YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 99

99
သန့်ရှင်းသောဘုရင်
1ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည် ထိတ်လန့်တုန်လှုပ်​ကြ​ပါစေ​။
ကိုယ်တော်​သည် ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​၏​။
မြေကြီး​သည် လှုပ်ခါ​ပါစေ​။
2ထာဝရဘုရား​သည် ဇိအုန်​၌​ကြီးမြတ်​တော်မူ​၏​။
ကိုယ်တော်​သည် လူမျိုး​အပေါင်း​တို့​အထက်၌ ချီးမြှောက်​ခြင်း​ရှိ​တော်မူ​၏​။
3ကြီးမြတ်​၍ အံ့ဩ​ဖွယ်​ကောင်း​သော ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​ချီးမွမ်း​ကြ​ပါစေ​။
ကိုယ်တော်​သည် သန့်ရှင်း​တော်မူ​၏​။
4တန်ခိုးကြီး​သော​ရှင်ဘုရင်​သည် တရားမျှတ​ခြင်း​ကို နှစ်သက်​တော်မူ​၏​။
ကိုယ်တော်​သည် သမာသမတ်​ရှိ​ခြင်း​ကို တည်မြဲ​စေ​တော်မူ​၏​။
ယာကုပ်​အမျိုး​ထဲတွင် တရားမျှတ​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​ကို စီရင်​တော်မူ​၏​။
5ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမြှောက်​ကြ​လော့​။
ကိုယ်တော်​၏​ခြေတင်ခုံ​ရှေ့​၌ ပျပ်ဝပ်​ကြ​လော့​။
ကိုယ်တော်​သည် သန့်ရှင်း​တော်မူ​၏​။
6ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​များ​ထဲတွင် မောရှေ​နှင့်​အာရုန်​တို့​ပါ​၍
ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​တို့​တွင် ရှမွေလ ပါ​၏​။
သူ​တို့​သည် ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။
7ကိုယ်တော်​သည် သူ​တို့​ကို မိုးတိမ်​တိုင်​ထဲမှ မြွက်ဆို​တော်မူ​၏​။
သူ​တို့​သည် ကိုယ်တော်​၏ သက်သေခံချက်​များ​ကို​လည်းကောင်း​၊
သူ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သော ပြဋ္ဌာန်းချက်​ကို​လည်းကောင်း စောင့်ထိန်း​ကြ​၏​။
8အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။
ကိုယ်တော်​သည် သူ​တို့​ပြု​သော​မကောင်းမှု​များ​အတွက် အပြစ်ပေး​သော်လည်း
သူ​တို့​ကို ခွင့်လွှတ်​သော ဘုရားသခင်​ဖြစ်​တော်မူ​၏​။
9ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမြှောက်​ကြ​လော့​။
ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​၌ ရှိခိုးကိုးကွယ်​ကြ​လော့​။
အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 99: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ