YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 28:1-10

၁ ရာဇဝင်ချုပ် 28:1-10 JBMLE

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။ ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​က သင်​သည် စစ်​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၍၊ ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား များ​စွာ​သော​သား​တို့​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​သား​အ​ပေါင်း​တို့​တွင် သား​ရှော​လ​မုန်​ကို ရွေး​ကောက်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။ ငါ့​အား​လည်း သင့်​သား​ရှော​လ​မုန်​သည် ငါ့​အိမ်​နှင့် ငါ့​တံ​တိုင်း​တို့​ကို တည်​ရ​မည်။ ငါ​သည်​ထို​သူ​ကို သား​အ​ရာ၌​ခန့်​ထား​ခြင်း​ငှာ ရွေး​ကောက်​ပြီ။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည် ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို ယ​နေ့​ကဲ့​သို့ အ​မြဲ​ကျင့်​လျှင် သူ၏​နိုင်​ငံ​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ဤ​ကောင်း​သော​ပြည်​ကို​ပိုင်၍ သင်​တို့၏ သား​မြေး​အ​စဉ်​အ​ဆက် အ​မွေ​ခံ​ရာ​ဖို့ ချန်​ထား​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့၌​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင့် အ​ထံ​တော်၌​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို ရှာ၍ စောင့်​ရှောက်​ကြ​လော့။ ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။ သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။