ရှင်~မဿဲ။ 10
10
1ကိုယ် တော် သည် တ ပည့် တော် ဆယ့် နှစ် ပါး ကို အ ထံ တော် သို့ ခေါ်၍ နတ် ဆိုး တို့ ကို နှင် ထုတ် နိုင် ရန် အာ ဏာ နှင့် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ နိုင် ရန် အာ ဏာ ကို ပေး အပ် တော် မူ၏။ 2ထို တ မန် တော် ဆယ့် နှစ် ပါး တို့ အ မည် ကား ညီ အစ် ကို ဖြစ် သူ ပေ တ ရု ခေါ် ရှိ မုန် နှင့် အ န္ဒြေ၊ ဇေ ဗေ ဒဲ၏ သား ညီ အစ် ကို ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန်၊ 3ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊ 4အာ လ ဖဲ၏ သား ယာ ကုပ် နှင့် သ ဒ္ဒဲ၊ ဝံ သာ နု ရှိ မုန် နှင့် ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။ 5ယေ ရှု သည် ထို တစ် ဆယ့် နှစ် ပါး ကို စေ လွှတ် လျက် မှာ လိုက် တော် မူ သည် မှာ၊
6လူ မျိုး ခြား တို့ ရှိ ရာ နှင့် ရှ မာ ရိ မြို့ များ သို့ မ ဝင် မ သွား ကြ နှင့်။ ဣ သ ရေ လ လူ မျိုး အ နက် ပျောက် သော သိုး များ ထံ သာ သွား ကြ လော့။ 7သွား စဉ် လည်း ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ဟော ပြော ကြ လော့။ 8နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။ 9ခါး ပန်း များ တွင် ရွှေ ငွေ ကြေး မ ဆောင် ကြ နှင့်။ 10ခ ရီး ဆောင် လွယ် အိတ်၊ အင်္ကျီ နှစ် ထည်၊ ဖိ နပ်၊ တောင်း ဝေး များ ကို လည်း မ ယူ ကြ နှင့်။ အ သို့ ဆို သော် လုပ် သား သည် ရိက္ခာ ကို ရ ထိုက်၏။ 11မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။ 12အိမ် သို့ ဝင် စဉ် ထို အိမ် ကို ကောင်း ကြီး ပေး ကြ လော့။ 13ထို အိမ် ထိုက် တန် လျှင် ပေး ခဲ့ သော ချမ်း သာ တည် စေ။ မ ထိုက် တန် လျှင် မူ ကား သင် တို့ ထံ ပြန် စေ။ 14မည် သူ မ ဆို သင် တို့ ကို လက် မ ခံ၊ စ ကား ကို လည်း မ နာ လျှင် ထို အိမ် ထို မြို့ ရွာ မှ ထွက် သွား သည့် ကာ လ ခြေ မုန့် ကို ပင် ခါ ခဲ့ ကြ လော့။ 15တ ရား စီ ရင် သည့် နေ့ တော်၌ သော ဒုံ နှင့် ဂေါ မော ရ နယ် သည် ထို မြို့ ရွာ ထက် ခံ သာ လိမ့် မည်။ ငါ အ မှန် ဆို၏။ 16ကြည့် လော့။ ဝံ ပု လွေ အုပ် ထဲ သို့ သိုး များ ကို လွှတ် သ ကဲ့ သို့ သင် တို့ ကို ငါ စေ လွှတ်၏။ သို့ ဖြစ်၍ မြွေ ကဲ့ သို့ လိ မ္မာ လျက် ချိုး ကဲ့ သို့ ရန် ကင်း စေ ကြ လော့။ 17လူ တို့ ကို လည်း သ တိ မူ ကြ လော့၊ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် နှက် ခြင်း၊ 18ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို သူ တို့ နှင့် လူ မျိုး ခြား တို့ အား သက် သေ အ ဖြစ် ငါ့ အ တွက် ကြောင့် သင် တို့ ခံ ရ ကြ လိမ့် မည်။ 19သို့ ရာ တွင် ပို့ အပ် ခံ ရ ကြ သည့် ကာ လ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ဆို ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ နှင့်။ ဆို ရ မည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် ရ ကြ လိမ့် မည်။ 20ဆို သူ မှာ သင် တို့ မ ဟုတ်။ သင် တို့ အ တွင်း၌ မိန့် တော် မူ သော သင် တို့ အ ဘ၏ ဝိ ညာဉ် တော် တည်း။ 21ညီ အစ် ကို သည် ညီ အစ် ကို ချင်း ကို လည်း ကောင်း၊ အ ဘ သည် သား သ မီး ကို လည်း ကောင်း၊ သေ စေ ရန် ပို့ အပ် ကြ မည့် ပြင် သား သ မီး တို့ လည်း မိ ဘ ကို ရန် ဘက် ပြု၍ အ သေ သတ် စေ ကြ လိမ့် မည်။ 22ငါ့ နာ မ အ တွက် ကြောင့် သင် တို့ ကို လူ ခပ် သိမ်း မုန်း ထား ကြ လိမ့် မည်။ အ ဆုံး တိုင် အောင် တည် ကြည် သူ ကား ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။ 23တစ် မြို့ တွင် သင် တို့ ကို ညှဉ်း ပန်း ကြ သော် တစ် မြို့ သို့ ထွက် ပြေး ကြ လော့။ လူ့ သား မ ကြွ မ ရောက် မီ ဣ သ ရေ လ မြို့ များ ကို သင် တို့ လှည့် လည်၍ နှံ့ မည် မ ဟုတ်။ ငါ အ မှန် ဆို၏။
24တ ပည့် သည် ဆ ရာ ထက် မ သာ၊ ကျွန် လည်း သ ခင် ထက် မ သာ။ 25တ ပည့် မှာ ဆ ရာ ကဲ့ သို့ လည်း ကောင်း၊ ကျွန် မှာ သ ခင် ကဲ့ သို့ လည်း ကောင်း ဖြစ် သော် တော် လောက် ပြီ၊ အိမ့် ရှင် ကို ဗေ လ ဇေ ဗု လ ဟု ခေါ် ကြ လျှင် အိမ် သား တို့ ကို သာ၍ ခေါ် ကြ လိမ့် တ ကား။ 26သို့ ဖြစ်၍ ထို သူ တို့ ကို မ ကြောက် ကြ နှင့်။ မ ပေါ် နိုင် အောင် ဖုံး ထား သော အ ရာ၊ မ သိ နိုင် အောင် ဝှက် ထား သော အ ရာ မ ရှိ ချေ။ 27သင် တို့ အား မှောင် မိုက်၌ ငါ ဆို သော အ ရာ ကို အ လင်း၌ ပြန် ကြား ကြ လော့။ နား၌ ကြား သည့် အ ရာ ကို အိမ် မိုး များ ပေါ် က ကြော် ငြာ ကြ လော့။ 28ကိုယ် ခ န္ဓာ ကို သတ် သော် လည်း အ သက် ဝိ ညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ င ရဲ မီး၌ အ သက် ဝိ ညာဉ် နှင့် ကိုယ် ခ န္ဓာ ပါ ဖျက် ဆီး နိုင် သော အ ရှင် ကို သာ ကြောက် ကြ လော့။ 29စာ က လေး နှစ် ကောင် ကို ပိုက် ဆံ တစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ သင် တို့ အ ဘ ခွင့် ပြု တော် မ မူ ဘဲ တစ် ကောင် မျှ မြေ သို့ မ ကျ ရ။ 30သင် တို့၏ ဦး ဆံ ရှိ သ မျှ ကို ပင် ရေ တွက် လျက် ထား တော် မူ၏။ 31သို့ ဖြစ်၍ မ ကြောက် ကြ နှင့်။ စာ က လေး အ များ ထက် သင် တို့ သည် မြတ်၏။ 32မည် သူ မ ဆို၊ လူ တို့ ရှေ့ ငါ့ ကို ဝန် ခံ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ရှေ့၊ 33ထို သူ့ ကို ငါ ဝန် ခံ မည်။ မည် သူ မ ဆို လူ တို့ ရှေ့ ငါ့ ကို ငြင်း ဆို လျှင် မူ ကား ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ရှေ့ ထို သူ့ ကို ငါ ငြင်း ဆို မည်။
34ဤ မြေ ကြီး ပေါ် တွင် ရန် ငြိမ်း ခြင်း ကို စေ လွှတ် ရန် ငါ ရောက် လာ သည် ဟု မ အောက် မေ့ ကြ နှင့်။ ရန် ငြိမ်း ခြင်း ကို မ ဟုတ် ဓား ဘေး သင့် စေ ရန် ရောက် လာ၏။ 35သား သည် ဖ ခင် ကို လည်း ကောင်း၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ ကိုလည်း ကောင်း၊ ဆန့် ကျင် ဘက် ပြု စေ သည့် ပြင်။ 36အိမ် ထောင် သား တို့ လည်း အ ချင်း ချင်း ရန် မူ စေ ရန် ငါ ရောက် လာ ပြီ။ 37ငါ့ ကို ချစ် သည် ထက် အ ဘ ကို ဖြစ် စေ၊ အ မိ ကို ဖြစ် စေ သာ၍ ချစ် သော သူ သည် ငါ နှင့် မ ထိုက် မ တန်၊ ငါ့ ကို ချစ် သည် ထက် သား ကို ဖြစ် စေ၊ သ မီး ကို ဖြစ် စေ သာ၍ ချစ် သော သူ သည် ငါ နှင့် မ ထိုက် မ တန်။ 38ကိုယ့် ကား တိုင် ကို ထမ်း၍ ငါ့ နောက် မ လိုက် သော သူ လည်း ငါ နှင့် မ ထိုက် မ တန်။ 39ကိုယ့် အ သက် ကို တွေ့ သော သူ သည် အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် အ သက် ရှုံး သော သူ မူ ကား အ သက် ကို တွေ့ လိမ့် မည်။
40သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။ 41ပ ရော ဖက် ဟူ သော အ မည် ကို ထောက်၍ ပ ရော ဖက် ဖြစ် သူ့ ကို လက် ခံ သော သူ သည် ပ ရော ဖက်၏ အ ကျိုး ကို ရ လိမ့် မည်။ သူ တော် ကောင်း ဟူ သော အ မည် ကို ထောက်၍ သူ တော် ကောင်း ကို လက် ခံ သော သူ လည်း သူ တော် ကောင်း၏ အ ကျိုး ကို ရ လိမ့် မည်။ 42၎င်း ပြင် မည် သူ မ ဆို တ ပည့် တော် ဟူ သော အ မည် ကို ထောက်၍ ဤ သူ ငယ် တစ်ဦး တစ် ယောက် ကို ရေ ၕဧ တစ် ခွက် မျှ တိုက် လျှင် အ ကျိုး မ ရ ဘဲ အ လျှင်း မ ရှိ ရ၊ ငါ အ မှန် ဆို သည် ဟူ၍ မိန့် မှာ တော် မူ လိုက်၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~မဿဲ။ 10: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.