YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 11

11
1တ ပည့် တော် တစ် ဆယ့် နှစ် ပါး ကို ထို သို့ မိန့် မှာ တော် မူ ပြီး သည့် ကာ လ မြို့ ရွာ များ တွင် သွန် သင် ဟော ပြော ရန် ထို အ ရပ် မှ ထွက် ကြွ တော် မူ၏။
2ထို အ ခါ ယော ဟန် သည် ခ ရစ် တော် ဆောင် ရွက် တော် မူ သော အ မှု အ ရာ များ ကို ထောင် ထဲ တွင် ကြား သော် တ ပည့် တို့ ကို လွှတ် လိုက် ပြီး လျှင်၊ 3ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း 4ယေ ရှု က၊ သင် တို့ ကြား သ မျှ မြင် သ မျှ ကို ယော ဟန် အား ပြန်၍ ကြား ပြော ကြ လော့။ 5မျက် မ မြင် သူ တို့ သည် မြင် ခွင့်၊ ခြေ ဆွံ့ သူ တို့ သည် လှမ်း သွား ခွင့်၊ နူ သူ တို့ သည် သန့် ခွင့်၊ နား ပင်း သူ တို့ သည် ကြား ခွင့်၊ သေ သူ တို့ သည် ရှင် ပြန် ခွင့်၊ ဆင်း ရဲ သူ တို့ သည် သ တင်း တော် မြတ် နာ ယူ ခွင့် များ ကို ရ ကြ၏။ 6ငါ၌ တိုက် လဲ ရန် အ ကြောင်း မ တွေ့ သူ တိုင်း မင်္ဂ လာ ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ 7ထို သူ တို့ ထွက် သွား ကြ သော် ယေ ရှု သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။ 8မည် သည့် အ ရာ ကို ရှု ကြည့် ရန် ထွက် သွား ကြ သ နည်း။ နူး ညံ့ သော ဝတ် စား ဆင် ယင် သူ လော။ ထို သို့ ဆင် ယင် သူ တို့ သည် နန်း တော် များ၌ ရှိ နေ ကြ ၏။ 9မည် သည့် အ ကြောင်း ကြောင့် ထွက် သွား ကြ သ နည်း။ ပ ရော ဖက် ကို ရှု ကြည့် ရန် လော။ ဟုတ် မှန်၏။ ပ ရော ဖက် ထက် လည်း ကြီး မြတ် သူ ဖြစ် သည် ငါ ဆို၏။ 10နား ထောင် ကြ ဦး၊ သင် သွား ရာ လမ်း ကို ပြင် ဆင် မည့် ရှေ့ တော် ပြေး တ မန် တော် ကို ငါ စေ လွှတ် သည် ဟူ သော ကျမ်း ချက် မှာ ထို သူ့ ကို ရည် ဆောင် သ တည်း။ 11မိန်း မ တို့ ဖွား မြင် သူ များ အ နက် ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ထက် ကြီး မြတ် သူ မ ပေါ် မ ရှိ။ သို့ ရာ တွင် ကောင်း ကင် နိုင် ငံ တော်၌ သိမ် ငယ် သော သူ ပင် ထို သူ ထက် ကြီး မြတ် သည် ငါ အ မှန် ဆို၏။ 12ဗ တ္တိ ဇံ ဆ ရာ ယော ဟန့် လက် ထက် မှ ယ ခု တိုင် ကောင်း ကင် နိုင် ငံ တော် သည် အ နိုင့် အ ထက် ပြု ခြင်း ကို ခံ ရ သည့် အ လျောက် အ နိုင့် အ ထက် ပြု သူ တို့ သိမ်း ယူ ကြ သည် တ ကား။ 13ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ရှိ သ မျှ သည် ယော ဟန့် လက် ထက် တိုင် ဟော ပြော လျက် ရှိ သေး၏။ 14သင် တို့ သိ လို လျှင် ဤ သူ ကား လာ ရ ဦး မည့် ဧ လိ ယ တည်း။ 15နား ရှိ သူ ကြား နာ စေ။ 16ယ ခု လူ မျိုး ကို ငါ သည် မည် သို့ ပုံ နှိုင်း ရ အံ့ နည်း။ စျေး၌ ထိုင်၍ အ ပေါင်း အ ဖော် တို့ ကို ခေါ် လျက်၊ 17ငါ တို့ တီး မှုတ် သော် လည်း သင် တို့ မ က ကြ။ မြည် တမ်း သော် လည်း ရင် မ တီး ကြ ဟု ဆို သော သူ ငယ် တို့ နှင့် တူ ကြ၏။ 18ယော ဟန် သည် မ စား မ သောက် ဘဲ ရောက် လာ သော်၊ 19နတ် ပူး သူ ဟူ၍ လည်း ကောင်း၊ လူ သား သည် စား သောက် လျက် ရောက် လာ သော် စား ကြူး သူ သောက် ကြူး သူ၊ အ ခွန် ကောက် နှင့် အ ပြစ် သား တို့၏ အ ဆွေ ပါ တ ကား ဟူ၍ လည်း ကောင်း ဆို တတ် ကြ၏။ ဉာဏ် ပ ညာ တော် မူ ကား ဆိုင် ရာ အ မှု များ အား ဖြင့် မှန် ကန် ကြောင်း ထင် ရှား သည် ဟု မိန့် တော် မူ၏။
20ထို နောက် အ မှု တော် ကြီး အ များ ကို ပြု တော် မူ ခဲ့ ရာ မြို့ များ သည် နောင် တ မ ရ ကြ သော ကြောင့် ဆုံး မ တော် မူ သည် မှာ၊ 21အ ချင်း ခေါ ရာ ဇိန် မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ ချင်း ဗက် ဇဲ ဒ မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ သို့ ဆို သော် သင် တို့၌ ဖြစ် ဘူး သော အ မှု ကြီး များ သည် တု ရု နှင့် ဇိ ဒုန် မြို့ များ တွင် ဖြစ် ခဲ့ လျှင် ရှေး အ ထက် က ပင် လျှော် တေ ဝတ်၍ ပြာ လူး လျက် နောင် တ ရ ကြ လေ ပြီ။ 22တု ရု နှင့် ဇိ ဒုန် မြို့ များ သည် တ ရား စီ ရင် သည့် နေ့ တော်၌ သင် တို့ ထက် ခံ သာ လိမ့် မည် ငါ ဆို၏။ 23အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏ နိုင် ငံ တိုင် ကျ ရောက် ရ မည်။ သင်၌ ဖြစ် ဖူး သော အ မှု ကြီး များ သည် သော ဒုံ မြို့၌ ဖြစ် ခဲ့ လျှင် ယ နေ့ တိုင် ထို မြို့ တည် ရှိ လေ ပြီ။ 24သော ဒုံ နယ် လည်း တ ရား စီ ရင် သည့် နေ့ တော်၌ သင့် ထက် ခံ သာ လိမ့် မည်၊ ငါ ဆို သည် ဟု မိန့် တော် မူ၏။
25ထို အ ခါ၌ ယေ ရှု က အို မိုး မြေ့ ရှင် အ ဘ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဥာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။ 26အို အ ဘ ထို သို့ အ လို ရှိ တော် မူ သော ကြောင့် ချီး မွမ်း ပါ၏။ 27ခ မည်း တော် သည် ငါ့ အား အ ရာ ခပ် သိမ်း ကို အပ် နှင်း တော် မူ ပြီ။ သား တော် ကို ခ မည်း တော် မှ တစ် ပါး မည် သူ မျှ မ သိ၊ ခ မည်း တော် ကို လည်း သား တော် မှ စ၍ သား တော် ဖွင့် ပြ လို သူ မှ တစ် ပါး မည် သူ မျှ မ သိ။ 28ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ 29ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ 30ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 11: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 11 အကြောင်း ဗီဒီယိုများ