တ~မန်~တော်~ဝ~တ္ထု။ 1
1
1-2ယေ ရှု သည် ရွေး ကောက် တော် မူ သော တ မန် တော် တို့ အား သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် အ မိန့် ပ ညတ် ပေး သည့် အ ဆုံး ၌ ချီ ဆောင် ခြင်း ကို ခံ တော် မူ သည့် နေ့ တိုင် အောင် ပြု မူ ဟော ပြော တော် မူ သ မျှ နှင့် စပ် ၍ အ ထက် ကျမ်း ကို ငါ ရေး တင် ခဲ့ ပြီ။ 3အို သော် ဖိ လု မင်း၊ စီ ရင် ရာ ခံ ပြီး နောက် ယေ ရှု သည် ရက် ပေါင်း လေး ဆယ် အ တွင်း တ မန် တော် တို့ အား ထင် ရှား လျက် ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် ဆိုင် သော အ ကြောင်း အ ရာ များ ကို ဟော ပြော လျက် သက် သေ နိ မိတ် အ များ ဖြင့် အ သက် ရှင် ကြောင်း ဖော် ပြ တော် မူ သည့် ပြင်၊ 4သူ တို့ နှင့် အ တူ စား တော် ခေါ် စဉ် ငါ ကြား ပြော ဖူး သော ခ မည်း တော် က တိ ထား တော် မူ ရာ ကို စောင့် မျှော် လျက်၊ ယေ ရု ရှ လင် မြို့ မှ မ ထွက် မ သွား ဘဲ နေ ကြ လော့။ 5ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန် ၏။ သင် တို့ မူ ကား၊ နေ့ ရက် များ စွာ မ ကြာ မီ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗတ္တိ ဇံ မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် မှာ တော် မူ ၏။ 6သို့ နှင့် အ ညီ၊ တ မန် တော် တို့ စု ဝေး လျက် ရှိ နေ ကြ စဉ် အ ရှင် ဘု ရား၊ ကိုယ် တော် သည် ယ ခု အ ခါ ဣ သ ရေ လ အ မျိုး သား တို့ အား နိုင် ငံ ကို ပြန် ရ စေ မည် လော ဟု မေး လျှောက် ကြ သော်၊ 7ကိုယ် တော် က ခ မည်း တော် ကိုယ် တော် တိုင် ချိန်း ချက် ထား တော် မူ သော အ ချိန် ကာ လ များ ကို သင် တို့ သိ ရ သော အ ခွင့် မ ရှိ။ 8သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊ 9တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။ 10တက် ကြွ တော် မူ ရာ၌ တ မန် တော် တို့ သည် ကောင်း ကင် သို့ မော် ကြည့် လျက် နေ ကြ စဉ်၊ ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး ရပ် လာ ပြီး လျှင်၊ 11အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။
12ထို နောက် တ မန် တော် တို့ သည် ယေ ရု ရှ လင် မြို့ နှင့် ဥ ပုသ် နေ့ ခ ရီး တာ မျှ သာ ကွာ သော သံ လွင် ခေါ် တောင် မှ မြို့ တော် သို့ ပြန် သွား ၍၊ 13မြို့ တွင်း သို့ ရောက် သော် တည်း ခို ရာ အ ထက် ခန်း သို့ တက် ကြ ၏။ ပြန် ရောက် သူ တို့ မှာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ်၊ အ န္ဒြေ၊ ဖိ လိ ပ္ပု၊ သော မ၊ ဗာ သော လ မဲ၊ မဿဲ၊ အာ လ ဖဲ သား ယာ ကုပ်၊ ဝံ သာ နု ရှိ မုန်၊ ယာ ကုပ် သား ယု ဒ တို့ တည်း။ 14ထို သူ အ ပေါင်း တို့ သည် တ ပည့် တော် မ များ၊ ယေ ရှု၏ မယ် တော် မာ ရိ၊ ညီ တော် များ တို့ နှင့် အ တူ တ ညီ တ ညွတ် တည်း အ မြဲ ပ ဌ နာ ပြု လျက် နေ ကြ ၏။
15ထို နေ့ ရက် ကာ လ ပေ တ ရု သည် တစ် ရာ့ နှစ် ဆယ် ခန့် ရှိ သော ညီ အစ် ကို တို့ စု ဝေး ရာ အ လယ် တွင် ရပ် လျက်၊ 16ညီ အစ် ကို တို့၊ ယေ ရှု ကို ဖမ်း ဆီး သူ တို့ အား လမ်း ပြ သူ ယု ဒ နှင့် စပ်၍ ဒါ ဝိဒ် မင်း နှုတ် ဖြင့် သန့် ရှင်း သော ဝိ ညာဉ် တော် တင် ရင် ဆင့် ဆို သည့် ကျမ်း ချက် ပြည့် စုံ ရန် အ ကြောင်း ရှိ ခဲ့ သည်။ 17ထို သူ သည် ငါ တို့ တွင် ပါ ဝင်၍ အ မှု တော် ဆောင် အ ဖြစ် ခံ ခဲ့ ရ သည် မှန် သော် လည်း၊ 18ကိုယ့် ဒု စ ရိုက် မှု အ ခ ဖြင့် လယ် တစ် ကွက် ကို ရ ပြီး နောက် ဦး စောက် ကျ ၍ ဝမ်း ကွဲ လျက် အူ ရှိ သ မျှ ထွက် သည့် အ ကြောင်း ကို၊ 19ယေ ရု ရှ လင် မြို့ သူ မြို့ သား အ ပေါင်း တို့ ကြား သိ သော ကြောင့် ထို လယ် ကွက် ကို ကိုယ့် ဘာ သာ ဖြင့် သွေး လယ် ဟု ဆို လို သော အ ကေ လ ဒ မ ဟု သ မုတ် ကြ ၏။ 20ထို ဆာ လံ ကျမ်း ချက် ကား သူ့ နေ ရာ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ၊ နေ ထိုင် သူ မ ရှိ ပါ စေ နှင့် ဟူ ၍ လည်း ကောင်း၊ သူ့ ရာ ထူး ကို လည်း အ ခြား သူ ယူ ပါ စေ ဟူ ၍ လည်း ကောင်း လာ ရှိ သ တည်း။ 21-22ထို ကြောင့် ယော ဟန့် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သည် က စ၍ ငါ တို့ ထံ မှ ချီ ဆောင် ခြင်း ခံ တော် မူ သည့် နေ့ တိုင်၊ အ ရှင် ယေ ရှု သည် ငါ တို့ တွင် ဝင် ထွက် သွား လာ တော် မူ သည့် ကာ လ အ တွင်း ငါ တို့ အ ပေါင်း ပါ ဖြစ် သူ တို့ အနက် တစ် ယောက် ကို ရှင် ပြန် ထ မြောက် တော် မူ ခြင်း အ ကြောင်း သက် သေ ခံ ဘက် ဖြစ် စေ ရ မည် ဟု ပြော ဆို ၏။ 23ထို အ ခါ ယု တ္တု အ မည် သစ် ရ သူ ဗာ ရှ ဗ္ဗ ခေါ် ယော သပ် နှင့် မဿိ တို့ ကို ခွဲ ထုတ် ၍၊ 24-25လူ ခပ် သိမ်း တို့ ၏ စိတ် နှ လုံး ကို သိ တော် မူ သော အို အ ရှင် ဘု ရား၊ ယု ဒ သည် ဆိုင် ရာ နေ ရာ သို့ သွား ရ စေ ရန် အ မှု တော် ဆောင် ရာ ထူး၊ တ မန် တော် ရာ ထူး မှ ရွေ့ လျော့ ဖောက် ပြန် သော ကြောင့် ထို ရာ ထူး ကို ဆက် ခံ စေ ခြင်း ငှါ၊ ဤ သူ နှစ် ယောက် တွင် မည် သူ့ ကို ရွေး ကောက် တော် မူ ကြောင်း ပြ တော် မူ ပါ ဟု တောင်း လျှောက် ပြီး လျှင်၊ 26မဲ ချ ကြ ရာ၊ မဿိ အ ပေါ် တွင် ကျ သ ဖြင့် တစ် ဆယ့် တစ် ပါး သော တ မန် တော် တို့ တွင် ပါ ဝင် သူ ဖြစ် သ တည်း။
လက်ရှိရွေးချယ်ထားမှု
တ~မန်~တော်~ဝ~တ္ထု။ 1: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.