YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 19

19
အ​မ္မုန်​နှ​င့် ရှု​ရိ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခြင်း
(၂​ရာ၊ ၁၀:၁-၁၉)
1ထို​နောက် အ​မ္မုန်​ရှင်​ဘု​ရင်​နာ​ဟတ်​သည်​သေ၍၊ သား​တော်​ဟာ​နုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 2ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဟာ​နုန်​မင်း​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ သူ​ရှိ​ရာ​အ​မ္မုန်​ပြည်​သို့ ရောက်​ကြ၏။ 3အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် ဟာ​နုန်​မင်း​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင်၊ ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ ပြည်​တော်​ကို စစ်​ဆေး​စူး​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ၊ သူ၏​ကျွန်​တို့​သည် အ​ထံ​တော်​သို့ ရောက်​သည်​မ​ဟုတ်​လော​ဟု လျှောက်​ကြ​လျှင်၊ 4ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​ကို​ရိတ်၍ အ​ဝတ်​ကို တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။ 5ထို​သူ​တို့၌ အ​ဘယ်​သို့​ပြု​သည်​ကို ဒါ​ဝိဒ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ သူ​တို့​သည် အ​လွန်​ရှက်​သော​ကြောင့် ဆီး​ကြို​စေ​ခြင်း​ငှာ စေ​လွှတ်၍၊ သင်​တို့​သည် မုတ်​ဆိတ်​မ​ရှည်​မီ​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​မှာ နေ​ကြ​လော့။ ထို​နောက်​မှ ပြန်​လာ​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။
6ဟာ​နုန်​မင်း​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည် ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ရှု​ရိ​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့၌ မြင်း​ရ​ထား​တို့​ကို ငှား​ခြင်း​ငှာ ငွေ​အ​ခွက်​တစ်​သောင်း​ကို ထုတ်၍၊ 7မြင်း​ရ​ထား​သူ​ရဲ သုံး​သောင်း​နှစ်​ထောင်​ကို​လည်း​ကောင်း၊ မာ​ခါ​မင်း​ကြီး​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း ငှား​သ​ဖြင့်၊ ထို​သူ​တို့​သည် မေ​ဒ​ဘ​မြို့​ရှေ့​မှာ တပ်​ချ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း စု​ဝေး၍ အ​မြို့​မြို့​တို့​မှ စစ်​ချီ​ကြ၏။ 8ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင် ယွာ​ဘ​နှင့် ခွန်​အား​ကြီး​သော​သူ​ရဲ အ​လုံး​အ​ရင်း​အ​ပေါင်း​ကို စေ​လွှတ်၏။ 9အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍ မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ စစ်​ကူ​သော​မင်း​ကြီး​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။ 10ယွာ​ဘ​သည်​လည်း ရှေ့၌​လည်း​ကောင်း၊ နောက်၌​လည်း​ကောင်း၊ စစ်​မျက်​နှာ​နှစ်​ဖက်​ရှိ​သည်​ကို မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​တွင် သန်​မြန်​သော​သူ​ရှိ​သ​မျှ​တို့​ကို ရွေး​ကောက်၍ ရှု​ရိ​လူ​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၏။ 11ကြွင်း​သော​သူ​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့ တစ်​ဖက်၌ စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ ညီ​အ​ဘိ​ရှဲ​လက်​သို့​အပ်​လျက်၊ 12ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ့​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။ 13ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး​နှင့် ငါ​တို့​ဘု​ရား​သ​ခင့် မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊ 14သူ၌​ပါ​သော လူ​များ​နှင့်​တ​ကွ၊ ရှု​ရိ​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချဉ်း​သွား​သော​အ​ခါ၊ ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ 15ရှု​ရိ​လူ​တို့​ပြေး​သည်​ကို အ​မ္မုန်​အ​မျိုး​သား​တို့​သည် မြင်​လျှင်၊ သူ​တို့​သည်​လည်း ညီ​အ​ဘိ​ရှဲ​ရှေ့​မှာ​ပြေး၍ မြို့​ထဲ​သို့​ဝင်​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​လေ၏။
16ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ သံ​တ​မန်​တို့​ကို စေ​လွှတ်၍ မြစ်​တစ်​ဖက်၌​နေ​သော ရှု​ရိ​လူ​တို့​ကို​ခေါ်​သ​ဖြင့်၊ ဟာ​ဒ​ဒေ​ဇာ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​သည်​လည်း အုပ်​ရ၏။ 17ထို​သ​တင်း​ကို​ကြား​လျှင် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ယော်​ဒန်​မြစ်​ကို ကူး​သ​ဖြင့်၊ ရန်​သူ​တပ်​သို့​ရောက်၍ စစ်​ခင်း​ကျင်း​လေ၏။ ထို​သို့​ဒါ​ဝိဒ်​သည် စစ်​ခင်း​ကျင်း၍ ရှု​ရိ​လူ​တို့​သည် တိုက်​သော​အ​ခါ၊ 18ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း လုပ်​ကြံ​လေ၏။ 19ဟာ​ဒ​ဒေ​ဇာ​မင်း၏ ကျွန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ ဒါ​ဝိဒ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကျွန်​ခံ​ကြ၏။ နောက်​တစ်​ဖန် ရှု​ရိ​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို စစ်​မ​ကူ​ကြ။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ