တ~မန်~တော်~ဝ~တ္ထု။ 2
2
1ပင် တေ ကု တ္တေ ပွဲ နေ့ တိုင် ရောက် သော် ထို သူ ရှိ သ မျှ တို့ သည် တစ် နေ ရာ တည်း တွင် စု ရုံး ကြ ရာ၊ 2လေ ပြင်း တိုက် သံ နှင့် တူ သော အ သံ သည် ကောင်း ကင် မှ ရုတ် တ ရက် ရောက် လာ၍၊ 3ထိုင် နေ ကြ ရာ တစ် အိမ် လုံး ပြည့် လျက် မီး လျှံ သ ဖွယ် လျှာ များ လည်း ထင် ရှား ၍ အ သီး အ သီး အ ပေါ် တွင် အ ဖြာ ဖြာ တည် နေ သည့် ပြင် ရှိ သ မျှ တို့ သည်၊ 4သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။
5ထို ကာ လ ကောင်း ကင် အောက် ရှိ လူ မျိုး တိုင်း မှ ဘု ရား တ ရား ကြည် ညို သူ ယု ဒ လူ မျိုး တို့ သည်၊ 6ယေ ရု ရှ လင် မြို့ တွင် တည်း နေ ကြ ရာ ထို အ သံ ရောက် သော် လူ အ မြောက် အ မြား စု ရုံး၍ ကိုယ့် ဘာ သာ ဖြင့် ဟော ပြော သည် ကို အ သီး အ သီး ကြား ရ သော ကြောင့်၊ 7အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။ 8သို့ ဖြစ် လျက် ငါ တို့ ဇာ တိ ဘာ သာ ဖြင့် အ သီး အ သီး ကြား ရ သည် မှာ အ သို့ နည်း။ 9ပါ ရ သိ၊ မေ ဒိ နှင့် ဧ လံ ပြည် သား များ၊ မေ သော ပေါ တာ မိ၊ ယု ဒ၊ က ပ္ပ ဒေါ ကိ၊ ပု န္တု၊ အာ ရှိ၊ 10ဖြု ဂိ၊ ပမ် ဖု လိ၊ အိ ဂျစ် ပြည် များ ပြင်၊ ကု ရေ နေ မြို့ ပတ် လည် ရှိ လိ ဗု နယ် တွင် နေ ထိုင် သူ များ၊ ရော မ မြို့ လာ အာ ဂ န္တု တို့ တည်း ဟူ သော ယု ဒ လူ မျိုး နှင့် ယု ဒ ဘာ သာ ဝင် သူ များ၊ 11က ရေ တေ ကျွန်း သား များ၊ အာ ရပ် လူ မျိုး များ ဖြစ် သူ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု တော် ကြီး များ အ ကြောင်း ကို ငါ တို့ ဘာ သာ ဖြင့် ဟော ပြော ရာ ကြား နာ ရ ပါ သည် တ ကား ဟု ဆို ကြ ၏။ 12ရှိ သ မျှ တို့ ပင် မိန်း မော တွေး တော လျက် ဤ အ မှု ကား မည် သို့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ ၏။ 13အ ချို့ က မူ စ ပျစ် ရည် ကြူး သူ များ ဖြစ် သည် ဟု ပြောင် လှောင် ပြော ဆို ကြ ၏။
14ထို အ ခါ ပေ တ ရု သည် တစ် ဆယ့် တစ် ပါး တို့ နှင့် ရပ် လျက် အ သံ ကျယ် စွာ ဟော ပြော သည် မှာ အ ချင်း ယု ဒ ပြည် သား ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ စ ကား ကို နာ ခံ၍ ဤ အ ကြောင်း ကို သိ မှတ် ကြ လော့။ 15ဤ သူ တို့ သည် သင် တို့ ထင် မြင် သည့် အ တိုင်း မူး ယစ် ကြ သည် မ ဟုတ်။ ယ ခု မှာ နံ နက် ကိုး နာ ရီ အ ချိန် ပါ တ ကား။ 16ဤ အ မှု သည် ပ ရော ဖက် ယော လ ဖြင့် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ဖြစ် ၏။ 17ဗျာ ဒိတ် တော် ကား၊ နောင် လာ လ တ္တံ့ သော ကာ လ တွင် လူ အ ပေါင်း တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သင် တို့ သား သ မီး များ သည် တ ရား ဟော လျက် လူ ပျို တို့ သည် ရူ ပါ ရုံ မျှော် မြင် လျက်၊ လူ အို တို့ သည် အိပ် မက် လျက် နေ ရ ကြ လ တ္တံ့။ 18၎င်း ပြင် ငါ့ ကျွန် ယော ကျ်ား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့ ထို နေ့ ရက် ကာ လ၌ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သူ တို့ တ ရား ဟော ရ ကြ လ တ္တံ့။ 19အ ထက် မိုး ကောင်း ကင်၊ အောက် မြေ ကြီး ၌ လည်း သွေး ရောင်၊ မီး လျှံ၊ မီး ငွေ့ တည်း ဟူ သော အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ကို၊ ငါ ပြ မည့် အ တိုင်း၊ 20ငါ ထာ ဝ ရ ဘု ရား၏ နေ့ ထူး နေ့ ကြီး မ တိုင် မီ နေ ကို အ မိုက်၊ လ ကို အ သွေး ဖြစ် စေ မည်။ 21ထို အ ခါ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဟူ၍ တည်း။ 22အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ဤ စ ကား ကို နာ ယူ ကြ လော့။ ကိုယ် တိုင် သိ ကြ သည့် အ တိုင်း ပင် သင် တို့ ဘောင် တွင် အ မှု ကြီး များ၊ အံ့ ဖွယ် ရာ များ၊ နိ မိတ် လ က္ခ ဏာ များ ကို ပြု စေ တော် မူ ခြင်း ဖြင့် နာ ဇ ရက် မြို့ သား ယေ ရှု ဘက်၌ သင် တို့ ရှေ့ ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။ 23အ နာ ဂ တံ သ ဉာဏ် တော်၊ အ ကြံ တော် များ ဖြင့် ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ ပြီး သည့် အ လျောက်၊ ပို့ အပ် ခံ ရ သော ထို အ ရှင် ကို မ တ ရား သူ တို့ လက် ဖြင့်၊ 24သင် တို့ ကား တင်၍ သတ် ကြ ရာ သေ ခြင်း ဖြင့် အ ချည် အ နှောင် မ ခံ ရ သည် နှင့် အ ညီ ဘု ရား သ ခင် သည် သေ ခြင်း ဝေ ဒ နာ ငြိမ်း စေ လျက် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီ။ 25ထို အ ရှင် နှင့် စပ်၍ ဒါ ဝိဒ် မင်း မြွက် ဆို သည် ကား၊ ငါ သည် ထာ ဝ ရ ဘု ရား ကို အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ မ ရွေ့ စေ ခြင်း ငှာ ကိုယ် တော် သည် ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ၏။ 26သို့ ဖြစ်၍ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက် ငါ့ လျှာ ရွှင် လန်း ပါ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း စောင့် မျှော် လျက် တည်း ခို ပါ လိမ့် မည်။ 27အ သို့ ဆို သော် ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ၊ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။ 28အ သက် လမ်း ကို အ ကျွန်ုပ် အား ကိုယ် တော် သိ ကျွမ်း စေ တော် မူ ပါ ပြီ။ ရှေ့ တော်၌ လည်း ဝမ်း မြောက် ခြင်း နှင့် ပြည့် စုံ စေ တော် မူ ပါ လိမ့် မည် ဟူ၍ တည်း။ 29ညီ အစ် ကို တို့၊ အ ဘ ဒါ ဝိဒ် မင်း အ ကြောင်း ကို လွတ် လွတ် ပြော ဆို ရ မည် ဖြစ် လျှင် ထို မင်း ကွယ် လွန်၍ စျာ ပ န ခံ ရ သ ဖြင့် သင်္ချိုင်း ဂူ တော် သည် ယ ခု တိုင် ငါ တို့၌ ရှိ၏။ 30သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊ 31ခ ရစ် တော်၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း ကို မျှော် မြင်၍ ကိုယ် တော် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ ကြောင်း ကို လည်း ကောင်း၊ ကိုယ် ခ န္ဓာ တော် လည်း ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မ မူ ကြောင်း ကို လည်း ကောင်း ဟော ပြေ လေ ၏။ 32ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။ 33၎င်း ပြင် ဘု ရား သ ခင်၏ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် ခံ ရ၍ က တိ ထား တော် မူ ခဲ့ သည့် သန့် ရှင်း သော ဝိညာဉ် တော် ကို ခ မည်း တော့် ထံ ခံ ရ သ ဖြင့် သင် တို့ ယ ခု ကြား မြင် သ မျှ ကို သွန်း လောင်း တော် မူ ပြီ။ 34-35ငါ့ အ ရှင် ဘု ရား အား ထာ ဝ ရ ဘု ရား က၊ သင့် ရန် သူ တို့ ကို သင့် ခြေ တင် ရာ ငါ မ ဖြစ် စေ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ ၍ မိန့် တော် မူ သည် ဟု ဒါ ဝိဒ် မင်း ဆင့် ဆို ရာ တွင် ကောင်း ကင် သို့ တက် ရ သူ သည် ဒါ ဝိဒ် မင်း မ ဟုတ် ပါ။ 36သို့ ဖြစ်၍ သင် တို့ ကား တင် သော ထို ယေ ရှု ကို အ ရှင် ဘု ရား အ ဖြစ်၊ #2.36 ပါ ဠိ။ ခရစ်တော်။ ဘိ သိက် ခံ မင်း အ ဖြစ်၊ ဘု ရား သ ခင် ခန့် ထား တော် မူ ကြောင်း ဣ သ ရေ လ တစ် မျိုး လုံး စိတ် ချ လျက် သိ မှတ် စေ ဟု ဟော ပြော လေ၏။
37ထို သူ တို့ ကြား ကြ သော် စိတ် နာ ကျင်၍ ပေ တ ရု နှင့် အ ခြား တ မန် တော် တို့ အား ညီ အစ် ကို တို့ မည် သို့ ပြု ရ ပါ အံ့ နည်း ဟု မေး ကြ ရာ၊ 38ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။ 39က တိ တော် မူ ကား သင် တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ပြင် ဝေး ကွာ သူ အ ပေါင်း တို့ အ နက် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခေါ် တော် မူ မည့် သူ ရှိ သ မျှ နှင့် စပ် ဆိုင် သ တည်း ဟု ဖြေ ဆို ပြီး လျှင်၊ 40အ ခြား စ ကား အ များ ဖြင့် သက် သေ ခံ လျက် ကောက် ကျစ် သော ဤ လူ မျိုး မှ ထွက် မြောက် ကြ လော့ ဟု တိုက် တွန်း နှိုး ဆော် လေ၏။ 41ထို အ ခါ ပေ တ ရု စ ကား ကို နာ ယူ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ သ ဖြင့် ထို နေ့ ချင်း တွင် လူ သုံး ထောင် ခန့် ထပ် ဝင် ရာ၊ 42တ မန် တော် တို့ ဒေ သ နာ ပေး ခြင်း၊ ပေါင်း သင်း ဆက် ဆံ ခြင်း၊ မုန့် ကို ဖဲ့ ခြင်း၊ ပ ဌ နာ ပြု ခြင်း များ ကို ထို သူ တို့ စွဲ မြဲ လျက် နေ ကြ ၏။
43လူ တိုင်း ခန့် ညား လျက် တ မန် တော် တို့ သည် အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ အ များ ကို ပြ ကြ ၏။ 44ယုံ ကြည် သူ ရှိ သ မျှ တို့ လည်း တစ် စု တစ် ဝေး တည်း နေ၍ ပိုင် သ မျှ ကို ဘုံ ပ စ္စည်း ပြု လျက်၊ ပိုင် ဆိုင် ရာ ဥ စ္စာ ကို လည်း ရောင်း ချ ပြီး လျှင်၊ 45မည် သူ မ ဆို လို သည့် အ လျောက် ဝေ ငှ ပေး ကမ်း ကြ၏။ 46တစ် နေ့ နောက် တစ် နေ့ တ ညီ တ ညွတ် တည်း ဗိ မာန် တော် သို့ တက် မြဲ တက် လျက်၊ ကိုယ့် အိမ်၌ မုန့် ကို ဖဲ့ လျက်၊ စိတ် ရွှင် လန်း ကြည် ဖြူ စွာ အ စာ အာ ဟာ ရ ကို သုံး ဆောင် လျက် နေ ရာ၊ 47ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ မျက် နှာ သာ ရ ကြ၏။ အ ရှင် ဘု ရား လည်း ကယ် တင် တော် မူ ရာ ရောက် လျက် နေ သူ တို့ ကို တစ် နေ့ နောက် တစ် နေ့ ထပ် သွင်း တော် မူ ၏။
လက်ရှိရွေးချယ်ထားမှု
တ~မန်~တော်~ဝ~တ္ထု။ 2: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.