YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 12

12
ဒါ​ဝိဒ်​မင်း​နောက်​သို့​လိုက်​သူ​များ
1-2ဒါ​ဝိဒ်​သည် ကိ​ရှ၏​သား​ရှော​လု​ကို ရှောင်၍ ဇိ​က​လတ်​မြို့၌​နေ​စဉ်၊ သူ့​ဘက်​သို့ ဝင်​စား​သော​သူ၊ လေး​လက်​နက်​ကို​ဆောင်၍ လက်​ယာ​လက်​လက်​ဝဲ​လက်​မ​ရွေး၊ ကျောက်​နှင့် မြား​ကို​ပစ်​တတ်​သော စစ်​သူ​ရဲ​ကြီး၊ ရှော​လု​ပေါက်​ဖော် ဗင်္ယာ​မိန်​အ​မျိုး​သား​ဟူ​မူ​ကား၊ 3အ​ကြီး​အ​ကဲ အ​ဟေ​ဇာ၊ သူ့​နောက်​ယော​ရှ၊ ဂိ​ဗာ​မြို့​သား​ရှေ​မာ၊ အာ​ဇ​မာ​ဝက်​သား ယေ​ဇေ​လ​နှင့်​ပေ​လက်၊ ဗေ​ရာ​ခ၊ အ​န္တော​သိ​အ​မျိုး ယေ​ဟု၊ 4ဗိုလ်​စု​တွင် ထူး​ဆန်း၍ အ​ကြီး​အ​ကဲ​လုပ်​သော ဂိ​ဗောင်​မြို့​သား​ဣ​ရှ​မာ​ယ၊ ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ ယော​ဟ​နန်၊ ဂေ​ဒ​ရ​သိ​အ​မျိုး ယော​ဇ​ဗဒ်၊ 5ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ ရှေ​မ​ရိ၊ ဟ​ရု​ဖိ​အ​မျိုး ရှေ​ဖ​တိ၊ 6ဧ​လ​ကာ​န၊ ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ ယော​ဇာ၊ ကော​ရ​သိ​အ​မျိုး ယာ​ရှော​ဗ၊ 7ဂေ​ဒေါ်​မြို့​နေ၊ ယေ​ရော​ဟံ​သား ယော​လာ​နှင့် ဇေ​ဗ​ဒိ​တည်း။
ဂဒ်​အ​နွယ်​မှ​ဒါ​ဝိဒ်​နောက်​သို့​လိုက်​သူ​များ
8ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​ရှိ​ရာ တော​ရဲ​တိုက်​သို့ ထွက်​သွား​သော​သူ၊ ခွန်​အား​ကြီး၍ ဒိုင်း​လွှား​ဆောင်​လျက် စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ၊ ခြင်္သေ့​ကဲ့​သို့ မျက်​နှာ​ရဲ၍ တောင်​ပေါ်​မှာ ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​သော​သူ ဂဒ်​အ​မျိုး​သား​ဟူ​မူ​ကား၊ 9ဧ​ဇာ​တစ်​ပါး၊ ဩ​ဗ​ဒိ​တစ်​ပါး၊ ဧ​လျာ​ဘ​တစ်​ပါး၊ 10မိ​ရှ​မ​န္န​တစ်​ပါး၊ ယေ​ရ​မိ​တစ်​ပါး၊ 11အ​တ္တဲ​တစ်​ပါး၊ ဧ​လျေ​လ​တစ်​ပါး၊ 12ယော​ဟ​နန်​တစ်​ပါး၊ ဧ​လ​ဇာ​ဗဒ်​တစ်​ပါး၊ 13ယေ​ရ​မိ​တစ်​ပါး၊ မာ​ခ​ဗာ​နဲ​တစ်​ပါး၊ ပေါင်း​တစ်​ကျိပ်​တစ်​ပါး​တည်း။ 14ဤ​သူ​တို့​သည် ဂဒ်​အ​မျိုး​သား​တွင် ဗိုလ်​လုပ်၍၊ အ​ငယ်​ကား​လူ​တစ်​ရာ၊ အ​ကြီး​ကား​လူ​တစ်​ထောင်​ကို အုပ်​သော​သူ​ဖြစ်​ကြ၏။ 15ယော်​ဒန်​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လွှမ်း​မိုး​သော​ကာ​လ​ပ​ထ​မ​လ​တွင်၊ သူ​တို့​သည်​ကူး၍ မြေ​ညီ​ရာ​အ​ရပ် အ​ရှေ့​အ​နောက်၌ နေ​သော​သူ​အ​ပေါင်း​တို့​ကို ပြေး​စေ​ကြ၏။
ဗင်္ယာ​မိန်​နှ​င့်​ယု​ဒ​အ​မျိုး​သားတို့​မှ​ဒါ​ဝိဒ်​နောက်​သို့လိုက်​သူ​များ
16ဗင်္ယာ​မိန်​အ​မျိုး​သား​နှင့် ယု​ဒ​အ​မျိုး​သား​အ​ချို့​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊ 17ဒါ​ဝိဒ်​သည် ကြို​ဆို​ခြင်း​ငှာ ထွက်​သွား၍၊ ငါ့​ကို​မ​စ​ခြင်း​ငှာ မေ​တ္တာ​စိတ်​နှင့်​လာ​လျှင် ငါ​သ​ဘော​တူ၏။ သို့​မ​ဟုတ် ငါ့​ကို ရန်​သူ​လက်​သို့​အပ်​ခြင်း​ငှာ လာ​လျှင် ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍ ဆုံး​မ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊ 18ဝိ​ညာဉ်​တော်​သည် ဗိုလ်​ချုပ်​အာ​မ​သဲ​အ​ပေါ်​မှာ သက်​ရောက်၍၊ အို​ဒါ​ဝိဒ်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​လူ၊ အို​ယေ​ရှဲ၏​သား​တော်၊ ကိုယ်​တော်​ဘက်​သို့ ဝင်​စား​သော​သူ​ဖြစ်​ပါ၏။ ကိုယ်​တော်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကို​မ​စ​သော​သူ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို မ​စ​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​လေ​သော်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို လက်​ခံ၍ ဗိုလ်​အ​ရာ၌ ခန့်​ထား​လေ၏။
မ​နာ​ရှေ​အ​မျိုးသားမှ​ဒါ​ဝိဒ်​နောက်​သို့​လိုက်​သူ​များ
19ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊ 20မိ​မိ​အ​မျိုး​သား​တို့​တွင် လူ​တစ်​ထောင်​ကို အုပ်​သော​ဗိုလ်၊ အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိ​က္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု၊ ဇိ​လ​သဲ​တည်း။ 21ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဗိုလ်​ကြီး​ဖြစ်၍၊ ဓား​ပြ​လုပ်​သော သူ​တို့​တစ်​ဖက်၌ ဒါ​ဝိဒ်​ကို​မ​စ​ကြ၏။ 22ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​ကဲ့​သို့ ကြီး​စွာ​သော ဗိုလ်​ခြေ​ဖြစ်​သည်​တိုင်​အောင် တစ်​နေ့​ထက်​တစ်​နေ့ ဒါ​ဝိဒ်​ကို​ကူ​ညီ၍ ဝင်​စား​ကြ၏။
ဒါ​ဝိဒ်​တပ်​ဖွဲ့​ဝင်​များ
23ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​အ​တိုင်း၊ ရှော​လု၏​နိုင်​ငံ​ကို ဒါ​ဝိဒ်​လက်​သို့​လွှဲ​ခြင်း​ငှာ ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ လာ​သော​သူ၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​သော တပ်​သား​စာ​ရင်း​ဟူ​မူ​ကား၊ 24ဒိုင်း​နှင့်​လှံ​ကို​ဆောင်၍ စစ်​တိုက်​လက်​နက်​စုံ​နှင့်​ပြည့်​စုံ​သော ယု​ဒ​အ​မျိုး​သား ခြောက်​ထောင်​ရှစ်​ရာ၊ 25ခွန်​အား​ကြီး​သော စစ်​သူ​ရဲ၊ ရှိ​မောင်​အ​မျိုး​သား ခု​နစ်​ထောင်​တစ်​ရာ၊ 26လေ​ဝိ​အ​မျိုး​သား လေး​ထောင်​ခြောက်​ရာ၊ 27အာ​ရုန်​အ​မျိုး​အုပ်၊ ယော​ယ​ဒ​နှင့်​အ​တူ​ပါ​သော အာ​ရုန်​အ​မျိုး​သား သုံး​ထောင်​ခု​နစ်​ရာ၊ 28ခွန်​အား​ကြီး​သော​သူ​ရဲ၊ လူ​ပျို​ဇာ​ဒုတ်​နှင့် သူ၏​အ​ဆွေ​အ​မျိုး တပ်​မှူး​နှစ်​ကျိပ်​နှစ်​ပါး၊ 29ရှော​လု​ပေါက်​ဖော်​ဖြစ်​သော ဗင်္ယာ​မိန်​အ​မျိုး​သား​သုံး​ထောင်၊ ထို​အ​မျိုး​သား​အ​များ​တို့​သည် ရှော​လု​ဘက်​မှာ စောင့်​နေ​ကြ၏။ 30ခွန်​အား​ကြီး၍ အ​ဆွေ​အ​မျိုး​တို့​တွင် ထင်​ရှား​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​နှစ်​သောင်း​ရှစ်​ရာ၊ 31ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ စာ​ရင်း​ဝင်​သော မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က လူ​တစ်​သောင်း​ရှစ်​ထောင်၊ 32ကာ​လ​အ​ချိန်​တို့​ကို နား​လည်၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို သိ​တတ်​သော ဣ​သ​ခါ​အ​မျိုး​သား သူ​ကြီး​နှစ်​ရာ၊ သူ​တို့​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် အ​သင့်​ရှိ​ကြ၏။ 33စိတ်​နှစ်​ခွ​မ​ရှိ၊ တပ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​လျက် စစ်​ချီ၍​တိုက်​တတ်​သော ဇာ​ဗု​လုန်​အ​မျိုး​သား ငါး​သောင်း၊ 34နဿ​လိ​အ​မျိုး​သား ဗိုလ်​တစ်​ထောင်၊ ဒိုင်း​နှင့်​လှံ​ကို ဆောင်​သော​သူ သုံး​သောင်း​ခု​နစ်​ထောင်၊ 35ဒန်​အ​မျိုး​ထဲ​က စစ်​မှူး​စစ်​ရေး၌ လေ့​ကျက်​သော​သူ နှစ်​သောင်း​ရှစ်​ထောင်​ခြောက်​ရာ၊ 36အာ​ရှာ​အ​မျိုး​ထဲ​က ထို​အ​တူ​လေ့​ကျက်၍ စစ်​ချီ​တတ်​သော သူ​လေး​သောင်း၊ 37ယော်​ဒန်​မြစ်​တစ်​ဖက် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က စစ်​တိုက်​လက်​နက်​စုံ အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော​သူ တစ်​သိန်း​နှစ်​သောင်း​တည်း။ 38စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။ 39ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။ 40အ​နီး​အ​ပါး၌ နေ​သော​သူ​တို့​သည်​လည်း၊ သိုး​နွား​နှင့်​တ​ကွ အ​မဲ​သား၊ မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ်​သီး၊ စ​ပျစ်​ရည်၊ ဆီ​တည်း​ဟူ​သော ရိ​က္ခာ​များ​ကို မြည်း၊ ကု​လား​အုတ်၊ လား၊ နွား​အ​ပေါ်​မှာ​တင်​လျက် ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​မှ ပင့်​ဆောင်​ခဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပျော်​မွေ့​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ