YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 98:4-9

ဆာလံကျမ်း 98:4-9 MSBU

မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ဟစ်ကြော်​လျက်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လျက် သီဆိုချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​ကို စောင်း​တီး​၍ သီဆိုချီးမွမ်း​ကြ​လော့​။ စောင်း​တီး​၍ တေးသီချင်း​သံ​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။ တံပိုးခရာ​နှင့် သိုးချိုမှုတ်သံ​များ​ဖြင့် ရှင်ဘုရင်​တည်းဟူသော ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ပင်လယ်​နှင့် ၎င်း​၌​ရှိသမျှ​သော​အရာ​တို့​သည် မြည်ဟည်း​ကြ​ပါစေ​။ ကမ္ဘာလောက​နှင့် ၎င်း​၌​နေထိုင်​သော​သူ​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​ပါစေ​။ မြစ်​တို့​သည် လက်ခုပ်တီး​ကြ​ပါစေ​။ တောင်​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အတူတကွ​ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို သမာသမတ်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။