YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 2

2
ဟ​န္န​၏​ဆု​တောင်း​ပ​တ္ထ​နာ
1တစ်​ဖန် ဟ​န္န​သည် ပ​တ္ထ​နာ​စ​ကား​ကို မြွက်​ဆို​သည်​ကား၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ့​ဦး​ချို​မြင့်​လျက်​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်၍၊ ရန်​သူ​တို့​အား ဝါ​ကြွား​သော​စ​ကား​ကို ပြော​ရ၏။#လု၊ ၁:၄၆-၅၅။ 2ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း။ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ 3ငါ​တို့ ဘု​ရား​သ​ခင်​ကဲ့​သို့​သော ခို​လှုံ​စ​ရာ​မ​ရှိ။ ကိုယ်​ကို​ကိုယ် မ​ချီး​မြှောက်​ကြ​နှင့်။ ဝါ​ကြွား​စော်​ကား​သော စ​ကား​ကို မ​ပြော​ကြ​နှင့်။ အ​ဓ​မ္မ​စ​ကား​ကို နှုတ်​ထဲ​က မ​ထွက်​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဗ္ဗ​ညု​တ​ဘု​ရား ဖြစ်​တော်​မူ၏။ အ​မှု​အ​ရာ​တို့​ကို ညှိ​ညွှတ်​တော်​မူ၏။ 4သူ​ရဲ​တို့ ကိုင်​သော​လေး​များ​ကျိုး​လျက်၊ လဲ​တတ်​သော​သူ​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​လျက် ရှိ​ကြ၏။ 5ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။ 6ထာ​ဝ​ရ​ဘု​ရား​သည် သေ​စေ​သော​အ​ခွင့်၊ အ​သက်​ရှင်​စေ​သော​အ​ခွင့်၊ မ​ရ​ဏနိုင်​ငံ​သို့ နှိမ့်​ချ​သော​အ​ခွင့်၊ ထ​မြောက်​စေ​သော​အ​ခွင့် ရှိ​တော်​မူ၏။ 7ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။ 8ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ 9မိ​မိ​သန့်​ရှင်း​သူ​တို့​ခြေ​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မှောင်​မိုက်၌ တိတ်​ဆိတ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​နိုင်​ရာ။ 10ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​တော်​မူ​မည်။ သူ​တို့​အ​ပေါ်၌ မိုး​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် တ​ရား​စီ​ရင်​သ​ဖြင့်၊ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ၍ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို ချီး​မြှောက်​တော်​မူ​မည်​ဟု မြွက်​ဆို၏။ 11ထို​နောက်​မှ၊ ဧ​လ​ကာ​န​သည် ရာ​မ​မြို့၌​ရှိ​သော မိ​မိ​အိမ်​သို့​သွား၍၊ သူ​ငယ်​သည် ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှေ့​တွင် အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။
ဧ​လိ​၏​သား​များ
12ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။ 13လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊ 14အိုး​အ​စ​ရှိ​သည်​တို့၌ ထိုး​ခပ်၍၊ အ​မဲ​ချိတ်​တွင် ပါ​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​တတ်၏။ ရှိ​လော​မြို့​သို့ ရောက်​လာ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား ထို​သို့​ပြု​ကြ၏။ 15ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။ 16ထို​သူ​က၊ ဆီ​ဥ​ကို​အ​ရင် မီး​ရှို့​ပါ​ရ​စေ။ နောက်​မှ ယူ​ချင်​တိုင်း​ယူ​ပါ​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး၊ ယ​ခု​ပေး​ရ​မည်။ သို့​မ​ဟုတ် အ​နိုင်​ယူ​မည်​ဟု ပြော​ဆို​တတ်၏။ 17ထို​ယဇ်​ပု​ရော​ဟိတ်​ပျို​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို လူ​များ ရွံ​စ​ရာ​ပြု​သော​ကြောင့်၊ ရှေ့​တော်၌ အ​လွန်​အ​ပြစ်​ကြီး​သော​သူ ဖြစ်​ကြ၏။
ရှိ​လော​မြို့​တွင်​ရှိ​သော​ရှ​မွေ​လ
18သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ 19နှစ်​စဉ်​ပြု​ရ​သော​ယဇ်​ကို​ပူ​ဇော်​ခြင်း​ငှာ၊ သူ၏​မိ​ဘ​သည်​ရောက်​လာ​သော​အ​ခါ၊ အ​မိ​သည် တစ်​နှစ်​မ​ပြတ် သား​အ​ဖို့ အင်္ကျီ​ငယ်​ကို​ချုပ်၍ ဆောင်​ခဲ့​တတ်၏။ 20တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊ 21ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။
ဧ​လိ​နှင့်​သူ​၏​သား​များ
22ဧ​လိ​သည် အ​သက်​အ​ရွယ်​လွန်​သော​အ​ခါ၊ သူ၏​သား​တို့​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၌ ပြု​သ​မျှ​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ စည်း​ဝေး​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​လျှင်၊ 23သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု​သော ဒု​စ​ရိုက်​တို့​ကို လူ​အ​ပေါင်း​တို့​သည် ပြော၍ ငါ​ကြား​ရ၏။ 24မ​ကောင်း​ဘူး ငါ့​သား​တို့။ ငါ​ကြား​သော သ​တင်း​သည် ကောင်း​သော​သ​တင်း​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ပြစ်​မှား​ရ​မည်​အ​ကြောင်း၊ သင်​တို့​ပြု​ကြ​သည် တ​ကား။ 25လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။ 26သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။#လု၊ ၂:၅၂။
ဧ​လိ​မိ​သား​စု​နှ​င့်​ဆိုင်​သော​ဗျာ​ဒိတ်​တော်
27ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဧ​လိ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၊ ဖာ​ရော​ဘု​ရင်​ထံ၌​နေ​ရ​သော သင့်​အ​ဘ၏​အ​မျိုး​အား​ငါ​ထင်​ရှား​သည် မ​ဟုတ်​လော။ 28ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။#ထွ၊ ၂၈:၁-၄။ ဝတ်၊ ၇:၃၅-၃၆။ 29ငါ့​အိမ်၌ ငါ​စီ​ရင်​သော​ယဇ်၊ ငါ့​ပူ​ဇော်​သ​ကာ​ကို အ​ဘယ်​ကြောင့် ခြေ​နှင့်​ကန်​သ​နည်း။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား တင်​လှူ​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​တွင်၊ အ​မြတ်​ဆုံး​သော​အ​ရာ​ကို ဝ​စွာ​စား​စေ၍၊ သင်၏​သား​တို့​ကို ငါ့​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ချီး​မြှောက်​သ​နည်း။ 30ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။ 31သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ရုံး​နှင့် သင့်​အ​ဆွေ​အ​မျိုး၏ လက်​ရုံး​ကို ငါ​ဖြတ်​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ 32ဣ​သ​ရေ​လ​အ​မျိုး​အား ငါ​ပေး​သော​စည်း​စိမ်​ရှိ​ရာ အိမ်​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ကြောင်း​ကို သင်​မြင်​ရ​လိမ့်​မည်။ သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ အ​စဉ်​မ​ရှိ​ရ။ 33ငါ၏​ယဇ်​ပ​လ္လင်​မှ ငါ​မ​ပယ်​မ​ဖြတ်​သော သင်၏​အ​မျိုး​သား​သည်၊ သင့်​မျက်​စိ​ပျက်၍ စိတ်​နာ​ကျင်​ဖို့ ရာ​ဖြစ်​လိမ့်​မည်။ သင်၏ သား​စဉ်​မြေး​ဆက်​တို့​သည် အ​သက်​ပျို​စဉ်​ပင် သေ​ရ​ကြ​လိမ့်​မည်။ 34သင်၏​သား ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့၌ ဖြစ်​စေ၍၊ သင့်​အား ငါ​ပေး​သော ပု​ပ္ပ​နိ​မိတ်​ဟူ​မူ​ကား၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​နေ့​ချင်း​တွင် သေ​လိမ့်​မည်။#၁​ရာ၊ ၄:၁၁။ 35တစ်​ဖန် ငါ့​စိတ်​နှ​လုံး​အ​လို​သို့​လိုက်၍ သ​စ္စာ​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ မြဲ​သော​အိမ်​ကို သူ့​အ​ဖို့ ငါ​ဆောက်​ပေး​သ​ဖြင့်၊ သူ​သည် ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ရှေ့​မှာ အ​စဉ်​သွား​လာ​ရ​လိမ့်​မည်။ 36သင်၏​အ​မျိုး၌ ကျန်​ကြွင်း​သော​သူ​တိုင်း သူ့​ထံ​သို့​လာ၍၊ ကျွန်​တော်​သည် မုန့်​အ​နည်း​ငယ်​ကို စား​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​တစ်​စုံ​တစ်​ခု၌ ကျွန်​တော်​ကို စေ​ခိုင်း​ပါ​လော့​ဟု ငွေ​စ၊ မုန့်​စ​ကို​ရ​လို​သော​ငှာ၊ ရှိ​ခိုး​လျက် တောင်း​ပန်​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။