YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 4

4
ရန်​သူ​လက်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ​ရောက်​ရှိ
1တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ဧ​ဗ​နေ​ဇာ​မြို့​နား​မှာ တပ်​ချ​လျက်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် အာ​ဖက်​မြို့၌ တပ်​ချ​လျက်​နေ​ကြ၏။ 2ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​ခင်း​ကျင်း၍ တိုက်​ကြ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​ရှုံး၍ ရန်​သူ​လက်​တွင် သူ​ရဲ​လေး​ထောင်​ခန့်​မျှ သေ​ကြ၏။ 3လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊ 4လူ​များ​တို့​သည် ရှိ​လော​မြို့​သို့ လူ​ကို​စေ​လွှတ်၍၊ ခေ​ရု​ဗိမ်​စပ်​ကြား​မှာ​နေ​သော ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​အ​တူ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် ပါ​ကြ၏။#ထွ၊ ၂၅:၂၂။ 5ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် တပ်​ထဲ​သို့ ရောက်​သော​အ​ခါ၊ မြေ​ကြီး​အ​သံ မြည်​သည်​တိုင်​အောင် တပ်​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​ကြ၏။ 6ကြွေး​ကြော်​သံ​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဟေ​ဗြဲ​တပ်၌​ပြု​သော ကြွေး​ကြော်​သံ​ကြီး​ကား အ​ဘယ်​သို့​နည်း​ဟု မေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ထို​တပ်​ထဲ​သို့​ရောက်​ကြောင်း​ကို သိ​ကြ၏။ 7ဖိ​လိ​တ္တိ​လူ​တို့​သည် ကြောက်၍၊ ဘု​ရား​သ​ခင်​သည် ဟေ​ဗြဲ​တပ်​ထဲ​သို့ ရောက်​လေ​ပြီ​တ​ကား။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တစ်​ခါ​မျှ ဤ​သို့ မ​ဖြစ်​စ​ဖူး။ 8ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တန်​ခိုး​ကြီး​သော ဤ​ဘု​ရား​သ​ခင်၏​လက်​မှ ငါ​တို့​ကို အ​ဘယ်​သူ ကယ်​တင်​လိမ့်​မည်​နည်း။ တော၌ အဲ​ဂု​တ္တု​လူ​တို့​ကို ဘေး​အ​ပေါင်း​နှင့် ဒဏ်​ခတ်​သော​ဘု​ရား​ကား၊ အ​ခြား​မ​ဟုတ် ဤ​ဘု​ရား​ပေ​တည်း။ 9အို ဖိ​လိ​တ္တိ​လူ​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် သင်​တို့​ထံ၌ ကျွန်​ခံ​ရ​သ​ကဲ့​သို့၊ သူ​တို့​ထံ၌ ငါ​တို့​သည် ကျွန်​မ​ခံ​ရ​မည်​အ​ကြောင်း၊ အား​ယူ၍ ယောက်ျား​ပြု​ကြ​လော့။ ယောက်ျား​ပြု၍ တိုက်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။ 10ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှုံး​ပြန်၍၊ လူ​တိုင်း မိ​မိ​နေ​ရာ​သို့ ပြေး​လေ၏။ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ဖြစ်၍၊ ဣ​သ​ရေ​လ ခြေ​သည်​သူ​ရဲ သုံး​သောင်း​တို့​သည် သေ​ကြ၏။ 11ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်၍၊ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် အ​သက်​ဆုံး​လေ၏။
ဧ​လိ​ကွယ်​လွန်​ခြင်း
12ဗင်္ယာ​မိန် အ​မျိုး​သား​တစ်​ယောက်​သည်၊ စစ်​တိုက်​ရာ​ထဲ​က ပြေး​လာ၍၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ထို​နေ့​ချင်း​တွင် ရှိ​လော​မြို့​သို့ ရောက်​လေ၏။ 13ရောက်​သော​အ​ခါ၊ ဧ​လိ​သည် လမ်း​နား၌ ခုံ​ပေါ်​မှာ​ထိုင်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​အ​တွက် စိတ်​နှ​လုံး​တုန်​လှုပ်​လျက် စောင့်​နေ၏။ ပြေး​သော​သူ​သည် မြို့​ထဲ​သို့​ရောက်၍ သ​တင်း​ပြော​သ​ဖြင့်၊ တစ်​မြို့​လုံး အော်​ဟစ်​ကြ၏။ 14အော်​ဟစ်​သံ​ကို ဧ​လိ​ကြား​သော်၊ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ထို​သူ​သည် အ​လျင်​အ​မြန်​လာ၍ ဧ​လိ​အား​လျှောက်​လေ၏။ 15ထို​အ​ခါ ဧ​လိ​သည် အ​သက် ကိုး​ဆယ်​ရှစ်​နှစ်​ရှိ၍ မျက်​စိ​မ​မြင်​နိုင်​အောင် မျက်​ကြော​သေ​နှင့်​ပြီ။ 16ပြေး​သော​သူ​က၊ အ​ကျွန်ုပ်​သည် စစ်​တိုက်​ရာ​မှ ရောက်​လာ​သော​သူ ဖြစ်​ပါ၏။ စစ်​တိုက်​ရာ​ထဲ​က ယ​နေ့ အ​ကျွန်ုပ်​ပြေး၍ လာ​ပါ၏​ဟု လျှောက်​လျှင်၊ ဧ​လိ​က၊ ငါ့​သား၊ အ​မှု​ကား​အ​ဘယ်​သို့​နည်း​ဟု​မေး​လေ​သော်၊ 17တ​မန်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ​ပြေး၍ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ကို ခံ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​သား၊ ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့​သည် သေ​ပါ​ပြီ။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။ 18ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော် သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဧ​လိ​သည် တံ​ခါး​နား​မှာ​ထိုင်​သော ခုံ​ပေါ်​က နောက်​သို့​လန်​ကျ​သ​ဖြင့်၊ လည်​ပင်း​ကျိုး၍ သေ​လေ၏။ အ​သက်​ကြီး၍ ကိုယ်​လေး​သော​သူ ဖြစ်၏။ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​လေး​ဆယ် အုပ်​စိုး​သ​တည်း။
ဖိ​န​ဟတ်​၏​မ​ယား​ကွယ်​လွန်​ခြင်း
19သူ၏​ချွေး​မ ဖိ​န​ဟတ်၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၍ အ​ချိန်​နီး​လျက်၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်​ကြောင်း၊ ယော​က္ခ​မ​နှင့်​လင် သေ​ကြောင်း​ကို​ကြား​သော​အ​ခါ၊ ကျော​ကုန်း၍ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ချက်​ချင်း​ခံ​ရ၏။ 20သေ​လု​သော​အ​ခါ အ​နား​မှာ​ရှိ​သော မိန်း​မ​တို့​က၊ မ​စိုး​ရိမ်​နှင့်။ သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ဆို​သော်​လည်း ပြန်​မ​ပြော၊ အ​မှု​မ​ထား​ဘဲ​နေ၏။ 21တစ်​ဖန် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့ ရောက်​သော​ကြောင့်​လည်း​ကောင်း၊ မိ​မိ​ယော​က္ခ​မ​နှင့် လင်​အ​မှု​ကြောင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ဘုန်း​အ​သ​ရေ​ပျောက်​ခဲ့​ပြီ​ဟု​ဆို​လျက်၊ ထို​သူ​ငယ်​ကို ဣ​ခ​ဗုဒ် အ​မည်​ဖြင့်​မှည့်၍၊ 22ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့ ရောက်​သော​ကြောင့်၊ ဣ​သ​ရေ​လ ဘုန်း​အ​သ​ရေ ပျောက်​ခဲ့​ပြီ​ဟု ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ