YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 30:1-8

၁ ဓမ္မရာဇဝင် 30:1-8 Judson Bible (JBMLE)

သုံး​ရက်​လွန်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည် တောင်​ပြည်​နှင့် ဇိ​က​လတ်​မြို့​ကို တိုက်​သ​ဖြင့်၊ ဇိ​က​လတ်​မြို့​ကို လုပ်​ကြံ၍ မီး​ရှို့​နှင့်​ကြ​ပြီ။ မြို့၌​ရှိ​သော မိန်း​မ​အ​ကြီး​အ​ငယ် တစ်​ယောက်​ကို​မျှ မ​သတ်၊ ရှိ​သ​မျှ​တို့​ကို သိမ်း​သွား​နှင့်​ကြ​ပြီ။ သို့​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​ကို​မီး​ရှို့၍ မ​ယား​သား​သ​မီး​များ​ကို သိမ်း​သွား​ကြောင်း​ကို တွေ့​သ​ဖြင့်၊ ငို​သံ​ကို​လွှင့်၍ အား​ကုန်​သည်​တိုင်​အောင် ငို​ကြွေး​ကြ၏။ ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက် ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား က​ရမေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​သည်​လည်း ပါ​သွား​ကြ​ပြီ။ ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊ သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

၁ ဓမ္မရာဇဝင် 30:1-8 Common Language Bible (BCL)

နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊- အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။ ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊- အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။- ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။ ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။- ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။- ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

၁ ဓမ္မရာဇဝင် 30:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သုံး​ရက်​မြောက်​သော​နေ့​တွင် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ဇိကလတ်​မြို့​သို့ ပြန်ရောက်​လာ​ကြ​၏​။ ထို​အချိန်​တွင် အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​နှင့် ဇိကလတ်​မြို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို တိုက်ခိုက်​မီး​ရှို့​ကာ ထို​မြို့​ရှိ မိန်းမ​များ​နှင့် လူကြီး​လူငယ်​အားလုံး​ကို ဖမ်းဆီး​ပြီး တစ်ယောက်​ကို​မျှ မ​သတ်​ဘဲ သူ​တို့​နှင့်အတူ ခေါ်ဆောင်​သွား​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ မြို့​သို့​ပြန်ရောက်​ချိန်​တွင် မြို့​မှာ မီးရှို့ဖျက်ဆီး​ထား​ခြင်း​ခံရ​သည်​ကို တွေ့ရှိ​ရ​၏​။ သူ​တို့​၏​ဇနီး​နှင့် သား​သမီး​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​ဖြစ်​သောကြောင့် ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။ ဒါဝိဒ်​၏​မယား​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော ကရမေလ​မြို့သူ အဘိဂဲလ​တို့​သည်​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​အတွက် စိတ်သောက​ရောက်​လျက် ဒါဝိဒ်​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​သဖြင့် ဒါဝိဒ်​မှာ အလွန်​စိတ်ဒုက္ခ​ရောက်​ရ​လေ​၏​။ သို့သော် သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ အားယူ​လေ​၏​။ ဒါဝိဒ်​က အဟိမလက်​၏​သား ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်​ကို ငါ့​ထံ​ယူလာ​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် အဗျာသာ​သည်​လည်း ဒါဝိဒ်​ထံ ဧဖုဒ်​ကို ယူလာ​ပေး​၏​။ ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဓားပြ​တို့​နောက်သို့ လိုက်​ရ​ပါ​မည်လော​။ သူ​တို့​ကို မီ​နိုင်​ပါ​မည်လော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​လိုက်​လော့​။ အမှန်ပင်​မီ​လိမ့်မည်​။ လူ​တို့​ကို အမှန်ပင်​ကယ်တင်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။