YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 23

23
ကိ​လ​မြို့​ကို​ဒါ​ဝိဒ်​ကယ်​တင်​ခြင်း
1ဖိ​လိ​တ္တိ​လူ​တို့​သည် ကိ​လ​မြို့​ကို​တိုက်၍ ကောက်​နယ်​တ​လင်း​တို့​ကို လု​ယူ​ကြောင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ 2အ​ကျွန်ုပ်​သည် ထို​ဖိ​လိ​တ္တိ​လူ​တို့​ကို သွား၍ လုပ်​ကြံ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ၍ ကိ​လ​မြို့​ကို ကယ်​တင်​လော့​ဟု ဒါ​ဝိဒ်​အား​မိန့်​တော်​မူ၏။ 3ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ငါ​တို့​သည် ယု​ဒ​ပြည်၌​ပင် ကြောက်​ကြ၏။ ထို​မျှ​မ​က ကိ​လ​မြို့​သို့​ရောက်၍ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ​တို့​နှင့် စစ်​ပြိုင်​သော​အ​ခါ သာ၍ ကြောက်​စ​ရာ​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။ 4တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 5ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ကိ​လ​မြို့​သို့​သွား၍ ဖိ​လိ​တ္တိ​လူ​တို့​နှင့်​တိုက်​သ​ဖြင့်၊ ထို​သူ​တို့၏ တိ​ရ​စ္ဆာန်​များ​ကို​ယူ၍ သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်​ကြ၏။ ထို​သို့​ဒါ​ဝိဒ်​သည် ကိ​လ​မြို့​ကို ကယ်​တင်​လေ၏။ 6အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။
7ဒါ​ဝိဒ်​သည် ကိ​လ​မြို့​သို့​ရောက်​ကြောင်း​ကို ရှော​လု​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​ငါ့​လက်​သို့ အပ်​တော်​မူ​ပြီ။ တံ​ခါး​နှင့် ကန့်​လန့်​ကျင်​ရှိ​သော မြို့​ထဲ​သို့​ဝင်​သ​ဖြင့်၊ အ​ချုပ်​ခံ​လျက် နေ​ရ​သည်​ဟု ဆို​လျက်၊ 8ကိ​လ​မြို့​သို့​စစ်​ချီ၍ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း​ထား​ခြင်း​ငှာ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။ 9ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။ 10ထို​အ​ခါ ဒါ​ဝိဒ်​က၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု​သည် ကိ​လ​မြို့​သို့​လာ၍ ကိုယ်​တော်၏​ကျွန်​အ​တွက်​ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​သည်​ကို ဆက်​ဆက်​ကြား​ပါ၏။ 11ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို သူ၏​လက်၌​အပ်​ကြ​ပါ​လိမ့်​မည်​လော။ ကိုယ်​တော်၏ ကျွန်​ကြား​သည်​အ​တိုင်း ရှော​လု​သည် လာ​ပါ​လိမ့်​မည်​လော။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​အား အ​မိန့်​ရှိ​တော်​မူ​မည်​အ​ကြောင်း​တောင်း​ပန်​ပါ၏​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​သည် လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 12တစ်​ဖန် ဒါ​ဝိဒ်​က၊ ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​ကို ရှော​လု​လက်​သို့ အပ်​ကြ​လိမ့်​မည်​လော​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အပ်​ကြ​ပါ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 13ထို​အ​ခါ ဒါ​ဝိဒ်​သည် ခြောက်​ရာ​ခန့်​ရှိ​သော မိ​မိ​လူ​တို့​နှင့်​ထ၍ ကိ​လ​မြို့​မှ ထွက်​ပြီး​လျှင်၊ သွား​နိုင်​ရာ​အ​ရပ်​ရပ်​သို့ သွား​ကြ၏။ ဒါ​ဝိဒ်​သည် ကိ​လ​မြို့​မှ အ​လွတ်​ပြေး​ကြောင်း​ကို ရှော​လု​သည်​ကြား၍ ကိုယ်​တိုင်​မ​သွား​ဘဲ​နေ၏။
တော​ကြို​တောင်​ကြား​သို့​ဒါ​ဝိဒ်​ရောက်​ခြင်း
14ဒါ​ဝိဒ်​သည် ဇိ​ဖ​တောင်​အ​စ​ရှိ​သော တော​ကြို​တောင်​ကြား​တို့၌ နေ၍၊ ရှော​လု​သည် နေ့​တိုင်း​ရှာ​သော်​လည်း သူ၏​လက်၌ ဒါ​ဝိဒ်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မ​မူ။ 15တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​သည် ဇိ​ဖ​တော​အုပ်၌​ရှိ၍၊ သူ၏​အ​သက်​ကို သတ်​မည်​ဟု ရှော​လု​လာ​သည်​ကို သိ​သော​အ​ခါ၊ 16ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊ 17မ​စိုး​ရိမ်​နှင့်။ သင်​သည် ကျွန်ုပ်​အ​ဘ ရှော​လု၏​လက်​မှ​လွတ်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်။ ကျွန်ုပ်​သည်​လည်း သင့်​အောက်​မှာ အ​ရာ​ကြီး​လိမ့်​မည်။ ထို​သို့​ဖြစ်​မည်​ကို ကျွန်ုပ်​အ​ဘ​ရှော​လု​သိ​သည်​ဟု ဆို​သ​ဖြင့်၊ 18ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ဋိ​ညာဉ်​ဖွဲ့​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည် တော​အုပ်၌​နေ၍ ယော​န​သန်​သည် မိ​မိ​အိမ်​သို့​သွား၏။#၁​ရာ၊ ၁၈:၃။
19တစ်​ဖန် ဇိ​ဖ​သား​တို့​သည် ရှော​လု​ရှိ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍၊ ဒါ​ဝိဒ်​သည် ကျွန်​တော်​တို့​နေ​ရာ ယေ​ရှိ​မုန်​မြို့​တောင်​ဘက်​မှာ၊ ဟ​ခိ​လ​တော​ကြို​တောင်​ကြား၌ ပုန်း​လျက်​နေ​သည်​ဖြစ်၍၊#ဆာ၊ ၅၄ ခေါင်း​စဉ်။ 20အ​ရှင်​မင်း​ကြီး​ကြွ​ချင်​သော စိတ်​အား​ကြီး​သည်​အ​တိုင်း ကြွ​တော်​မူ​ပါ။ ထို​သူ​ကို အ​ရှင်​မင်း​ကြီး​လက်​တော်​သို့ အပ်​သော​အ​မှု​သည် ကျွန်​တော်​တို့​တာ​ရှိ​ပါ​စေ​ဟု လျှောက်​လျှင်၊ 21ရှော​လု​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ပါ​စေ​သော။ သင်​တို့​သည် ငါ့​ကို​သ​နား​ကြ​ပြီ။ 22ယ​ခု​သွား၍ ပြင်​ဆင်​ကြ​လော့။ သူ​ပုန်း​ရှောင်၍ နေ​ရာ​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ မြင်​ပြီး​သည်​ကို​လည်း​ကောင်း စူး​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​လိ​မ္မာ​သည်​ကို ငါ​ကြား၏။ 23ထို​ကြောင့် သူ​ပုန်း​ရှောင်​ခို​လှုံ​ရာ အ​ရပ်​ရပ်​တို့​ကို သေ​ချာ​စွာ​ကြည့်​ရှု​သိ​မှတ်​ပြီး​မှ၊ ငါ့​ထံ​သို့ တစ်​ဖန်​လာ​ကြ​လျှင်၊ သင်​တို့​နှင့် အ​တူ​ငါ​လိုက်​မည်။ သူ​သည် ထို​ပြည်၌​ရှိ​လျှင်၊ ယု​ဒ​အ​မျိုး​သား အ​ထောင်​အ​သောင်း​တို့​တွင် ငါ​ရှာ၍​ထုတ်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊ 24သူ​တို့​သည်​ထ၍ ရှော​လု​အ​ရင် ဇိ​ဖ​တော​သို့​သွား​ကြ၏။ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မော​န​တော၊ ယေ​ရှိ​မုန်​မြို့ တောင်​ဘက်​လွင်​ပြင်၌ ရှိ​ကြ၏။ 25ရှော​လု​သည်​လည်း လူ​များ​နှင့်​တ​ကွ လာ၍​ရှာ​သည်​ကို ဒါ​ဝိဒ်​သည် ကြား​ပြန်​လျှင်၊ ကျောက်​ကြား​မှ​ထွက်​သွား၍ မော​န​တော၌​နေ၏။ ရှော​လု​ကြား​ပြန်​သော်၊ မော​န​တော၌ ဒါ​ဝိဒ်​ကို​လိုက်၍ ရှာ၏။ 26ရှော​လု​သည် တောင်​တစ်​ဖက်၌​လည်း​ကောင်း၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တစ်​ဖက်၌​လည်း​ကောင်း၊ သွား​ကြ၍ ရှော​လု​ကို​ကြောက်​သ​ဖြင့်၊ လွတ်​အောင်​ကြိုး​စား​စဉ်​တွင်၊ ရှော​လု​နှင့် သူ၏​လူ​တို့​သည် ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း၍ ဖမ်း​မိ​လု​ကြ​ပြီ။ 27ထို​အ​ခါ တ​မန်​ရောက်​လာ၍၊ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ဖိ​လိ​တ္တိ​လူ​တို့​သည် ပြည်​တော်​ကို တိုက်​လာ​ကြ​ပါ​ပြီ​ဟု ရှော​လု​အား ကြား​လျှောက်​သော​ကြောင့်၊ 28ရှော​လု​သည် ဒါ​ဝိဒ်​ကို​လိုက်​ရှာ​ရာ​မှ ပြန်၍ ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို သေ​လ​ဟ​မ္မ​လေ​ကုပ်​အ​မည်​ဖြင့် သ​မုတ်​သ​တည်း။ 29ဒါ​ဝိဒ်​သည် ထို​အ​ရပ်​မှ​သွား၍ အင်္ဂေ​ဒိ​မြို့​နယ်၊ ခိုင်​ခံ့​သော​အ​ရပ်​တို့၌ နေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ