YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 6

6
ဗိ​မာန်​တော်​တည်​ဆောက်​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော သ​က္က​ရာဇ်​လေး​ရာ​ရှစ်​ဆယ်​ပြည့်၊ ရှော​လ​မုန်​မင်း နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​အ​မည်​ရှိ​သော ဒု​တိ​ယ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။ 2ထို​အိမ်​တော်​အ​လျား​သည် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​သုံး​ဆယ်​ရှိ၏။ 3အိမ်​တော်​ဦး​သည်​လည်း အိမ်​တော်​အ​နံ​နှင့်​ညီ၍ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ ဆယ်​တောင်​ရှိ၏။ 4အိမ်​တော်​လင်း​စ​ရာ​ဖို့ ကျဉ်း​သော ပြတင်း​ပေါက်​တို့​ကို လုပ်​လေ၏။ 5အိမ်​တော်​ပြင်​ထ​ရံ​နှင့် ဗျာ​ဒိတ်​ဌာ​န​တော်​ပြင် ထ​ရံ​ပတ်​လည်၌ အ​ခန်း​တို့​ကို​လည်း လုပ်​လေ၏။ 6အောက်​အ​ခန်း​သည် အ​နံ​ငါး​တောင်၊ အ​လယ်​အ​ခန်း အ​နံ​ခြောက်​တောင်၊ အ​ထက်​အ​ခန်း အ​နံ​ခု​နစ်​တောင်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ခန်း​တို့​သည် အိမ်​တော်​ထ​ရံ​ကိုယ်​ထဲ​သို့ မ​ဝင်။ ထ​ရံ​ဆုတ်​လျက်၊ ဆုတ်​လျက်​တက်၏။ 7ထို​အိမ်​တော်​ကို တည်​လုပ်​သော​အ​ခါ၊ ထို​အ​ရပ်​သို့​မ​ဆောင်​ခဲ့​မီ ဆစ်​ပြီး​သော ကျောက်​တို့​ဖြင့်​သာ​တည်​လုပ်​သော​ကြောင့်၊ သံ​တူ၊ ပု​ဆိန်၊ သံ​တန်​ဆာ​နှင့်​လုပ်​သော​အ​သံ မ​မြည်​ရ။ 8အောက်​အ​ခန်း​ထဲ​သို့​ဝင်​သော တံ​ခါး​ဝ​သည် အိမ်​တော်​လက်​ယာ​ဘက်​မှာ ရှိ၏။ လိမ်​သော​လှေ​ကား​ဖြင့် အ​လယ်​အ​ခန်း​သို့​လည်း​ကောင်း၊ အ​လယ်​အ​ခန်း​မှ အ​ထက်​အ​ခန်း​သို့​လည်း​ကောင်း၊ တက်​ရ၏။ 9အိမ်​တော်​ကို တည်​ပြီး​မှ ထုပ်​များ​တိုင်​များ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လေ၏။ 10ထ​ရံ​အ​ခန်း​တို့​သည်​လည်း အ​မြင့်​ငါး​တောင်​စီ ရှိ၏။ အာ​ရဇ်​ရက်​မ​တို့​သည် အိမ်​တော်​ကို​မှီ​လျက် ရှိ​ကြ၏။
11ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ရှော​လ​မုန်​သို့ ရောက်​လာ​သည်​ကား၊ 12ယ​ခု​တည်​ဆောက်​သော အိမ်​တော်​အ​ရာ​မှာ၊ သင်​သည် ငါ​သွန်​သင်​သော​လမ်း​သို့ လိုက်​လျက်၊ ငါ​စီ​ရင်​ချက်​အ​တိုင်း စီ​ရင်၍၊ ငါ​ပ​ညတ်​သ​မျှ​တို့​ကို စောင့်​ရှောက်​လျှင်၊ သင်၏​အ​ဘ​ဒါ​ဝိဒ်​အား ငါ​က​တိ​ထား​သည်​အ​တိုင်း သင်၌​ငါ​ပြု​မည်။ 13ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​မ​စွန့်။ သူ​တို့​အ​လယ်၌ နေ​မည်​ဟု မိန့်​တော်​မူ၏။
14ထို​သို့​ရှော​လ​မုန်​သည် အိမ်​တော်​ကို​တည်၍ ပြီး​လေ၏။
ဗိ​မာန်​တော်​အ​တွင်း​အ​မွှန်း​တန်​ဆာ​ဆင်​ယင်​ခြင်း
(၂ ရာ၊ ၃:၈-၁၄)
15ကြမ်း​မှ​သည်​အ​မိုး​တိုင်​အောင် အ​တွင်း​ထ​ရံ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်၍၊ ကြမ်း​ကို​လည်း ဒု​ကြီး​သော​ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ၏။ 16အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်​အ​ဖို့ အ​လျား​အ​နံ အ​တောင်​နှစ်​ဆယ်​စီ​ကျယ်​သော အိမ်​တော်​တစ်​ပိုင်း​ကို​အ​ခန်း​ကာ၍ ကြမ်း​နှင့် ထ​ရံ​ကို အာ​ရဇ်​ပျဉ်​ပြား​ဖြင့် ပြီး​စေ၏။#ထွ၊ ၂၆: ၃၃-၃၄။ 17ထို​အ​ခန်း​ရှေ့​မှာ​တည်​သော ဗိ​မာန်​တော်​အ​လျား​သည် အ​တောင်​လေး​ဆယ်​ရှိ၏။ 18အိမ်​တော်​အ​တွင်း၌ အာ​ရဇ်​ပျဉ်​ပြား​တို့​သည် ဘူး​သီး​အ​ပြောက်၊ ပန်း​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ​ကြ၏။ ကျောက်​မ​ပေါ်​စေ​ခြင်း​ငှာ အာ​ရဇ်​သား​နှင့်​ဖုံး​အုပ်​လျက် သာ​ရှိ၏။
19ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို တင်​ထား​ရန်၊ အိမ်​တော်​အ​တွင်း၌ ဗျာ​ဒိတ်​ဌာ​န​တော်​ကို ပြင်​ဆင်​လေ၏။ 20ဗျာ​ဒိတ်​ဌာ​န​တော်​အ​ခန်း​သည် အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​နှစ်​ဆယ်​ရှိ၏။ ထို​အ​ခန်း​ကို​လည်း​ကောင်း၊ အာ​ရဇ်​သစ်​သား​နှင့်​လုပ်​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ 21ထို​သို့ အိမ်​တော်​အ​တွင်း​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ပြီး​မှ၊ ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ရွှေ​ကြိုး​ဖြင့် အ​ကွယ်​အ​ကာ​ကို ဆွဲ​ထား၍၊ ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 22အိမ်​တော်​တစ်​အိမ်​လုံး​ကို​လည်း​ကောင်း၊ ဗျာ​ဒိတ်​ဌာ​န​တော်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​နှင့် အ​ကုန်​အ​စင် မွမ်း​မံ​လေ၏။#ထွ၊ ၃၀:၁-၃။ 23ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ အ​မြင့်​ဆယ်​တောင်​ရှိ​သော ခေ​ရု​ဗိမ်​နှစ်​ပါး​ကို သံ​လွင်​သား​နှင့်​လုပ်​လေ၏။#ထွ၊ ၂၅: ၁၈-၂၀။ 24ခေ​ရု​ဗိမ်​အ​တောင်​တို့​သည် တစ်​ဖက်​တစ်​ချက် အ​လျား​ငါး​တောင်​စီ​ရှိ၍၊ အ​တောင်​ဖျား တစ်​ခု​မှ တစ်​ခု​တိုင်​အောင် ဆယ်​တောင်​ရှိ၏။ 25အ​မြင့်​ဆယ်​တောင်​ရှိ​သည်​ဖြစ်၍၊ ခေ​ရု​ဗိမ်​နှစ်​ပါး​သည် အ​လုံး​အ​ရပ်​ပ​မာ​ဏ​တူ၏။ 26ထို​ခေ​ရု​ဗိမ်​တို့​ကို အ​တွင်း​အိမ်​တော်​ထဲ​မှာ တင်​ထား​သ​ဖြင့်၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​သည် ဖြန့်​လျက်၊ 27အ​တောင်​ဖျား တစ်​ဖက်​တစ်​ချက်၌ ထ​ရံ​ကို​မှီ​လျက်၊ အ​လယ်​မှာ အ​တောင်​ဖျား တစ်​ခု​နှင့်​တစ်​ခု​ထိ​လျက် ရှိ​ကြ၏။ 28ခေ​ရု​ဗိမ်​တို့​ကို​လည်း ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 29အိမ်​တော်​ထ​ရံ​အ​တွင်း​ဘက်​နှင့် ပြင်​ဘက်၌​ထု​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ရှိ​ကြ၏။ 30အိမ်​တော်​အ​တွင်း ကြမ်း​နှင့် ပြင်​ကြမ်း​ကို​လည်း ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 31ဗျာ​ဒိတ်​ဌာ​န​တော်​ဝင်​ဝ​ဖို့ သံ​လွင်​သား တံ​ခါး​ရွက်​နှစ်​ရွက်​ကို လုပ်၍၊ တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​တို့​သည် ထ​ရံ​ငါး​စု​တစ်​စု​ကို စား​ကြ၏။ 32သံ​လွင်​သား​တံ​ခါး​ရွက်​တို့၌ ခေ​ရု​ဗိမ်​အ​ရုပ်၊ အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍၊ တံ​ခါး​ရွက်​နှင့်​ခေ​ရု​ဗိမ်​အ​ရုပ်၊ စွန်​ပ​လွံ​ပင်​အ​ရုပ်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 33ထို​အ​တူ အိမ်​တော်​ပြင်​ထ​ရံ လေး​စု​တစ်​စု ကျယ်​သော​ဝင်​ဝ​ဖို့ သံ​လွင်​တံ​ခါး​တိုင်​တို့​ကို​လည်း​ကောင်း၊ 34တံ​ခါး​ရွက်​တစ်​ရွက်​လျှင် ပ​တ္တာ​နှစ်​ခု​စီ​ဖြင့် လည်​တတ်​သော ထင်း​ရှူး​သား တံ​ခါး​ရွက်​နှစ်​ရွက်​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ 35တံ​ခါး​ရွက်၌ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍ အ​ပြောက်​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 36အ​တွင်း​တံ​တိုင်း​ကို​လည်း ဆစ်​သော​ကျောက်​တန်း သုံး​ဆင့်၊ အာ​ရဇ်​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​လေ၏။ 37နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​လ​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​ကြ၍၊ 38နန်း​စံ​ဆယ်​တစ်​နှစ်၊ ဗု​လ​အ​မည်​ရှိ​သော အ​ဋ္ဌ​မ​လ​တွင် အိမ်​တော် အ​ခန်း​ကြီး​အ​ခန်း​ငယ်​တို့​နှင့် ဆိုင်​သ​မျှ​တို့​ကို လက်​စ​သတ်၍ ခု​နစ်​နှစ်​ပတ်​လုံး အိမ်​တော်​ကို တည်​ဆောက်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ