YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 22

22
1ထို နောက် ယေ ရှု သည် ထို သူ တို့ အား ဥ ပ မာ ဆောင်၍ ထပ် မံ မိန့် တော် မူ သည် မှာ 2ကောင်း ကင် နိုင် ငံ တော် သည် သား တော့် အ တွက် မင်္ဂ လာ ဆောင် ပွဲ ယဉ် သော ဘု ရင် မင်း တစ် ပါး နှင့် တူ ၏။ 3ဖိတ် ထား သူ တို့ ကို ခေါ် ရန် မင်း စေ များ ကို လွှတ် သည့် ကာ လ မ လာ လို နေ ကြ ရာ၊ 4အ ခြား သော မင်း စေ များ ကို လွှတ် ပြန်၍ ပွဲ တော် ပြင် ဆင် ပြီး နွား စ သော ဆူ ဖြိုး သည့် ဟင်း လျာ များ ကို စီ ရင် ပြီ။ အ ရာ ခပ် သိမ်း အ သင့် ရှိ ပြီ။ မင်္ဂ လာ ဆောင် ပွဲ သို့ လာ ရောက် ကြ ပါ ဟု ဖိတ် ထား သူ တို့ အား ကြား ပြော စေ ရန် မှာ လိုက် သော် လည်း။၊ 5ထို သူ တို့ သည် အ ရေး မ ယူ ဘဲ တစ် ယောက် က ကိုယ့် လယ် ယာ သို့ လည်း ကောင်း၊ တစ် ယောက် က ကုန် စည် ရှိ ရာ သို့ လည်း ကောင်း၊ 6အ သီး သီး သွား ကြ လျက် ကျန် သူ တို့ သည် ထို မင်း စေ များ ကို ဖမ်း ဆီး ဆဲ ရေး သတ် ဖြတ် ကြ သ ဖြင့် 7ဘု ရင် မင်း အ မျက် ထွက်၍ စစ် တပ် များ ကို ချီ စေ ပြီး လျှင် ထို လူ သတ် တို့ ကို ဖျက် ဆီး သည့် ပြင် မြို့ ကို လည်း မီး ရှို့ စေ၏။ 8ထို နောက် ဘု ရင် မင်း က မင်္ဂ လာ ဆောင် ပွဲ အ သင့် ရှိ သော် လည်း ဖိတ် ထား သူ တို့ မှာ မ ထိုက် တန် ကြ။ 9ထို ကြောင့် လမ်း ဆုံ များ သို့ သွား၍ တွေ့ သ မျှ သော သူ တို့ ကို ပွဲ ဝင် ရန် ဖိတ် ခဲ့ ကြ ဟု မင်း စေ တို့ အား အ မိန့် ရှိ ကြ သည့် အ တိုင်း 10လမ်း များ သို့ သွား၍ လူ ဆိုး လူ ကောင်း တွေ့ သ မျှ တို့ ကို စု ရုံး ခေါ် သွင်း သ ဖြင့် ပွဲ နေ ပွဲ ထိုင် အ ပြည့် ရှိ၏။ 11ဘု ရင် မင်း မြတ် သည် ပွဲ ထိုင် တို့ ကို ကြည့် ရှု ရန် ဝင် လာ သော် မင်္ဂ လာ ဆောင် အ ဝတ် မ ဆင် သူ တစ် ယောက် ကို မြင်၍ 12အ ဆွေ မင်္ဂ လာ ဆောင် အ ဝတ် မ ဆင် ဘဲ မည် သို့ ဝင် ဝံ့ သ နည်း ဟု မေး သော် မ ဖြေ နိုင် ဘဲ ရှိ နေ၏။ 13ထို အ ခါ ဘု ရင် မင်း က သူ့ ကို လက် ရော ခြေ ရော တုတ် နှောင် ထုတ် သွား ပြီး လျှင် ပြင် ပ မှောင် ထဲ သို့ ပစ် ချ ကြ ဟု အ မှု ထမ်း တို့ အား အ မိန့် ရှိ၏။ ထို အ ရပ်၌ ငို ကြွေး ခြင်း၊ အံ ကြိတ် ခြင်း ရှိ ရ လ တ္တံ။ 14အ ဖိတ် ခံ ရ သူ များ သော် လည်း ရွေး ကောက် ခံ ရ သူ နည်း သည် ဟု မိန့် တော် မူ၏
15ထို အ ခါ ဖာ ရိ ရှဲ တို့ သည် သွား၍ ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ ရန် တိုင် ပင် ကြံ စည် ကြ ပြီး လျှင် ကိုယ့် တ ပည့် များ ကို 16ဟေ ရုဒ် မင်း ဘက် တော် သား များ နှင့် တ ကွ အ ထံ တော် သို့ စေ လွှတ် လျက် ဆ ရာ သည် သ စ္စာ စောင့် သူ ဖြစ် သည့် အ လျောက် မည် သည် ကို မျှ အ မှု မ ထား၊ လူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း ကျွန်ုပ် တို့ သိ ကြာ ပါ သည်။ သို့ ဖြစ်၍ မည် သို့ ထင် ပါ နည်း။ 17ကဲ သာ မင်း အား အ ခွန် ဆက် အပ် သ လော။ မ ဆက် အပ် သ လော အ မိန့် ရှိ တော် မူ ပါ ဟု ပြော ဆို မေး မြန်း ကြ ရာ 18ယေ ရှု သည် ထို သူ တို့၏ ဆိုး သွမ်း ခြင်း ကို သိ မြင်၍ အ ချင်း သီ လ ကြောင် တို့၊ ငါ့ ကို အ ဘယ့် ကြောင့် စုံ စမ်း ကြ သ နည်း။ 19အ ခွန် ငွေ ကို ပြ ကြ ဟု မိန့် တော် မူ သ ဖြင့် ငွေ တစ် ကျပ် ကို ယူ ခဲ့ ကြ သော်၊ 20ဤ ပုံ နှင့် က မ္ပည်း ကား မည် သူ့ ပုံ မည် သူ့ က မ္ပည်း နည်း ဟု မေး တော် မူ လျှင်၊ 21ကဲ သာ မင်း ၏ ပုံ နှင့် က မ္ပည်း ဖြစ် ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ သို့ ဖြစ် လျှင် ကဲ သာ မင်း ပိုင် ဆိုင် ရာ များ ကို ကဲ သာ မင်း အား လည်း ကောင်း၊ ဘု ရား သ ခင့် ပိုင် ဆိုင် တော် မူ ရာ များ ကို ဘု ရား သ ခင် အား လည်း ကောင်း ဆက် ကြ လော့ ဟု မိန့် တော် မူ ၏။ 22ထို သူ တို့ သည် ကြား ကြ သော် အံ့ သြ လျက် အ ထံ တော် မှ ထွက် သွား ကြ၏။
23ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု အ ယူ ယူ သော ဇ ဒ္ဒု ကဲ တို့ လည်း ထို နေ့ တွင် ပင် ချဉ်း လာ လျက် 24ဆ ရာ မော ရှေ က သား မ ရှိ ဘဲ လူ တစ် ဦး သေ လျှင် သူ့ ညီ သည် မု ဆိုး မ နှင့် မတ် ဝတ် ပြု၍ အစ် ကို့ အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ ရ မည် ဟု ဆို ခဲ့ ရာ 25ကျွန်ုပ် တို့ တွင် ညီ အစ် ကို ခု နစ် ယောက် ရှိ ဖူး ပါ သည်။ ပ ဌ မ လူ သည် အိမ် ထောင် ဘက် ပြု၍ သား မ ရှိ ဘဲ သေ ဆုံး သ ဖြင့် မု ဆိုး မ ကို ညီ နှင့် ထား ခဲ့ ပါ သည်။ 26ထို နည်း တူ ဒု တိ ယ လူ တ တိ ယ လူ စ သည် တို့ သည် သ တ္တ မ လူ တိုင် အောင် ပြု ကြ ပါ သည်။ 27နောက် ဆုံး၌ မိန်း မ လည်း သေ ပါ သည်။ 28ထို ကြောင့် ရှင် ပြန် ထ မြောက် ရာ ကာ လ တွင် ထို မိန်း မ သည် ညီ အစ် ကို ခု နစ် ယောက် အ နက် မည် သူ့ မ ယား ဖြစ် ပါ မည် နည်း။ အား လုံး ယူ ဘူး ကြ ပါ သည် ဟု ပြော ဆို မေး မြန်း ကြ သော် 29ယေ ရှု က သင် တို့ သည် ကျမ်း စာ ကိုလည်း ကောင်း၊ ဘု ရား သ ခင့် တန် ခိုး တော် ကိုလည်း ကောင်း၊ မ သိ သ ဖြင့် မှောက် မှား ကြ၏။ ရှင် ပြန် ထ မြောက် ရာ ကာ လ တွင် 30အိမ် ထောင် ခြင်း၊ ပေး စား ခြင်း မ ရှိ၊ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် တို့ ကဲ့ သို့ ဖြစ် ကြ၏။ 31သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ကို ဆို လျှင် 32ငါ သည် အာ ဗြ ဟံ၏ ဘု ရား ဣ ဇာက်၏ ဘု ရား ယာ ကုပ်၏ ဘု ရား ဖြစ် သည် ဟူ၍ သင် တို့ အား ဘု ရား သ ခင် ပေး တော် မူ သော ဗျာ ဒိတ် တော် ကို မ ဖတ် ဘူး ကြ လော။ ဘု ရား သ ခင် သည် သူ သေ တို့ ၏ ဘု ရား မ ဟုတ်။ သူ ရှင် တို့၏ ဘု ရား ဖြစ် တော် မူ သည် ဟု မိန့် တော် မူ၏။ 33လူ ပ ရိ သတ် ကြား သော် ဒေ သ နာ တော် ကို အံ့ သြ ကြ၏။
34ဇ ဒ္ဒု ကဲ တို့ အား မ ချေ မ ပ နိုင် အောင် မိန့် တော် မူ လိုက် ကြောင်း ကို ဖာ ရိ ရှဲ တို့ ကြား သော် စည်း ဝေး ကြ၍ ၎င်း တို့ အ နက် 35ကျမ်း တတ် တစ် ယောက် က ကိုယ် တော် ကို စုံ စမ်း လျက် 36ဆ ရာ ပ ည တ္တိ ကျမ်း တွင် ပ ညတ် ကြီး ကား မည် သည့် ပ ညတ် ပါ နည်း ဟု မေး ရာ 37ကိုယ် တော် က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ ဉာဏ် 38သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ သော အ ချက် သည် ပ ညတ် ဦး ပ ညတ် ကြီး ဖြစ် သည်။ 39အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် သ ဘော တူ သော ဒု တိ ယ ပညတ် ဖြစ် သည်။ 40ပ ည တ္တိ ကျမ်း ပ ရော ဖက် ကျမ်း ရှိ သ မျှ မှာ ထို ပ ညတ် နှစ် ပါး ကို မှီ တွဲ သည် ဟု မိန့် တော် မူ ၏။
41-42ဖာ ရိ ရှဲ တို့ စည်း ဝေး လျက် ရှိ ကြ စဉ် ယေ ရှု က ခ ရစ် တော့် အ ကြောင်း ကို မည် သို့ ထင် မှတ် ကြ သ နည်း၊ မည် သူ့ သား နည်း ဟု မေး တော် မူ သော် ဒါ ဝိဒ် မင်း သား တော် ပေ တည်း ဟု ဖြေ ဆို ကြ ရာ 43-44သို့ ဖြစ် လျှင် ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ အောက် ငါ မ ချ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း ဒါ ဝိဒ် မြွက် ဆို လျက် ဝိ ညာဉ် တော် အား ဖြင့် အ ရှင် ဘု ရား ဟု ခေါ် သည် မှာ မည် သို့ နည်း။ 45ခ ရစ် တော် ကို အ ရှင် ဘု ရား ဟု ဒါ ဝိဒ် ခေါ် လျှင် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မေး တော် မူ ပြန် သော် မည် သူ မျှ တစ် ခွန်း တ ပါ ဒ မ ဖြေ မ ဆို နိုင်။ ထို နေ့ က စ၍ လည်း ထပ် မံ မ မေး မ စမ်း ဝံ့ ချေ။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 22: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 22 အကြောင်း ဗီဒီယိုများ