ရှင်~မဿဲ။ 19
19
1ထို သို့ မိန့် တော် မူ ပြီး သည့် ကာ လ ယေ ရှု သည် ဂါ လိ လဲ နယ် မှ ထွက်၍ ယော် ဒန် မြစ် တစ် ဖက် ယု ဒ နယ် သို့ ရောက် တော် မူ သော် 2ကြီး စွာ သော လူ ပ ရိ သတ် လိုက် လာ ကြ ရာ သူ နာ တို့ ကို ထို အ ရပ် တွင် ကျန်း မာ စေ တော် မူ ၏။
3ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ချဉ်း ကပ်၍ မည် သည့် အ ကြောင်း နှင့် မ ဆို မ ယား ကို ကွာ အပ် သ လော ဟု စုံ စမ်း လျက် မေး မြန်း ကြ သော် 4ကိုယ် တော် က အ စ အဦး ၌ ဖန် ဆင်း သော အ ရှင် သည် ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ပြီး လျှင် 5ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ၍ မ ယား နှင့် စုံ ဘက် သ ဖြင့် ထို သူ နှစ် ဦး သည် တစ် သား တည်း ဖြစ် ရ လိမ့် မည် ဟူ၍ ဗျာ ဒိတ် တော် ရှိ သည် ကို သင် တို့ မ ဖတ် ဘူး ကြ သလော။ 6သို့ ဖြစ်၍ လင် မ ယား သည် နှစ် ဦး မ ဟုတ်။ တစ် သား တည်း ဖြစ် သည် နှင့် ဘု ရား သ ခင် တွဲ ဖက် တော် မူ သော သူ တို့ ကို လူ မ ခွဲ မ ခွာ ရ ဟု မိန့် တော် မူ ၏။ 7ဖာ ရိ ရှဲ တို့ က လည်း သို့ ဖြစ် လျှင် ဖြတ် စာ ပေး၍ ကွာ စေ ရန် မော ရှေ အ ဘယ့် ကြောင့် ပ ညတ် သ နည်း ဟု မေး ပြန် ကြ သော်၊ 8သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် မော ရှေ သည် မ ယား ကွာ ခွင့် ပြု ရ၏။ 9အ စ အဦး ၌ မူ ကား ထို သို့ မ ဟုတ်။ ငါ ဆို သည် မှာ မည် သူ မ ဆို မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု လျှင် သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ် သည် ဟု မိန့် တော် မူ ရာ၊ 10တ ပည့် တော် တို့ က လင် မ ယား မှု မှာ ဤ သို့ ဖြစ် လျှင် အိမ် ထောင် ဘက် ပြု ရန် မ သင့် ပါ ဟု လျှောက် ထား ကြ သော်၊ 11ထို စ ကား ကို လူ တိုင်း မ ခံ မ ယူ နိုင်၊ နာ ယူ ခွင့် ရ သူ တို့ သာ ခံ ယူ နိုင် ကြ၏။ 12အ မိ ဝမ်း တွင်း ပါ မိန်း မ စိုး များ လူ ပြု ပြင်၍ ဖြစ် သော မိန်း မ စိုး များ ပြင် ကောင်း ကင် နိုင် ငံ တော် အ တွက် ကိုယ် ကို ချုပ် တည်း၍ ဖြစ် သော မိန်း မ စိုး များ ရှိ၏။ ထို စ ကား ကို ခံ ယူ နိုင် သော သူ ခံ ယူ စေ ဟု မိန့် တော် မူ၏။
13ထို နောက် လက် တော် တင်၍ ပ ဌ နာ ပြု ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ ဆုံး မ ကြ သည် နှင့်၊ 14ယေ ရှု က သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ကောင်း ကင် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ တော် ဖြစ် သည် ဟု မိန့် တော် မူ လျက် 15သူ ငယ် တို့ အ ပေါ် တွင် လက် တော် တင် ပြီး မှ ထွက် ကြွ တော် မူ၏။
16ထို အ ခါ လူ တစ် ယောက် သည် ချဉ်း လာ၍ ဆ ရာ ထာ ဝ ရ အ သက် ရ ခြင်း ငှာ မည် သည့် ကောင်း မှု ကို ပြု ရ ပါ မည် နည်း ဟု မေး သော် 17ကိုယ် တော် က ကောင်း မှု နှင့် စပ်၍ ငါ့ ကို အ ဘယ် ကြောင့် မေး သ နည်း။ ကောင်း သော အ ရှင် တစ် ပါး သာ ရှိ သည်။ အ သက် ရှင် ရာ သို့ သင် ဝင် လို လျှင် ပ ညတ် တော် များ ကို စောင့် ရှောက် လော့ ဟု မိန့် တော် မူ ၏။ 18ထို သူ က လည်း မည် သည့် ပ ညတ် တော် များ နည် ဟု မေး ပြန် သော် ယေ ရှု က သူ့ အ သက် ကို မ သတ် နှင့်။ သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ မု သာ သက် သေ ကို မ ခံ နှင့်။ 19မိ ဘ ကို ရို သေ သ မှု ပြု လော့၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟု မိန့် တော် မူ သည့် ကာ လ၊ 20ပျို ရွယ် သူ က ထို ပ ညတ် တော် ရှိ သ မျှ တို့ ကို စောင့် ရှောက် ပါ ပြီ၊ မည် သည့် အ ရာ လို ပါ သေး သ နည်း ဟု မေး ပြန် သော် 21ယေ ရှု က သင် စုံ လင် လို လျှင် သွား၍ ပ စ္စည်း များ ကို ရောင်း ချ လျက် သူ ဆင်း ရဲ တို့ အား ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ဘဏ္ဍာ ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။ 22ထို စ ကား ကို ပျို ရွယ် သူ ကြား လျှင် ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သော ကြောင့် နှ လုံး မ သာ ထွက် သွား လေ၏။ 23ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က သူ ဌေး သူ ကြွယ် သည် ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ခဲ လေ စွ။ ငါ အ မှန် ဆို၏။ 24တစ် နည်း သူ ဌေး သူ ကြွယ် သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရန် ထက် ကု လား အုပ် သည် အပ် န ဖား ကို လျှို ရန် လွယ် ကူ သည် ငါ ဆို၏ ဟု မိန့် တော် မူ သော်၊ 25ကြား သော တ ပည့် တော် တို့ အ လွန် အံ့ သြ လျက် သို့ ဖြစ် လျှင် ကယ် တင် ခြင်း သို့ မည် သူ ရောက် နိုင် အံ့ နည်း ဟု မေး လျှောက် ကြ ရာ ယေ ရှု သည် ရှု ကြည့် တော် မူ လျက် 26ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။ 27ထို ကာ လ ပေ တ ရု က တ ပည့် တော် တို့ သည် အ လုံး စုံ စွန့် ခဲ့ ပြီ လျှင် နောက် တော် က လိုက် ကြ ပါ ပြီ။ သို့ ဖြစ်၍ မည် သည့် ဆု ကို ရ ပါ အံ့ နည်း ဟု မေး လျှောက် သော်၊ 28ယေ ရှု က လူ့ သား သည် အ သစ် ပြု ပြင် ရာ ကာ လ ဘုန်း တော် ဆိုင် ရာ ပ လ္လင့် ပေါ် တွင် ထိုင် တော် မူ သော အ ခါ ငါ့ နောက် လိုက် ခဲ့ သော သင် တို့ လည်း ဆယ့် နှစ် ပ လ္လင် ပေါ် တွင် ထိုင် လျက် ဣ သ ရေ ေလ တစ် ဆယ့် နှစ် နွယ် ကို တ ရား စီ ရင် ရ ကြ လ တ္တံ။ 29ငါ့ နာ မ အ တွက် ကြောင့် ညီ အစ် ကို၊ မောင် နှ မ၊ မိ ဘ၊ သား သ မီး၊ အိမ် မြေ များ ကို စွန့် ခဲ့ သူ တိုင်း အ ဆ များ စွာ ပင် ထာ ဝ ရ အသက် ကို အ ပိုင် ရ လိမ့် မည်။ 30သို့ ရာ တွင် အ ဦး ဆုံး ကျ သူ အ များ သည် နောက် ဆုံး ကျ လိမ့် မည်၊ နောက် ဆုံး ကျ သူ အ များ လည်း အ ဦး ဆုံး ကျ လိမ့် မည်။
လက်ရှိရွေးချယ်ထားမှု
ရှင်~မဿဲ။ 19: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.