ​တစ်​ယောက်​ကို​တွေ့၍ ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​သ​ဖြင့်၊ မုန့်​ကို​ပေး၍ ထို​သူ​သည်​စား၏။ ရေ​ကို​လည်း သောက်​စေ​ကြ၏။ 12သင်္ဘော​သ​ဖန်း​သီး​ပျဉ် တစ်​ဖဲ့၊ စ​ပျစ်​သီး​နှစ်​ပြွတ်​ကို​လည်း ပေး၍ သူ​သည်​စား​သ​ဖြင့် အား​ပြည့်​ပြန်၏။ သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ ငတ်​မွတ်​ခဲ့​ပြီ။ 13ဒါ​ဝိဒ်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​လျှင်၊ ကျွန်​တော်​သည် အာ​မ​လက်​လူ​ထံ၌ ကျွန်​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​က​လေး​ဖြစ်​ပါ၏။ သုံး​ရက်​အ​ထက်​က အ​နာ​ရောက်​သော​ကြောင့် သ​ခင်​သည် ပစ်​ထား​ပါ၏။ 14ခေ​ရ​သိ​ပြည်​တောင်​ပိုင်း၊ ယု​ဒ​ပြည်​နှင့် ကာ​လက်​ပြည်​တောင်​ပိုင်း​ကို တိုက်၍ ဇိ​က​လတ်​မြို့​ကို မီး​ရှို့​ပါ​ပြီ​ဟု​ပြော​ဆို၏။ 15ဒါ​ဝိဒ်​က​လည်း၊ ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​နိုင်​သ​လော​ဟု မေး​လျှင် သူ​က၊ ကိုယ်​တော်​သည် ကျွန်​တော်​ကို မ​သတ်၊ သ​ခင့်​လက်​သို့ မ​အပ်​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ကျိန်​ဆို​ပါ​တော့။ သို့​ပြု​လျှင် ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။
16လူ​က​လေး​သည် လမ်း​ပြ၍ ဒါ​ဝိဒ်​ရောက်​သော​အ​ခါ၊ ထို​လူ​များ​တို့​သည် ဖိ​လိ​တ္တိ​ပြည်​နှင့် ယု​ဒ​ပြည်​ထဲ​က​သိမ်း​ယူ​သော ဥ​စ္စာ​ပ​စ္စည်း​များ​အ​ပေါင်း​တို့​ကြောင့် စား​သောက်​လျက်၊ က​ခုန်​လျက် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ 17ဒါ​ဝိဒ်​သည်​လည်း ညဉ့်​ဦး​မှ​စ၍ နက်​ဖြန်​ညဉ့်​ဦး​တိုင်​အောင် သူ​တို့​ကို​လုပ်​ကြံ​သ​ဖြင့်၊ ကု​လား​အုတ်​ကို စီး၍​ပြေး​သော လု​လင်​လေး​ရာ​မှ​တစ်​ပါး လူ​တစ်​ယောက်​မျှ မ​လွတ်။ 18အာ​မ​လက်​လူ​တို့​သည် သိမ်း​သွားသ​မျှ​တို့​ကို ဒါ​ဝိဒ်​သည်​ရ​ပြန်၍၊ မိ​မိ​မ​ယား​နှစ်​ယောက်​ကို​လည်း ကယ်​နုတ်​လေ၏။ 19လူ​အ​ကြီး​အ​ငယ်၊ သား​သ​မီး၊ ဥ​စ္စာ​ပ​စ္စည်း၊ လု​ယူ​သိမ်း​သွား​သ​မျှ​တို့​တွင် တစ်​စုံ​တစ်​ခု​မျှ​မ​ကျန်၊ အ​လုံး​စုံ​တို့​ကို ဒါ​ဝိဒ်​သည် ရ​ပြန်​လေ၏။ 20ဒါ​ဝိဒ်​သည်​လည်း ထို​သိုး​နွား​များ​ရှေ့​မှာ အ​ရင်​နှင်​သော သိုး​နွား​အ​ပေါင်း​တို့​ကို​လည်း ယူ၍၊ ဤ​ဥ​စ္စာ​သည် ဒါ​ဝိဒ်​ပိုင်​သော လက်​ရ​ဥ​စ္စာ​ဖြစ်​သည်​ဟု ဆို၏။
21မော၍ ဒါ​ဝိဒ်​နောက်​သို့ မ​လိုက်​နိုင်၊ ဗေ​သော်​ချောင်း​နား​မှာ နေ​ရစ်​သော လူ​နှစ်​ရာ​ရှိ​ရာ​သို့ ဒါ​ဝိဒ်​ရောက်၍၊ သူ​တို့​သည် ဒါ​ဝိဒ်​နှင့် သူ့၌​ပါ​သော​လူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​လို​သော​ငှာ ထွက်​လာ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် အ​နီး​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နှုတ်​ဆက်​လေ၏။ 22ဒါ​ဝိဒ်​နှင့် လိုက်​သွား​သော​သူ​တို့​တွင် အ​ဓ​မ္မ​လူ​ဆိုး​များ​တို့​က၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့်​မ​လိုက်​သော​ကြောင့်၊ ငါ​တို့​ရ​သော ဥ​စ္စာ​တို့​တွင် သူ​တို့​သား​မ​ယား​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ကို သူ​တို့​အား​မ​ပေး​ရ။ ကိုယ်​သား​မ​ယား​ကို ယူ၍ ထွက်​သွား​ကြ​စေ​ဟု ဆို​ကြ၏။ 23ဒါ​ဝိဒ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့ ငါ​တို့​ကို စောင့်​မ၍ ငါ​တို့​ကို​တိုက်​လာ​သော အ​လုံး​အ​ရင်း​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ဥ​စ္စာ​ကို ထို​သို့​မ​ပြု​ရ။ 24ဤ​အ​မှု၌ သင်​တို့​စ​ကား​ကို အ​ဘယ်​သူ နား​ထောင်​လိမ့်​မည်​နည်း။ စစ်​တိုက်​သွား​သော​သူ ရ​သည်​အ​တိုင်း၊ ဥ​စ္စာ​ကို​စောင့်​လျက် နေ​ရစ်​သော​သူ ရ​စေ။ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​ခံ​စေ​ဟု စီ​ရင်၏။ 25ထို​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး၌ ထို​သို့​သော ထုံး​စံ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​ထုံး​ဖွဲ့​သ​တည်း။
26ဒါ​ဝိဒ်​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ လက်​ရ​ဥ​စ္စာ​အ​ချို့​ကို မိ​မိ​အ​ဆွေ​ခင်​ပွန်း၊ ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ထံ​သို့ ပေး​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန်​သူ​လက်​မှ​ရ​ခဲ့​သော ဥ​စ္စာ​ထဲ​က သင်​တို့​အ​ဖို့​လက်​ဆောင်​ကို ကြည့်​လော့​ဟု​မှာ​လိုက်၏။ 27ဗေ​သ​လ​မြို့၊ တောင်​ရာ​မုတ်​မြို့၊ ယ​တ္တိ​ယ​မြို့၊ 28အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ 29ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​လူ နေ​ရာ​မြို့​များ၊ ကေ​နိ​လူ နေ​ရာ​မြို့​များ၊ 30ဟော​မာ​မြို့​များ၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊ 31ဟေ​ဗြုန်​မြို့​မှ​စ၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တည်း​ခို​တတ်​သော မြို့​ရွာ​အ​ရပ်​ရပ်​သို့ ပေး​လိုက်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ