YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 11

11
ဣ​သ​ရေ​လ​တစ်​ပြည်​လုံး​ကို​ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း
(၂​ရာ၊ ၅:၁-၁၀)
1ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့၌​စည်း​ဝေး၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။ 2အ​ထက်​က ရှော​လု​သည် ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ 3ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ ရှ​မွေ​လ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို​ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။
4တစ်​ဖန် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​နေ​ရာ ယေ​ဗုတ်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊#ယောရှု၊ ၁၅:၆၃၊ သူကြီး၊ ၁:၂၁။ 5ယေ​ဗုတ်​မြို့​သား​တို့​က၊ သင်​သည် ဤ​မြို့​သို့ မ​ဝင်​ရ​ဟု ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။ 6ဒါ​ဝိဒ်​က​လည်း၊ ယေ​ဗု​သိ​လူ​တို့​ကို အ​ဦး​လုပ်​ကြံ​သော​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဇေ​ရု​ယာ​သား ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။ 7ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ​သော​ကြောင့်၊ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​ကြ၏။ 8မိ​လ္လော​အ​ရပ်​နှင့်​တ​ကွ မြို့​ပတ်​လည်၌​တည်​ဆောက်​ပြီး​မှ ကျန်​ကြွင်း​သော​မြို့​ကို ယွာ​ဘ​ပြု​ပြင်​လေ၏။ 9ဒါ​ဝိဒ်​သည် တိုး​ပွား၍ အား​ကြီး​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။
ဒါ​ဝိဒ်​မင်း​၏​နာ​မည်​ကျော်​စစ်​သူ​ရဲ​များ
(၂ ရာ၊ ၂၃:၈-၃၉)
10ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊ 11ဟ​ခ​မော​နိ​အ​မျိုး ယာ​ရှော​ဗံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက်၊ လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။ 12သူ့​နောက်​မှာ အ​ဟော​ဟိ​အ​မျိုး ဒေါ​ဒေါ​သား​ဧ​လာ​ဇာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ​ပါ၊ သ​ဒ​မ္မိမ်​မြို့​သို့​လိုက်​သော သူ​ရဲ​သုံး​ယောက်​အ​ဝင် ဖြစ်၏။ 13ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ မု​ယော​စ​ပါး​စိုက်​သော လယ်​ကွက်၌​စု​ဝေး၍ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ ပြေး​ကြ​သော်​လည်း၊ 14ထို​သူ​တို့​သည် လယ်​ကွက်​အ​လယ်၌ ရပ်၍​စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။ 15ဗိုလ်​စု​အ​ဝင် သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ကျောက်​ကြား၊ အ​ဒု​လံ​ဥ​မင်​သို့ ဆင်း​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ရေ​ဖိမ်​ချိုင့်၌ တပ်​ချ​လျက်​ရှိ​ကြ၏။ 16ထို​အ​ခါ ဒါ​ဝိဒ်​သည် ရဲ​တိုက်​တွင်​နေ၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဗက်​လင်​မြို့၌​လည်း တပ်​ချ​ကြ၏။ 17ဒါ​ဝိဒ်​က​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊ 18ထို​သူ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍၊ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​သည် မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊ 19ဤ​ရေ​ကို သောက်​သော​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး​ကို ငါ​သောက်​ရ​မည်​လော။ သူ​တို့​သည် ကိုယ်​အ​သက်​ကို​စွန့်​စား၍ ဤ​ရေ​ကို ဆောင်​ခဲ့​ကြ​ပြီ​ဟု​ဆို​လျက် မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။ 20ယွာ​ဘ​ညီ​အ​ဘိ​ရှဲ​သည်​လည်း သူ​ရဲ​သုံး​ယောက်​တွင် အ​ကြီး​ဖြစ်၏။ သူ​သည် လှံ​ကို​ကိုင်၍ လူ​သုံး​ရာ​တို့​ကို တိုက်​ဖျက်​လုပ်​ကြံ​သော​ကြောင့်၊ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ရ​သ​တည်း။ 21သူ​ရဲ​သုံး​ယောက်​တွင် နှစ်​ယောက်​ထက်​သာ၍ မြတ်​သော​ကြောင့် ဗိုလ်​ချုပ်​အ​ရာ​ကို​ရ၏။ သို့​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ 22အ​ထူး​သ​ဖြင့် ပြု​ဖူး​သော​ကပ်​ဇေ​လ​မြို့​သား၊ သူ​ရဲ​ယော​ယ​ဒ၏​သား​ဗေ​နာ​ယ​သည်​လည်း ခြင်္သေ့​နှင့်​တူ​သော မော​ဘ​လူ​နှစ်​ယောက်​ကို သတ်၏။ ဆောင်း​ကာ​လ၌​လည်း၊ အ​ခြား​သို့​သွား၍ မြေ​တွင်း၌​ရှိ​သော ခြင်္သေ့​ကို​သတ်၏။ 23အ​ရပ်​ငါး​တောင်​မြင့်​သော အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ကို ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက် သွား၍၊ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင် ထို​လှံ​နှင့် သူ့​ကို​သတ်၏။ 24ထို​သို့​သော​အ​မှု​တို့​ကို ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် ပြု၍ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ကို​ရ၏။ 25ဗိုလ်​များ​ထက် သာ၍​မြတ်​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ ဒါ​ဝိဒ်​သည် အ​တွင်း​ဝန်​ချုပ်​အ​ရာ​ကို​လည်း ပေး၏။ 26ယွာ​ဘ​ညီ အာ​သ​ဟေ​လ​သည်​လည်း ဗိုလ်​စု​အ​ဝင်​ဖြစ်၏။ ထို​အ​တူ၊ ဗက်​လင်​မြို့​နေ၊ ဒေါ​ဒေါ၏​သား ဧ​လ​ဟာ​နန်၊ 27ဟေ​ရော​ဒိ​အ​မျိုး ရှ​မ္မ၊ ဖာ​လ​တိ​အ​မျိုး ဟေ​လက်၊ 28တေ​ကော​အ​မျိုး ဣ​ကေ​ရှ၏​သား​ဣ​ရ၊ အ​နေ​သော​သိ​အ​မျိုး အ​ဗျေ​ဇာ၊ 29ဟု​ရှ​သိ​အ​မျိုး သိ​ဗေ​ကဲ၊ အ​ဟော​ဟိ​အ​မျိုး ဣ​လဲ၊ 30နေ​တော​ဖာ​သိ​အ​မျိုး မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​အ​မျိုး ဗာ​န၏​သား ဟေ​လက်၊ 31ဗင်္ယာ​မိန်​အ​မျိုး၊ ဂိ​ဗာ​မြို့​နေ၊ ရိ​ဘဲ၏​သား ဣ​တ္တဲ၊ ပိ​ရ​သော​နိ​အ​မျိုး ဗေ​နာ​ယ၊ 32ဂါ​ရှ​ချိုင့်​သား ဟု​ရဲ၊ အာ​ဗ​သိ​အ​မျိုး အ​ဗျေ​လ၊ 33ဗာ​ဟု​မိ​အ​မျိုး အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗော​နိ​အ​မျိုး ဧ​လျာ​ဘ၊ 34ဂိ​ဇော​နိ​အ​မျိုး ယာ​ရှင်၏​သား​တို့​တွင် ယော​န​သန်၊ ဟာ​ရ​ရိ​အ​မျိုး ရှ​မ္မ၊ 35ဟာ​ရ​ရိ​အ​မျိုး ရှာ​ရ၏​သား​အ​ဟိ​အံ၊ ဥ​ရ၏​သား ဧ​လိ​ဖ​လ၊ 36မေ​ခေ​ရ​သိ​အ​မျိုး ဟေ​ဖာ၊ ပေ​လော​နိ​အ​မျိုး အ​ဟိ​ယ၊ 37က​ရ​မေ​လ​အ​မျိုး ဟေ​ဇ​ရဲ၊ ဧ​ဇ​ဗဲ၏​သား နာ​ရဲ၊ 38နာ​သန်၏​ညီ ယော​လ၊ ဟ​ဂ္ဂေ​ရိ၏​သား မိ​ဗ​ဟာ၊ 39အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ​သား ယွာ​ဘ၏ လက်​နက်​ဆောင်​လု​လင်၊ ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊ 40ဣ​သ​ရိ​အ​မျိုး ဣ​ရ၊ ဣ​သ​ရိ​အ​မျိုး ဂါ​ရက်၊ 41ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ၊ အာ​လဲ၏​သား ဇာ​ဗဒ်၊ 42ရု​ဗင်​အ​မျိုး​သား​သုံး​ကျိပ်​ကို အုပ်​သော​ဗိုလ်၊ ရှိ​ဇ၏​သား အ​ဒိ​န၊ 43မာ​ခါ၏​သား ဟာ​နန်၊ မိ​သ​နိ​အ​မျိုး ယော​ရှ​ဖတ်၊ 44အာ​ရှ​တ​ယော​သိ​အ​မျိုး ဩ​ဇိ၊ အာ​ရော်​အ​မျိုး ဟော​သန်၏​သား ရှာ​မ​နှင့်​ယေ​ဟေ​လ၊ 45တိ​ဇိ​အ​မျိုး ရှိ​မ​ရိ၏​သား ယေ​ဒျေ​လ​နှင့် သူ၏​ညီ​ယော​ဟ၊ 46မ​ဟာ​ဝိ​အ​မျိုး ဧ​လျေ​လ၊ ဧ​လ​နန်၏​သား ယေ​ရိ​ဗဲ​နှင့် ယော​ရှ​ဝိ၊ မော​ဘ​အ​မျိုး ဣ​သ​မ​နှင့်​တ​ကွ၊ 47ဧ​လျေ​လ၊ ဩ​ဗက်၊ မေ​ဇော​ဗိတ်​အ​မျိုး ယာ​သေ​လ​တည်း။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ