YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 20

20
ရ​ဗ္ဗာ​မြို့​ကို​သိမ်း​ပိုက်​ခြင်း
(၂​ရာ၊ ၁၂:၂၆-၃၁)
1အ​ခါ​လည်၍၊ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့် ချီ​သွား​သ​ဖြင့်၊ အ​မ္မုန်​ပြည်​ကို တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။#၂​ရာ၊ ၁၁:၁။ 2ယွာ​ဘ​သည် ရ​ဗ္ဗာ​မြို့​ကို​တိုက်​ဖျက်​ပြီး​မှ၊ ဒါ​ဝိဒ်​သည် မင်း​ကြီး၏​သ​ရ​ဖူ​ကို ချွတ်​ယူ၍ ခေါင်း​တော်​ပေါ်​မှာ တင်​ကြ၏။ သ​ရ​ဖူ​အ​ချိန်​ကား၊ ကျောက်​မြတ်​ကို​မ​ဆို​ဘဲ ရွှေ​အ​ခွက်​တစ်​ဆယ်​ရှိ​သ​တည်း။ မြို့၌​လု​ယူ​သော ဥ​စ္စာ​အ​များ​ကို​လည်း ထုတ်​လေ၏။ 3မြို့​သား​တို့​ကို​လည်း ထုတ်၍ လွှ​တိုက်​မှု၊ သံ​ထွန်၊ သံ​ပု​ဆိန်​နှင့် လုပ်​မှု​ကို​လုပ်​စေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် အ​မ္မုန်​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့၌ ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။
ကြီး​မား​သော​ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​နှင့် တိုက်​ပွဲ​များ
(၂​ရာ၊ ၂၁:၁၈-၂၂)
4နောက်​တစ်​ဖန် ဂေ​ဇာ​မြို့​မှ ဖိ​လိ​တ္တိ​လူ​တို့​နှင့် စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး သာ​ဖ​ကို​သတ်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို အောင်​မြင်​လေ၏။ 5နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ယာ​ဣ​ယ​သား ဧ​လ​ဟာ​နန်​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ​ကြီး​သော လှံ​ရိုး​ကို​သုံး​စွဲ​သော ဂိ​တ္တိ​အ​မျိုး ဂေါ​လျတ်၏​ညီ​လာ​ခ​မိ​ကို သတ်​လေ၏။#၁​ရာ၊ ၁၇:၄-၇။ 6နောက်​တစ်​ဖန် ဂါ​သ​မြို့​မှာ စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊ 7ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို​ရှိ​မာ၏ သား​ယော​န​သန်​သည် ထို​သူ​ကို​သတ်​လေ၏။ 8ဤ​သူ​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး​သား​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ