YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 6

6
ယဇ်​ပု​ရော​ဟိတ်​မင်း​များ​၏​ဆွေ​စဉ်​မျိုး​ဆက်
1လေ​ဝိ​သား​ကား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ 2ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ 3အာ​မ​ရံ​သား​ကား အာ​ရုန်၊ မော​ရှေ၊ မိ​ရိ​အံ​တည်း။ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။ 4-7ဧ​လာ​ဇာ​သား​ကား ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​သား အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​သား ဗု​က္ကိ၊ ဗု​က္ကိ​သား​ဩ​ဇိ၊ ဩ​ဇိ​သား ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ​သား မေ​ရာ​ယုတ်၊ မေ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊ 8အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်၊ 9အ​ဟိ​မတ်​သား အာ​ဇ​ရိ၊ အာ​ဇ​ရိ​သား ယော​ဟန်​တည်း။ 10ယော​ဟန်​သား​ကား၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှော​လ​မုန်​တည်​သော ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ပြု​သော အာ​ဇ​ရိ​တည်း။ 11အာ​ဇ​ရိ​သား​ကား အာ​မ​ရိ၊ အာ​မ​ရိ​သား​အ​ဟိ​တုပ်၊ 12အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား​ရှ​လ္လုံ၊ 13ရှ​လ္လုံ​သား ဟိ​လ​ခိ၊ ဟိ​လ​ခိ​သား​အာ​ဇ​ရိ၊ 14အာ​ဇ​ရိ​သား စ​ရာ​ယ၊ စ​ရာ​ယ​သား​ယော​ဇ​ဒက်​တည်း။ 15ယော​ဇ​ဒက်​သည် နေ​ဗု​ခဒ်​နေ​ဇာ​လက်​ဖြင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သိမ်း​သွား​စေ​တော်​မူ​သော​အ​ခါ ပါ​သွား​သ​တည်း။
လေ​ဝိ​၏​အ​ခြား​သား​မြေး​များ
16လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တို့​တွင်၊ 17ဂေ​ရ​ရှုံ​သား​ကား လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။ 18ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ 19မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​တည်း​ဟူ​သော လေ​ဝိ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး ဖြစ်​သ​တည်း။#ထွ၊ ၆:၁၆-၁၉။
20ဂေ​ရ​ရှုံ​သား​ကား လိ​ဗ​နိ၊ လိ​ဗ​နိ​သား ယာ​ဟတ်၊ ယာ​ဟတ်​သား ဇိ​မ္မ၊ 21ဇိ​မ္မ​သား ယော​အာ၊ ယော​အာ​သား ဣ​ဒ္ဒေါ၊ ဣ​ဒေါ​သား ဇေ​ရ၊ ဇေ​ရ​သား ယာ​တ​ရဲ​တည်း။
22ကော​ဟတ်​သား​ကား ဣ​ဇ​ဟာ​တည်း​ဟူ​သော အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​သား ကော​ရ၊ ကော​ရ​သား အဿိ​ရ၊ 23အဿိ​ရ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား ဧ​ဗျာ​သပ်၊ ဧ​ဗျာ​သပ်​သား အဿိ​ရ၊ 24အဿိ​ရ​သား တာ​ဟတ်၊ တာ​ဟတ်​သား ဥ​ရေ​လ၊ ဥ​ရေ​လ​သား ဩ​ဇိ၊ ဩ​ဇိ​သား ရှော​လ၊ 25ရှော​လ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား အာ​မ​သဲ​နှင့် အ​ဟိ​မုတ်၊ 26အာ​မ​သဲ​သား ဇော​ဖဲ၊ ဇော​ဖဲ​သား နာ​ဟတ်၊ 27နာ​ဟတ်​သား ဧ​လျာ​ဘ၊ ဧ​လျာ​ဘ​သား ယေ​ရော​ဟံ၊ ယေ​ရော​ဟံ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား ရှ​မွေ​လ​တည်း။ 28ရှ​မွေ​လ​သား​ဦး​ကား ယော​လ၊ ဒု​တိ​ယ​သား အ​ဘိ​ယ​တည်း။
29မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ၊ မ​ဟာ​လိ​သား လိ​ဗ​နိ၊ လိ​ဗ​နိ​သား ရှိ​မိ၊ ရှိ​မိ​သား ဩ​ဇ၊ 30ဩ​ဇ​သား ရှိ​မာ၊ ရှိ​မာ​သား ဟ​ဂ္ဂျာ၊ ဟ​ဂ္ဂျာ​သား အ​သာ​ယ​တည်း။
ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ
31ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ငြိမ်​ဝပ်​သော​အ​ခါ၊ အိမ်​တော်၌ သီ​ချင်း​ဆို​ရာ​အ​မှု​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​မင်း​ခန့်​ထား​သော​သူ​တို့​သည်၊ 32ယေ​ရု​ရှ​လင်​မြို့၌ ဗိ​မာန်​တော်​ကို ရှော​လ​မုန်​မ​တည်​မီ ကာ​လ​ပတ်​လုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တည်​ရာ​အ​ရပ်၌ သီ​ချင်း​ဆို​လျက် အ​မှု​တော်​ကို စောင့်​ကြ၏။ ဗိ​မာန်​တော်​ကို​တည်​ပြီး​သော​နောက်၊ မိ​မိ​တို့​အ​လှည့်​အ​တိုင်း စောင့်​ရ​သော​အ​မှု​ကို စောင့်​လျက်​နေ​ကြ၏။ 33-38ထို​အ​မှု​တော်​ကို စောင့်​သော​သူ​တို့​နှင့် သား​စဉ်​မြေး​ဆက် ဟူ​မူ​ကား၊ ဣ​သ​ရေ​လ၊ လေ​ဝိ၊ ကော​ဟတ်၊ ဣ​ဇ​ဟာ၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ အဿိ​ရ၊ တာ​ဟတ်၊ ဇေ​ဖ​နိ၊ အာ​ဇ​ရိ၊ ယော​လ၊ ဧ​လ​ကာ​န၊ အ​မာ​သဲ၊ မာ​ဟတ်၊ ဧ​လ​ကာ​န၊ ဇော​ဖဲ၊ တော​အာ၊ ဧ​လျာ​ဘ၊ ယေ​ရော​ဟံ၊ ဧ​လ​ကာ​န၊ ရှ​မွေ​လ၊ ယော​လ​တို့​မှ ဆင်း​သက်​သော ကော​ဟတ်​အ​မျိုး၊ သီ​ချင်း​သည် ဟေ​မန်​တစ်​ပါး၊ 39-43လေ​ဝိ၊ ဂေ​ရ​ရှုံ၊ ယာ​ဟတ်၊ ရှိ​မိ၊ ဇိ​မ္မ၊ ဧ​သန်၊ အ​ဒါ​ယ၊ ဇေ​ရ၊ ဧ​သ​နိ၊ မာ​လ​ခိ၊ ဗာ​သေ​ယ၊ မိ​က္ခေ​လ၊ ရှိ​မာ၊ ဗေ​ရ​ခိ​တို့​မှ ဆင်း​သက်​သော အာ​သပ်၊ ဟေ​မန် လက်​ယာ​ဘက်​မှာ နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော် အာ​သပ်​တစ်​ပါး၊ 44-47လေ​ဝိ၊ မေ​ရာ​ရိ၊ မု​ရှိ၊ မ​ဟာ​လိ၊ ရှ​မေ​ရ၊ ဗာ​နိ၊ အံ​ဇိ၊ ဟိ​လ​ခိ၊ အာ​မ​ဇိ၊ ဟာ​ရှ​ဗိ၊ မ​လ္လုတ်၊ အာ​ဖ​ဒိ၊ ကိ​ရှိ​တို့​မှ​ဆင်း​သက်​သော ဧ​သန်​တစ်​ပါး​မှ​စ၍ လက်​ဝဲ​ဘက်​မှာ​နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော်၊ မေ​ရာ​ရိ​အ​မျိုး​သား​များ​တည်း။ 48သူ​တို့၏​ညီ​အစ်​ကို​ဖြစ်​သော လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ရာ တဲ​တော်​အ​မှု​အ​မျိုး​မျိုး စောင့်​သော​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​ကြ၏။
အာ​ရုန်​၏​သား​မြေး​များ
49အာ​ရုန်​နှင့် သူ၏​သား​စဉ်​မြေး​ဆက် မူ​ကား၊ ယဇ်​ကောင်​ကို မီး​ရှို့​ရာ​ပ​လ္လင်​နှင့်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​လျက်၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​မှု​အ​လုံး​စုံ​ကို စောင့်​လျက်၊ ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ မှာ​ထား​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ရ​သော​သူ ဖြစ်​ကြ၏။ 50အာ​ရုန်၏​သား​မြေး​မှာ၊ အာ​ရုန်​သား​ကား ဧ​လာ​ဇာ၊ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​သား အ​ဘိ​ရွှ၊ 51အ​ဘိ​ရွှ​သား ဗု​က္ကိ၊ ဗု​က္ကိ​သား ဩ​ဇိ၊ ဩ​ဇိ​သား ဇေ​ရ​ဟိ၊ 52ဇေ​ရ​ဟိ​သား မ​ရာ​ယုတ်၊ မ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊ 53အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်​တည်း။
လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ဒေ​သ
54အာ​ရုန်၏​သား​မြေး​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ စာ​ရေး​တံ​ပြု​သော​အား​ဖြင့် ရ၍ နေ​ရ​သော​မြို့​နှင့် မြို့​နယ်​များ​ဟူ​မူ​ကား၊ 55ယု​ဒ​ခ​ရိုင်၌ ဟေ​ဗြုန်​မြို့​နှင့် မြို့​နယ်​ကို​ရ​ကြ၏။ 56သို့​ရာ​တွင် မြို့​နှင့်​ဆိုင်​သော​လယ်​များ၊ ရွာ​များ​တို့​ကို ယေ​ဖု​န္န​သား ကာ​လက်​သည် ရ၏။ 57ပြေး၍​မှီ​ခို​ရာ ဟေ​ဗြုန်​မြို့​မှ​တစ်​ပါး၊ ယု​ဒ​ခ​ရိုင်​ထဲ​က လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တ​မော​မြို့​နှင့် မြို့​နယ်၊ 58ဟော​လုန်​မြို့​နှင့် မြို့​နယ်၊ ဒေ​ဗိ​ရ​မြို့​နှင့် မြို့​နယ်၊ 59အ​ဣ​န​မြို့​နှင့် မြို့​နယ်၊ ယု​တ္တ​မြို့​နှင့် မြို့​နယ်၊ ဗက်​ရှေ​မက်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 60ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ အာ​လ​မက်​မြို့​နှင့် မြို့​နယ်၊ အာ​န​သုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်၏​သား​မြေး​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ၍၊ မြို့​ပေါင်း​ကား တစ်​ဆယ်​သုံး​မြို့​တည်း။ 61ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် စာ​ရေး​တံ​အား​ဖြင့်၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က မြို့​ဆယ်​မြို့​တို့​ကို ရ​ကြ၏။ 62ဂေ​ရ​ရှုံ​သား အ​ဆွေ​အ​မျိုး​တို့​သည် ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်​မ​နာ​ရှေ​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​သုံး​မြို့​တို့​ကို ရ​ကြ၏။ 63မေ​ရာ​ရိ​သား အ​ဆွေ​အ​မျိုး​တို့​သည် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​နှစ်​မြို့​တို့​ကို ရ​ကြ၏။ 64ဤ​မည်​သော​မြို့​တို့​ကို မြို့​နယ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လေ​ဝိ​သား​တို့​အား ပေး​ကြ၏။ 65အ​ထက်​ဆို​ခဲ့​ပြီး​သော မြို့​တို့​ကို စာ​ရေး​တံ​ပြု၍၊ ယု​ဒ​အ​မျိုး​သား​ခ​ရိုင်၊ ရှိ​မောင်​အ​မျိုး​သား​ခ​ရိုင်၊ ဗင်္ယာ​မိန် အ​မျိုး​သား​ခ​ရိုင်​ထဲ​က ပေး​ကြ၏။ 66ကြွင်း​သော ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ရ​သည်​အ​တိုင်း၊ 67ပြေး၍​ခို​နေ​ရာ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။ 68ထို​မှ​တစ်​ပါး၊ ဂေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယော​က​မံ​မြို့​နှင့် မြို့​နယ်၊ ဗက်​ဟော​ရုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 69ဒန်​ခ​ရိုင်​ထဲ​က ဧ​လ​တေ​က​မြို့​နှင့် မြို့​နယ်၊ ဂိ​ဗ္ဗ​သုန်​မြို့​နှင့် မြို့​နယ်၊ အာ​ဇ​လုန်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 70မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က အ​နေ​ရ​မြို့​နှင့် မြို့​နယ်၊ ဗိ​လံ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​အား ပေး​ကြ၏။ 71ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 72ဣ​သ​ခါ​ခ​ရိုင်​ထဲ​က ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဒါ​ဗ​ရတ်​မြို့​နှင့် မြို့​နယ်၊ 73ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ အာ​နင်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 74အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့် မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊ 75ဟု​ကုတ်​မြို့​နှင့် မြို့​နယ်၊ ရ​ဟော​ဘ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 76နဿ​လိ​ခ​ရိုင်​ထဲ​က ဂါ​လိ​လဲ​ပြည် ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မုန်​မြို့​နှင့် မြို့​နယ်၊ ကိ​ရ​ယ​သိမ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။ 77ကြွင်း​သော မေ​ရာ​ရိ​သား​တို့​အား​လည်း၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်၊ တာ​ဗော်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 78ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ရု​ဗင်​ခ​ရိုင်​ထဲ​က တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယာ​ဇ​မြို့​နှင့် မြို့​နယ်၊ 79ကေ​ဒ​မုတ်​မြို့​နှင့် မြို့​နယ်၊ မေ​ဖတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ 80ဂဒ်​ခ​ရိုင်​ထဲ​က ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊ 81ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ