YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 24

24
ရှော​လု​၏​အ​သက်​ကို​ချမ်း​သာ​ပေး​ခြင်း
1ရှော​လု​သည်​လည်း ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် အင်္ဂေ​ဒိ​တော၌ ရှိ​ပါ၏​ဟု ကြား​လျှောက်​ကြ​လျှင်၊ 2ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​တွင် ရွေး​ကောက်​သော လူ​သုံး​ထောင်​တို့​ကို​ခေါ်၍၊ တော​ဆိတ်​နေ​ရာ ကျောက်​တောင်​တို့​အ​ပေါ်​မှာ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ရှာ​အံ့​သော​ငှာ သွား​လေ၏။ 3လမ်း​နား​မှာ သိုး​ခြံ​ရှိ​ရာ​သို့​ရောက်၍ ဥ​မင်​ကို​တွေ့​သ​ဖြင့်၊ ရှော​လု​သည် အိပ်​မည်​ဟု ဝင်​လေ၏။ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် ထို​ဥ​မင်​နံ​ဘေး တစ်​ဖက်​တစ်​ချက်၌ နေ​ကြ၏။#ဆာ၊ ၅၇ ခေါင်း​စဉ်။ ဆာ၊ ၁၄၂ ခေါင်း​စဉ်။ 4ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​ကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်​ဟု ကိုယ်​တော်​အား အ​မိန့်​ပေး​တော်​မူ​သော​နေ့​ရက် ရောက်​ပါ​ပြီ​ဟု ဆို​ကြ​လျှင်၊ ဒါ​ဝိဒ်​သည်​ထ၍ ရှော​လု​ဝတ်​လျက်​ရှိ​သော အင်္ကျီ​အောက်​ပိုင်း​ကို တိတ်​ဆိတ်​စွာ လှီး​ဖြတ်​လေ၏။ 5ထို​သို့ ရှော​လု၏​အင်္ကျီ​ကို လှီး​ဖြတ်​မိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် နောက်​တစ်​ဖန် နောင်​တ​ရ၍၊ 6ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ကို​ခံ​ရ​သော ငါ့​အ​ရှင်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သူ​ဖြစ်​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု မိ​မိ​လူ​တို့​အား​ဆို​သ​ဖြင့်၊#၁​ရာ၊ ၂၆:၁၁။ 7ရှော​လု​ကို​ထိ​ခိုက်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး မြစ်​တား​လေ၏။ ရှော​လု​သည်​လည်း ထ၍ ဥ​မင်​ထဲ​က ထွက်​သွား​လေ၏။ 8ထို​နောက် ဒါ​ဝိဒ်​သည်​ထ၍ ဥ​မင်​ထဲ​က​ထွက်​လျက်၊ ကျွန်​တော်၏​သ​ခင်​အ​ရှင်​မင်း​ကြီး​ဟု ရှော​လု​နောက်၌ ဟစ်​သ​ဖြင့်၊ ရှော​လု​သည် နောက်​သို့​ကြည့်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် မြေ​ပေါ်၌ ဦး​ချ၍ ပျပ်​ဝပ်​လျက်၊ 9ဒါ​ဝိဒ်​သည် ကိုယ်​တော်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သည်​ဟု လူ​အ​ချို့​ပြော​သော​စ​ကား​ကို အ​ဘယ်​ကြောင့် နား​ထောင်​တော်​မူ​သ​နည်း။ 10ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဥ​မင်​ထဲ​မှာ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​ကြောင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို​သတ်​စေ​ခြင်း​ငှာ အ​ချို့​တို့​သည် တိုက်​တွန်း​သော်​လည်း၊ ကျွန်​တော်​သည် နှ​မြော​သော​စိတ်​ရှိ၍၊ ငါ့​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ခံ​သူ ဖြစ်​တော်​မူ​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​သည် လက်​ကို​မ​ဆန့်​ဟု အ​ကြံ​ရှိ​ပါ၏။ 11ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။ 12ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​အား ပြစ်​မှား​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။ 13ရှေး​ပုံ​စ​ကား​လာ​သည်​အ​တိုင်း၊ ဆိုး​သော​သူ​လက်​မှ ဆိုး​သော​အ​မှု​ထွက်​တတ်၏။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။ 14ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ဘယ်​သူ၏​အ​တွက်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ကို​လိုက်၍ ရှာ​တော်​မူ​သ​နည်း။ ခွေး​သေ​ကောင်​ကို လိုက်၍ ရှာ​တော်​မူ​သ​လော။ ခွေး​လှေး​ကို လိုက်၍​ရှာ​တော်​မူ​သ​လော။#၁​ရာ၊ ၂၆:၂၀။ 15သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကြည့်​ရှု၍ ကျွန်​တော်​အ​မှု​ကို​စောင့်​သ​ဖြင့်၊ ကျွန်​တော်​ကို ကိုယ်​တော်​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ရှော​လု​အား လျှောက်​ဆို၏။ 16ထို​သို့​ဒါ​ဝိဒ်​သည် ရှော​လု​အား အ​ကုန်​အ​စင်​လျှောက်​ဆို​ပြီး​မှ၊ ရှော​လု​က ငါ့​သား​ဒါ​ဝိဒ်၊ ငါ​ကြား​သော စ​ကား​သံ​သည် သင့်​စ​ကား​သံ​လော​ဟု​မေး​လျှင် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ 17တစ်​ဖန်​လည်း၊ သင်​သည် ငါ့​ထက်​သာ၍ တ​ရား​စောင့်၏။ သင့်​အ​ကျိုး​ကို ငါ​ဖျက်​သော်​လည်း၊ သင်​သည် ငါ၌ အ​ကျိုး​ကျေး​ဇူး​ပြု​ပြီ။ 18ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။ 19လူ​သည် ရန်​သူ​ကို​တွေ့​လျှင် ချမ်း​သာ​စွာ လွှတ်​လိမ့်​မည်​လော။ သို့​ဖြစ်၍ သင်​သည် ငါ၌​ယ​နေ့​ပြု​သော​ကျေး​ဇူး​ကို ထာ​ဝ​ရ​ဘု​ရား ဆပ်​တော်​မူ​ပါ​စေ​သော။ 20ယ​ခု​မှာ​သင်​သည် စင်​စစ် ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဣ​သ​ရေ​လ​နိုင်​ငံ​သည် သင့်​လက်၌​တည်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ငါ​အ​မှန်​သိ၏။ 21သို့​ဖြစ်၍ သင်​သည် ငါ၏​သား​စဉ်​မြေး​ဆက်​တို့​ကို မ​သုတ်​သင်၊ ငါ့​အ​ဆွေ​အ​မျိုး​ထဲ​က ငါ၏​နာ​မ​ကို မ​ပယ်​ရှင်း​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ခြင်း​ကို ပြု​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ၊ 22ဒါ​ဝိဒ်​သည် ရှော​လု​အား ကျိန်​ဆို​ခြင်း​ကို​ပြု၍ ရှော​လု​သည် မိ​မိ​နေ​ရာ​သို့ သွား၏။ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည်​လည်း ခိုင်​ခံ့​သော​အ​ရပ်​သို့ သွား​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ