YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 21

21
1ယေ ရု ရှ လင် အ နီး သံ လွင် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ သို့ ရောက် ကြ သော် ယေ ရှု သည် တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက်၊ 2ရှေ့ ရွာ သို့ သွား ကြ၊ မြည်း ငယ် နှင့် တ ကွ မြည်း မ တစ် ကောင် ကို ချည် ထား သည် ကို ချက် ခြင်း တွေ့ လိမ့် မည်။ ဖြည်၍ ဆွဲ ခဲ့ ကြ။ 3ကန့် ကွက် သူ ရှိ လျှင်၊ အ ရှင် ဘု ရား အ လို တော် ရှိ သည် ဟု ဆို ကြ၊ ချက် ခြင်း ပေး လိုက် လိမ့် မည် ဟူ၍ မှာ တော် မူ လိုက် သည်။ 4-5ထို သို့ ပြု သည် မှာ ဘု ရင် မင်း သည် သိမ့် မွေ့ သော စိတ် ရှိ လျက် ဝန် ဆောင် တိ ရ စ္ဆာန့် သား မြည်း ကို စီး ကြွ ကြောင်း၊ သ တို့ သ မီး ဇိအုန် အား ကြား ပြော ကြ လော့ ဟူ ၍ ပ ရော ဖက် ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ 6တ ပည့် တော် တို့ သည် ယေ ရှု စီ ရင် တော် မူ သည့် အ တိုင်း သွား ၍ ဆောင် ရွက် ပြီး လျှင်၊ 7မြည်း မ နှင့် တ ကွ မြည်း ငယ် ကို ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် ကြ ပြီး နောက် ကိုယ် တော် စီး တော် မူ ရာ။ 8လူ ပ ရိ သတ် အ နက် အ များ တို့ သည် ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း လျက် အ ချို့ က သစ် ခက် သစ် လက် များ ကို ခုတ် ပြီး လျှင် စီ ခင်း ကြ၏။ 9ရှေ့ နောက် လိုက် ပါ သူ လူ ပ ရိ သတ် က လည်း ဒါ ဝိဒ် မင်း သား တော် အား အောင် သံ ပေး ကြ ပါ စေ။ ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ သော အ ရှင်၌ မင်္ဂ လာ ရှိ ပါ စေ သော၊ ကောင်း ကင် ဘ ဝဂ် ဝယ် လည်း အောင် သံ ပေး ကြ ပါ စေ သ တည်း ဟူ၍ ကြွေး ကြော် ကြ ကုန် ၏။ 10ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ တွင်း သို့ ရောက် တော် မူ သော် တစ် မြို့ လုံး ထ ကြွ၍ မည် သူ ပါ နည်း ဟု မေး မြန်း ကြ သည့် ကာ လ လူ ပ ရိ သတ် က၊ 11ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ မှ ပ ရော ဖက် ယေ ရှု ဖြစ် သည် ဟု ဖြေ ဆို ကြ၏။
12ယေ ရှု သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ အ ပေါင်း တို့ ကို နှင် ထုတ်၍ ကြေး ငွေ လဲ လှယ် သူ တို့ ၏ စား ပွဲ များ နှင့် ချိုး ရောင်း သော သူ တို့၏ ထိုင် ခုံ များ ကို မှောက် လှန် တော် မူ လျက် 13ငါ့ ဗိ မာန် ကို ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် ကြ လိမ့် မည်။ ကျမ်း ချက် ရှိ သော် လည်း သင် တို့ သည် ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ မိန့် တော် မူ၏။ 14ထို နောက် မျက် မ မြင် သူ ခြေ ဆွံ သူ တို့ သည် ဗိ မာန် တော် တွင် ကိုယ် တော့် ထံ ချဉ်း ကပ် ကြ သည့် အ တိုင်း ကျန်း မာ စေ တော် မူ၏။ 15ထို သို့ ပြု တော် မူ သော အံ့ ဖွယ် ရာ များ ကို လည်း ကောင်း၊ ဒါ ဝိဒ် မင်း သား တော် အား၊ အောင် သံ ပေး ကြ ပါ စေ ဟု၊ ဗိ မာန် တော် တွင် ကြွေး ကြော် သော သူ ငယ် တို့ ကို လည်း ကောင်း၊ ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ မြင် ကြ သော် အ မျက် ထွက် သ ဖြင့် 16ဤ သူ ငယ် တို့ မည် သို့ ကြွေး ကြော် သည် ကို ကြား၏ လော ဟု မေး ကြ ရာ ယေ ရှု က ငါ ကြား၏။ နို့ စို့ နို့ ညှာ သူ ငယ် တို့ နှုတ် ဖြင့် ထော မ နာ ကို ဖြည့် စွက် တော် မူ ပြီ ဟူ သော အ ချက် ကို မ ဖတ် ဘူး ကြ သလော ဟု မိန့် တော် မူ ပြီး လျှင်၊ 17ထို သူ တို့ ရှိ ရာ မှ မြို့ ပြင် ဗေ သ နိ ရွာ သို့ ထွက် ကြွ တည်း ခို တော် မူ၏။
18နံ နက် အ ခါ မြို့ သို့ ပြန် ကြွ တော် မူ စဉ် ဆာ မွတ် သ ဖြင့် 19သ ဖန်း တစ် ပင် ကို လမ်း တွင် မြင်၍ သွား ရောက် သော် အ ရွက် များ ကို သာ တွေ့ တော် မူ သည် နှင့် ယ ခု က စ၍ ကာ လ အ စဉ် အ သီး မ သီး စေ ရ ဟု မိန့် တော် မူ လျှင် မူ ခြင်း ထို အ ပင် သွေ့ ခြောက် လေ၏။ 20မြင် ကြ သော တ ပည့် တော် တို့ အံ့ သြ လျက် သ ဖန်း ပင် ချက် ခြင်း သွေ့ ခြောက် သည် မှာ မည် သို့ နည်း ဟု ဆို ကြ ရာ 21ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။ 22ယုံ ကြည် လျက် လျှောက် တောင်း သ မျှ ကို လည်း ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
23ဗိ မာန် တော် သို့ ရောက်၍ ဒေ သ နာ ပေး လျက် ရှိ နေ တော် မူ စဉ် ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ သည် ချဉ်း ကပ် လာ၍ ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု သ နည်း။ မည် သူ က အ ခွင့် အာ ဏာ အပ် ပေး သ နည်း ဟု မေး ကြ ရာ၊ 24ယေ ရှု က ငါ သည် သင် တို့ ကို ပု စ္ဆာ တစ် ချက် မေး ဦး မည်။ ဖြေ ဆို ကြ လျှင် ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ ပြော မည်။ 25ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ မှာ အ ဘယ် က နည်း။ ကောင်း ကင် မှ လော၊ လူ တို့ မှ လော ဟု ပြန်၍ မေး တော် မူ သော် ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ့် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။ 26လူ တို့ မှ ဖြစ် လာ သည် ဖြေ လျှင် မူ ကား ပြည် သူ ပြည် သား တို့ ကို ကြောက် ရ သည်။ ယော ဟန် ကို ပ ရော ဖက် အ ဖြစ် ရှိ သ မျှ တို့ မှတ် ယူ လျက် နေ ကြ သည် ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ ပြီ လျှင် 27ငါ တို့ မ သိ ဟု ယေ ရှု အား ဖြေ ဆို ကြ၏။ ထို အ ခါ ကိုယ် တော် က ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ လည်း ပြော မည် မ ဟုတ်။ 28မည် သို့ ထင် မှတ် ကြ သ နည်း။ လူ တစ် ဦး တွင် သား နှစ် ယောက် ရှိ ရာ သား ဦး ထံ လာ ပြီး လျှင် ငါ့ သား ငါ့ စ ပျစ် ဥ ယျာဉ် တွင် ယ နေ့ သွား ရောက်၍ လုပ် ကိုင် လော့ ဟု ဆို သော် 29မ သွား လို ဟု ငြင်း ဆို သော် လည်း နောင် တ ရ၍ သွား၏။ 30သား ငယ့် ထံ လာ၍ အ ထက် နည်း ဆို သော် သွား ပါ မည် အ ရှင် ဟု ဝန် ခံ သော် လည်း မ သွား ဘဲ နေ၏။ 31ထို သား နှစ် ယောက် အ နက် အ ဘ အ လို ကို မည် သူ ဆောင် ရွက် သ နည်း ဟု မေး မြန်း တော် မူ သည့် ကာ လ သား ဦး ဆောင် ရွက် ပါ သည် ဟု ဖြေ ဆို ကြ သော် ယေ ရှု က အ ခွန် ကောက် နှင့် ပြည့် တန် ဆာ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ သင် တို့ အ ရင် ဝင် ကြ သည် ငါ အ မှန် ဆို၏။ 32အ သို့ ဆို သော် ယော ဟန် သည် ဖြောင့် မတ် ခြင်း နည်း လမ်း အ တိုင်း သင် တို့ ထံ ရောက် လာ သော် လည်း သင် တို့ မ ယုံ ကြည် ကြ။ အ ခွန် ကောက် နှင့် ပြည့် တန် ဆာ တို့ ယုံ ကြည် လျက် ပင် ထို အ ကြောင်း ကို မြင် သော သင် တို့ သည် နောင် တ ရ၍ ယုံ ကြည် ကြ သည် မ ဟုတ်။ 33အ ခြား သော ဥ ပ မာ ကို နား ထောင် ကြ ဦး လော့။ မြေ့ ရှင် တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး စည်း ရိုး ဝိုင်း ကာ၍ ဖိ နင်း ရာ ကျင်း ကို တူး ဖော် မြော် စင် ကို လည်း ဆောက် လုပ် ပြီး နောက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား၍ အ ခြား ပြည် သို့ ထွက် သွား၏။ 34သီး ချိန် တန် သည့် ကာ လ သီး ခွန် ကောက် ယူ စေ ရန် ကျွန် တို့ ကို စေ လွှတ် လိုက် ရာ 35ဥ ယျာဉ် သ မား တို့ သည် ဖမ်း ဆီး၍ တစ် ယောက် ကို ရိုက် နှက် တစ် ယောက် ကို သတ် ဖြတ် တစ် ယောက် ကို ပစ် ခတ် ကြ၏။ 36တစ် ဖန် ထို ထက် များ သော ကျွန် တို့ ကို စေ လွှတ် ပြန် ရာ အ ထက် နည်း တူ ပြု ကြ၏။ 37နောက် ငါ့ သား ကို ရို သေ ကျို့ နွံ ကြ လိမ့် မည် ဟု အောက် မေ့၍ သား ကို လွှတ် လိုက် ရာ 38ဥ ယျာဉ် သ မား တို့ မြင် ကြ သော် ဤ သူ ကား အ မွေ ခံ ဖြစ်၏။ လာ ကြ သူ ကို သတ်၍ အ မွေ ကို အ ပိုင် ယူ ကြ ကုန် အံ့ ဟု တိုင် ပင် လျက် ဖမ်း ဆီး ပြီး လျှင် 39ဥ ယျာဉ် ပြင် သို့ ထုတ်၍ သတ် ကြ၏။ 40ဥ ယျာဉ့် ရှင် ရောက် လာ သည့် ကာ လ ထို ဥ ယျာဉ် သ မား တို့ ကို မည် သို့ ပြု မည် နည်း ဟု မေး တော် မူ သော်။ 41သူ တို့ က ထို လူ ဆိုး တို့ ကို ရက် စက် စွာ ဖျက် ဆီး ပြီ လျှင် ရာ သီ အ လျောက် သီး ခွန် ပေး အပ် မည့် အ ခြား သော ဥ ယျာဉ် သ မား တို့ အား စ ပျစ် ဥ ယျာဉ် ကို အ ငှား ချ ထား လိမ့် မည် ဟု ဖြေ ဆို ကြ၏။ 42ယေ ရှု က လည်း တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် ထောင့် စွန်း ကျောက် ဖြစ် လာ၏ ထို အ မှု အ ရာ သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ဖြစ်၍ ငါ တို့ မျက် မှောက် တွင် အံ့ သြ ဖွယ် ဖြစ် သည် ဟု ကျမ်း စာ၌ မ ဖတ် ဘူး ကြ လော။ 43ထို့ ကြောင့် ငါ ဆို သည် ကား ဘု ရား သ ခင့် နိုင် ငံ တော် ကို သင် တို့ ထံ မှ နုတ် ပြီး လျှင် နိုင် ငံ တော် ဆိုင် ရာ အ သီး သီး သော လူ မျိုး အား လွှဲ အပ် တော် မူ လိမ့် မည်။ 44၎င်း ပြင် ဤ ကျောက် ပေါ် သို့ လဲ ကျ သူ သည် ကျိုး ပဲ့ လိမ့် မည်။ မည် သူ့ အ ပေါ် မ ဆို ဤ ကျောက် ကျ လျှင် မူ ကား ညက် ညက် ကျေ လိမ့် မည် ဟု မိန့် တော် မူ၏။ 45ထို ဥ ပ မာ များ ကို ပ ရော ဟိတ် ကြီး နှင့် ဖာ ရိ ရှဲ တို့ ကြား ကြ သော် သူ တို့ နှင့် စပ်၍ မိန့် တော် မူ ကြောင်း ကို သိ မြင် သ ဖြင့် 46ဖမ်း ဆီး ရန် ရှာ ကြံ သော် လည်း ပ ရော ဖက် အ ဖြစ် မှတ် ယူ သော လူ ပ ရိ သတ် ကို ကြောက် ရွံ့၍ နေ ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 21: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 21 အကြောင်း ဗီဒီယိုများ