YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 2

2
1အကျွန်ုပ်​သည် ရှာရုန်​အရပ်​၌​ပွင့်​သော​နှင်းဆီပန်း​၊ လွင်ပြင်​၌​ပွင့်​သော​နှင်းပန်း ဖြစ်​ပါ​၏​။”
ရှင်ဘုရင်
2“မိန်းမပျို​တို့​အလယ်​တွင် ငါ့​ချစ်သူလေး​သည် ဆူးပင်​များ​ကြားမှ​နှင်းပန်း​ကဲ့သို့ ဖြစ်​ပါ​၏​။”
သတို့သမီး
3“ယောက်ျား​များ​အလယ်​တွင် အကျွန်ုပ်​ချစ်သူ​သည် တော​သစ်ပင်​တို့​အလယ်​မှ ပန်းသီး​ပင်​ကဲ့သို့ ဖြစ်​ပါ​၏​။ သူ့​အရိပ်​၌ ခိုနား​ရ​သည်​ကို အကျွန်ုပ်​အလွန်​နှစ်သက်​ပါ​၏​။ သူ့​အသီး​သည်​လည်း အကျွန်ုပ်​အဖို့ အလွန်​ချိုမြိန်​၍ အရသာ​ရှိ​ပါ​၏​။
4အရှင်​သည် အကျွန်ုပ်​ကို စားသောက်ပွဲ​ကျင်းပ​ရာ​အိမ်​သို့ ခေါ်သွား​ပါ​၏​။ အကျွန်ုပ်​ပေါ်၌​ရှိ​သော​အရှင်​၏​အောင်လံ​သည် မေတ္တာ​ဖြစ်​ပါ​၏​။
5အချစ်နာကျ​နေ​သော​အကျွန်ုပ်​ကို စပျစ်သီးခြောက်​ကျွေး​၍ အားဖြည့်​ပေး​ပါ​၏​။ ပန်းသီး​ကျွေး​၍​လည်း လန်းဆန်း​စေ​ပါ​၏​။
6အရှင်​၏​လက်ဝဲ​လက်​သည် အကျွန်ုပ်​အဖို့ ခေါင်းအုံး ဖြစ်​ပါ​၏​။ လက်ယာ​လက်​သည် အကျွန်ုပ်​ကို ပွေ့ဖက်​ထား​ပါ​၏​။
7အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။
8အကျွန်ုပ်​ချစ်သူ​၏​အသံ​ပါတကား​။ ကြည့်​ပါ​။ တောင်တန်း​များ​ကို ကျော်လွှား​လျက်​၊ တောင်ကုန်း​များ​တွင် ခုန်ပျံ​လျက် လာ​နေ​ပြီ​။
9အကျွန်ုပ်​ချစ်သူ​သည် ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ဖြစ်​ပါ​၏​။ ကြည့်​ပါ​။ အကျွန်ုပ်​တို့​အိမ်​နောက်​နံရံ​တွင် ရပ်​နေ​၏​။ ပြတင်းပေါက်​များ​မှ ကြည့်​နေ​၏​။ ရာဇမတ်ကွက်​များ​ကြား​မှ စိုက်ကြည့်​နေ​၏​။
10အကျွန်ုပ်​ချစ်သူ​က အကျွန်ုပ်​အား
ရှင်ဘုရင်
‘လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။
11ကြည့်​ပါ​။ ဆောင်းရာသီ ကုန်​ပြီ​။ မိုး​လည်း ကုန်ဆုံး​ဆုတ်ခွာ​သွား​လေ​ပြီ​။
12မြေ​ပေါ်မှာ ပန်း​များ ပွင့်​လေ​ပြီ​။ တေးသီချင်း​သီဆို​ချိန်​ရောက်​ပြီ​။ ငါ​တို့​ပြည်​တွင် ချိုးကူသံ​လည်း​ကြား​ရ​ပြီ​။
13သဖန်းပင်​မှ သဖန်းသီး​စိမ်း​များ​လည်း မှည့်စ​ပြု​လာ​ပြီ​။ စပျစ်ပင်​များ​လည်း အပွင့်​ပွင့်​၍ မွှေးကြိုင်​လေ​ပြီ​။ လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။
14ကျောက်ဆောင်​များ​ကြား​၊ ချောက်ကမ်းပါး​များ​ကြား​တွင် ခိုအောင်း​နေ​သော ငါ​၏​ချိုးငှက်လေး​ရေ​၊ သင့်​မျက်နှာ​ကို မြင်​လို​ပါ​၏​။ သင့်​အသံ​ကို ကြား​လို​ပါ​၏​။ သင့်​အသံ​သည် နားဝင်ချို​လှ​၏​။ သင့်​မျက်နှာ​သည်​လည်း တင့်တယ်လှပ​ပေ​၏’​ဟု ဆို​၏​။”
သတို့သမီး
15“​အကျွန်ုပ်​တို့​၏​စပျစ်ပင်​တို့ ပွင့်​လေ​ပြီ​။ စပျစ်ပင်​တို့​ကို ဖျက်ဆီး​နေ​သော မြေခွေးကြီး​မြေခွေးငယ်​များ​ကို ဖမ်းဆီး​ပေး​ကြ​ပါ​။​”
16“​အကျွန်ုပ်​ချစ်သူ​ကို အကျွန်ုပ်​ပိုင်​ပါ​၏​။ အကျွန်ုပ်​ကို​လည်း အကျွန်ုပ်​ချစ်သူ ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​၏​။
17အကျွန်ုပ်​ချစ်သူ​၊ နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ ဗေသာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ပြန်လာ​ခဲ့​ပါ​။

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။