YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 4

4
ကောင်းကင်မှ ပလ္လင်တော်
1ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ဖွင့်​ထား​သည့်​တံခါး​တစ်​ခု​ရှိ​၏။ ထိုအခါ ပထမ​ဦးစွာ ငါ့​အား​မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံပိုးခရာသံ​ကဲ့သို့​သော​အသံ​က“ဤ​အရပ်​သို့​တက်​လာ​လော့။ ဤ​အဖြစ်အပျက်​များ​နောက်တွင် ဖြစ်ပျက်​ရ​မည့်​အရာ​တို့​ကို သင့်​အား ငါ​ပြ​မည်”​ဟု ဆို​၏။ 2ငါ​သည် ချက်ချင်း​ပင် ဝိညာဉ်​တော်​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်းကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်တွင် ထိုင်​နေ​သော​အရှင်​တစ်​ပါး​ရှိ​၏။#ဒံ 7:9။ 3ထိုင်​နေ​တော်မူ​သော​ထို​အရှင်​သည် နဂါးသွဲ့​နှင့်​ပတ္တမြား​ကျောက်​ကဲ့သို့သော​အဆင်းအရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်လည်​တွင် မြ​ကဲ့သို့သော​အဆင်းအရောင်​ရှိ​သည့် သက်တံ​ရှိ​၏။ 4ပလ္လင်​တော်​၏​ပတ်ဝန်းကျင်​၌​ကား အခြား​သော​ပလ္လင်​နှစ်ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်တွင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​ထား​သည့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။ 5ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။
6ထို့ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သလင်း​နှင့်​တူ​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ​၏။ ပလ္လင်​တော်​၏​အလယ်​နှင့် ပလ္လင်​တော်​ပတ်လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တဝါ​လေး​ပါး​ရှိ​၏။ 7ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။#ယေဇ 1:10၊ 10:14။ 8ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။#ဟေရှာ 6:2-3၊ ယေဇ 1:18၊ 10:12။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။
9ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ 10သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင် 11“အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။