YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 14

14
ယေ​ရု​ရှ​လင်​မြို့​တွင်​ဒါ​ဝိဒ်​၏​လုပ်​ဆောင်​ချက်​များ
(၂​ရာ၊ ၅:၁၁-၁၆)
1တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ဒါ​ဝိဒ်​အ​ဖို့ နန်း​တော်​ကို​တည်​ဆောက်​ခြင်း​ငှာ၊ သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို စေ​လွှတ်​လေ၏။ 2ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်​လေ၏။
3ဒါ​ဝိဒ်​သည် ယေ​ရု​ရှ​လင်​မြို့၌ ထပ်၍ မ​ယား​တို့​ကို သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။ 4ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့ အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊ 5ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ 6နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ 7ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။
ဖိ​လိ​တ္တိ​တို့​ကို​အောင်​မြင်​ခြင်း
(၂​ရာ၊ ၅:၁၇-၂၅)
8ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည်​ကြား​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ ချီ​သွား၏။ 9ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 10ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 11ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။ 12ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ ပစ်​ထား​သော​ရုပ်​တု​များ​ကို ဒါ​ဝိဒ်၏​အ​မိန့်​တော်​နှင့် မီး​ရှို့​ကြ၏။ 13တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ထို​ချိုင့်၌ အ​နှံ့​အ​ပြား​လာ၍​နေ​ကြ၏။ 14ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​ကို တစ်​ဖန်​မေး​လျှောက်​သော်၊ သူ​တို့​ရှိ​ရာ​သို့ တည့်​တည့်​မ​တက်​ရ။ သူ​တို့​မှ​လွှဲ၍ ပိုး​စာ​တော​တစ်​ဖက်​တစ်​ချက်၌ ချီ​ရ​မည်။ 15ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ၊ တိုက်​အံ့​သော​ငှာ ချီ​လော့။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​မည်​ဟု ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​အ​တိုင်း၊ 16ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂိ​ဗောင်​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။ 17ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ