YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 21:1-6

၁ ဓမ္မရာဇဝင် 21:1-6 JBMLE

ဒါ​ဝိဒ်​သည် ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်၍၊ အ​ဟိ​မ​လက်​သည် ဒါ​ဝိဒ်​နှင့်​တွေ့​သော​အ​ခါ ကြောက်၍၊ သင်​သည် လူ​တစ်​ယောက်​မျှ​မ​ပါ​ဘဲ အ​ဘယ်​ကြောင့် တစ်​ကိုယ်​တည်း​လာ​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ရှင်​ဘု​ရင် အ​မှု​တော်​တစ်​ခု​ကို​အပ်၍၊ ငါ​စေ​ခိုင်း​မှာ​ထား​သော အ​မှု​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်​ဟု မိန့်​တော်​မူ​သော​ကြောင့်၊ ငါ့​ကျွန်​တို့​ကို ဤ​မည်​သော​အ​ရပ် ဤ​မည်​သော​အ​ရပ်၌ ဆိုင်း​လင့်​စေ​ခြင်း​ငှာ အ​ရင်​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်၍ ကိုယ်​တော်​လက်၌​ရှိ​သော မုန့်​ငါး​လုံး​ကို​သော်​လည်း​ကောင်း၊ တွေ့​သ​မျှ​ကို​သော်​လည်း​ကောင်း၊ ကျွန်ုပ်​လက်​သို့​အပ်​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​အား​တောင်း၏။ ယဇ်​ပု​ရော​ဟိတ်​က၊ ငါ့​လက်၌ လူ​တိုင်း​စား​ရ​သော မုန့်​မ​ရှိ။ လု​လင်​တို့​သည် မိန်း​မ​ကို​သာ​ရှောင်​လျှင်၊ သန့်​ရှင်း​သော မုန့်​ရှိ​သည်​ဟု ဒါ​ဝိဒ်​အား​ဆို၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​ထွက်​က​တည်း​က အ​ဘယ်​သူ​မျှ မိန်း​မ​နှင့်​မ​ပေါင်း​ဖော်၊ လု​လင်​တန်​ဆာ​တို့​သည် သန့်​ရှင်း​ပါ၏။ ထို​မုန့်​လည်း လူ​တိုင်း​စား​ရ​သော မုန့်​ကဲ့​သို့​ဖြစ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယ​နေ့ သန့်​ရှင်း​သော​မုန့်​သစ်​ကို တင်​ထား​လျက်​ရှိ​ပါ၏​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြန်​ပြော​သော်၊ ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​တော်​မုန့်​မှ​တစ်​ပါး အ​ခြား​သော​မုန့်​မ​ရှိ​သော​ကြောင့် သန့်​ရှင်း​သော​မုန့်​ကို​ပေး၏။ ထို​ရှေ့​တော်​မုန့်​အ​စား၌ မုန့်​သစ်​ကို တင်​ထား​အံ့​သော​ငှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှ နုတ်​ပယ်​နှင့်​ပြီ။