YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 14

14
ယေ​ရော​ဗောင်​၏​သား​ကွယ်​လွန်​ခြင်း
1ထို​အ​ခါ ယေ​ရော​ဗောင်၏​သား အ​ဘိ​ယ​သည်​နာ​သော​ကြောင့်၊ 2ယေ​ရော​ဗောင်​သည် မိ​မိ​မ​ယား​ကို​ခေါ်၍၊ သင်​သည် ယေ​ရော​ဗောင်၏ မ​ယား​ဖြစ်​သည်​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ ခြား​နား​သော အ​ဆင်း​အ​ရောင်​ကို ဆောင်​ပြီး​လျှင်၊ ရှိ​လော​မြို့​သို့​ထ​သွား​ပါ​လော့။ ငါ​သည် ဤ​လူ​မျိုး​ကို စိုး​စံ​ရ​မည်​အ​ကြောင်း​ကို​ပြ​သော ပ​ရော​ဖက်​အ​ဟိ​ယ​သည် ထို​မြို့၌​ရှိ၏။ 3မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့၊ ပျား​ရည်​ဘူး​ကို​ဆောင်​လျက် ပ​ရော​ဖက်​ထံ​သို့ သွား​ပါ​လော့။ သူ​ငယ်၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သူ​ဟော​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊ 4ယေ​ရော​ဗောင်​မ​ယား​သည်​ထ၍ ရှိ​လော​မြို့၌ အ​ဟိ​ယ​အိမ်​သို့ သွား​လေ၏။ ထို​အ​ခါ အ​ဟိ​ယ​သည် အ​သက်​ကြီး​သော​ကြောင့် မျက်​စိ​မ​မြင်၊ မှုန်​လျက်​ရှိ၏။ 5ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရော​ဗောင်​မ​ယား​သည် သား​နာ​သော​ကြောင့်၊ သား​အ​တွက်​တစ်​စုံ​တစ်​ခု​ကို တောင်း​အံ့​သော​ငှာ သင့်​ဆီ​သို့ ယ​ခု​လာ၏။ ဤ​မည်​သော​စ​ကား​ဖြင့် ပြန်​ပြော​ရ​မည်။ သူ​သည် လာ​သော​အ​ခါ အ​ခြား​သော မိန်း​မ​ဖြစ်​ယောင်​ဆောင်​လိမ့်​မည်​ဟု အ​ဟိ​ယ​အား မိန့်​တော်​မူ၏။ 6ထို​မိန်း​မ​သည် တံ​ခါး​အ​ထဲ​သို့​ဝင်၍၊ နင်း​သံ​ကို အ​ဟိ​ယ​သည်​ကြား​လျှင်၊ အို​ယေ​ရော​ဗောင်​မ​ယား ဝင်​လော့။ အ​ဘယ်​ကြောင့် အ​ခြား​သော​သူ၏​အ​ယောင်​ကို ဆောင်​သ​နည်း။ ဝမ်း​နည်း​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ သင့်​ဆီ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။ 7သင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို၊ ယေ​ရော​ဗောင်​ထံ​သို့ သွား၍ ဆင့်​ဆို​ရ​မည်​မှာ၊ သင့်​ကို လူ​စု​ထဲ​က​ငါ​ရွေး၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ချီး​မြှောက်​လျက်၊ 8နိုင်​ငံ​တော်​ကို ဒါ​ဝိဒ်​မင်း​မျိုး​လက်​မှ​နုတ်၍ သင့်​အား​ပေး​သော်​လည်း၊ သင်​သည် ငါ့​ကျွန်​ဒါ​ဝိဒ်​ကဲ့​သို့​မ​ဟုတ်။ သူ​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၏။ ငါ့​ရှေ့​မှာ ကောင်း​သော​အ​ကျင့်​ကို​သာ​ကျင့်​မည်​ဟု စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ကို​ဆည်း​ကပ်၏။ 9သင်​မူ​ကား သင့်​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ အ​ပေါင်း​တို့​ကို​လွန်၍ ဒု​စ​ရိုက်​ကို​ပြု​လေ​ပြီ။ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နှင့် သွန်း​သော​ရုပ်​တု​တို့​ကို​လုပ်၍ ငါ့​ကို​သင့်​ကျော​နောက်​သို့ ပစ်​ထား​ပြီ။ 10ထို​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ ယေ​ရော​ဗောင်​အ​မျိုး ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။ လူ​သည် နောက်​ချေး​ကို အ​ကုန်​အ​စင် ကျုံး​သွား​သ​ကဲ့​သို့၊ ကျန်​ကြွင်း​သော ယေ​ရော​ဗောင်​အ​မျိုး​သား​ကို ပယ်​သွား​မည်။#၃​ရာ၊ ၁၅:၂၉။ 11ယေ​ရော​ဗောင်​အ​မျိုး​သား​သည် မြို့​ထဲ​မှာ​သေ​လျှင် အ​သေ​ကောင်​ကို​ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက် စား​လိမ့်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ 12သင်​ထ၍ ကိုယ်​အိမ်​သို့ သွား​လော့။ မြို့​တံ​ခါး​အ​ထဲ​သို့ ဝင်​သော​အ​ခါ သူ​ငယ်​သေ​လိမ့်​မည်။ 13ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင်၊ ထို​သူ​ငယ်​တစ်​ယောက်​တည်း​သာ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင် ထို​သူ​ငယ်​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ ကြည်​ညို​သော​စိတ်​ရှိ၏။ 14အ​ချိန်​ရောက်​မှ ယေ​ရော​ဗောင်​အ​မျိုး​ကို ပယ်​ဖြတ်​လ​တ္တံ့​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ အ​ဘယ်​အ​ချိန်​နည်း​ဟု​မေး​သော်၊ ယ​ခု​ပင်​ဖြစ်​လိမ့်​မည်။ 15အာ​ရှ​ရ​ပင်​တို့​ကို ပြု​စု၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ကြ​သော​ကြောင့်၊ ကျူ​ပင်​ကို ရေ၌​လှုပ်​ရှား​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်၍၊ ဘိုး​ဘေး​တို့​အား​ပေး​တော်​မူ​သော ဤ​ပြည်​ကောင်း​မှ နုတ်​ပယ်​ပြီး​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​မည်။ 16ကိုယ်​တိုင်​ပြစ်​မှား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏​အ​ပြစ်​တို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​မည်​ဟု ဆင့်​ဆို​လေ၏။ 17ယေ​ရော​ဗောင်​မ​ယား​သည် ထ​သွား၍၊ တိ​ရ​ဇ​မြို့​တံ​ခါး​ခုံ​သို့​ရောက်​သော​အ​ခါ သူ​ငယ်​သေ၏။ 18ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​ငယ်​ကို​သင်္ဂြိုဟ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။
ယေ​ရော​ဗောင်​ကွယ်​လွန်​ခြင်း
19ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ၊ စစ်​တိုက်​ခြင်း​အ​မှု၊ မင်း​ပြု​ခြင်း​အ​မှု​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 20ယေ​ရော​ဗောင်​သည် အ​နှစ်​နှစ်​ဆယ်​နှစ်​နှစ် စိုး​စံ​ပြီး​မှ ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သား​တော်​နာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​ရော​ဗောင်
(၆​ရာ၊ ၁၁:၅-၁၂:၁၅)
21ရှော​လ​မုန်​သား​ရော​ဗောင်​သည် ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ရာ​ဖို့ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။ 22ယု​ဒ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဘိုး​ဘေး​တို့​ပြစ်​မှား​သ​မျှ​ထက် ပြစ်​မှား​သော အ​ပြစ်​များ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။ 23မြင့်​သော​တောင်​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌​လည်း​ကောင်း၊ ကုန်း​များ၊ ရုပ်​တု​များ၊ အာ​ရှ​ရ​ပင်​များ​ကို တည်​ကြ၏။#၄​ရာ၊ ၁၇:၉-၁၀။ 24ယု​ဒ​ပြည်၌ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​များ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော ပြည်​သား​မျိုး​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြ​သည်​တ​ကား။#တ​ရား၊ ၂၃:၁၇။
25ရော​ဗောင်​မင်း​ကြီး​နန်း​စံ​ငါး​နှစ်​တွင်၊ အဲ​ဂု​တ္တု ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊#၆​ရာ၊ ၁၂:၂-၈။ 26ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။#၃​ရာ၊ ၁၀:၁၆-၁၇။ ၆​ရာ၊ ၉:၁၅-၁၆။ 27ရော​ဗောင်​မင်း​ကြီး​သည် ရွှေ​ဒိုင်း​အ​စား ကြေး​ဝါ​ဒိုင်း​တို့​ကို​လုပ်၍ နန်း​တော်​တံ​ခါး​စောင့် ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ၏။ 28ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​သို့​သွား​သော​အ​ခါ၊ ကိုယ်​ရံ​တော်​သား​တို့​သည် ဒိုင်း​တို့​ကို​ဆောင်၍ နောက်​တစ်​ဖန် မိ​မိ​တို့​စောင့်​ရာ​အ​ခန်း​မှာ ပြန်​ထား​ကြ၏။
29ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 30ရော​ဗောင်​နှင့် ယေ​ရော​ဗောင်​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။ 31ရော​ဗောင်​သည်​လည်း ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သူ​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ