YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 3

3
ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား​ထင်​ရှား​ခြင်း
1သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။ 2တစ်​ရံ​ရော​အ​ခါ ဧ​လိ​သည် မိ​မိ​နေ​ရာ၌ အိပ်​လျက်၊ သူ၏ မျက်​စိ​မှုန်​သော​ကြောင့် မ​မြင်​နိုင်​သည်​ကာ​လ၊ 3ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ရှိ​ရာ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ မီး​ခွက်​မ​သေ​မီ၊ ရှ​မွေ​လ​သည်​လည်း အိပ်​လျက်​ရှိ​သော​အ​ခါ၊ 4ထာ​ဝ​ရ​ဘု​ရား​သည် ရှ​မွေ​လ​ကို ခေါ်​တော်​မူ၍၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​သ​ဖြင့်၊ 5ဧ​လိ​ထံ​သို့ ပြေး၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​က ငါ​မ​ခေါ်၊ အိပ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ အိပ်​ပြန်​လေ၏။ 6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။ 7ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။ 8တ​တိ​ယ​အ​ကြိမ် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​ထ​ပြီး​လျှင် ဧ​လိ​ထံ​သို့​သွား၍ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို ခေါ်​တော်​မူ​ကြောင်း​ကို ဧ​လိ​သည်​ရိပ်​မိ​လျှင်၊ 9သင်​သွား၍ အိပ်​ဦး​တော့၊ နောက်​တစ်​ဖန်​ခေါ်​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန် ကြား​ပါ​သည်​ဟု လျှောက်​ရ​မည်​အ​ကြောင်း ရှ​မွေ​လ​ကို မှာ​ထား​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ မိ​မိ​နေ​ရာ၌ အိပ်​လေ၏။ 10ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ရှေ့​နည်း​တူ လာ​ရပ်​လျက်၊ ရှ​မွေ​လ၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​က၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကြား​ပါ​သည်​ဟု လျှောက်​လေ​သော်၊ 11ထာ​ဝ​ရ​ဘု​ရား​က၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​နှစ်​ဖက်​ခါး​စေ​ခြင်း​ငှာ၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တစ်​စုံ​တစ်​ခု​ကို​ပြု​မည်။ 12ဧ​လိ​အိမ်​သား​တို့​တစ်​ဖက်၌ ငါ​ပြော​သ​မျှ​အ​တိုင်း ထို​နေ့​တွင် ငါ​ပြု​မည်။ ပြု​စ​ရှိ​ပြီး​မှ လက်​စ​သတ်​မည်။ 13ထို​သူ၏​သား​တို့​သည် ကိုယ်​ယုတ်​မာ​သည်​တိုင်​အောင်၊ ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​သိ​သော်​လည်း ကျပ်​တည်း​စွာ​မ​ဆုံး​မ​ဘဲ နေ​သော​ကြောင့်၊ သူ၏​အိမ်​သား​တို့၌ ငါ​သည် အ​စဉ်​အ​မြဲ​ဒဏ်​ပေး​မည်​ဟု ငါ​ပြော​ပြီ။ 14ထို​ကြောင့် ဧ​လိ၏​အိမ်​သား​တို့ အ​ပြစ်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​အား​ဖြင့် မ​ဖြေ၊ အ​စဉ်​အ​မြဲ တည်​ရ​မည်​အ​ကြောင်း သူ​တို့​အား ငါ​ကျိန်​ဆို​ပြီ​ဟု မိန့်​တော်​မူ၏။
15ရှ​မွေ​လ​သည် နံ​နက်​တိုင်​အောင် အိပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​ခါး​တို့​ကို ဖွင့်​လေ၏။ မြင်​ရ​သော ရူ​ပါ​ရုံ​ကို ဧ​လိ​အား မ​ကြား​မ​ပြော​ဝံ့။ 16ဧ​လိ​က၊ ငါ့​သား​ရှ​မွေ​လ​ဟု ခေါ်​လျှင်၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​လေ၏။ 17ဧ​လိ​က​လည်း၊ အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​အား ဝှက်​မ​ထား​ပါ​နှင့်။ မိန့်​တော်​မူ​သ​မျှ တစ်​စုံ​တစ်​ခု​ကို ငါ့​အား​ဝှက်​ထား​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း​မ​က သင်၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​လေ​သော်၊ 18ရှ​မွေ​လ​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ဝှက်​မ​ထား အ​လုံး​စုံ​တို့​ကို ပြန်​ကြား၏။ ဧ​လိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​လျှင် အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော​ဟု ဝန်​ခံ​လေ၏။ 19ရှ​မွေ​လ​သည် အ​စဉ်​အ​တိုင်း​ကြီး၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ​သ​ဖြင့်၊ သူ၏​စ​ကား​တစ်​ခွန်း​မျှ ပျက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ 20သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​စစ်​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် သိ​ကြ၏။ 21ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့၌ အ​ထပ်​ထပ် ထင်​ရှား​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ရှ​မွေ​လ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။ ရှ​မွေ​လ​စ​ကား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။