YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 95

95
ဝတ်ပြုကိုးကွယ်ခြင်းနှင့်သတိပြုခြင်း
1လာ​ကြ​၊ ထာဝရဘုရား​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ကုန်စို့​။
ငါ​တို့​၏​ကယ်တင်​ခြင်း​ကျောက်ဆောင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။
2ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​သို့​ဝင်​၍
တေးသီချင်း​များ​ဖြင့် ကိုယ်တော့်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။
3အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​။
ဘုရား​ရှိသမျှ​တို့​ထက်​ကြီးမြတ်​တော်မူ​သော ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
4ကမ္ဘာမြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​တို့​သည် ကိုယ်တော်​၏​လက်​တော်​ထဲ၌​ရှိ​ကြ​၏​။
တောင်​ထိပ်​တို့​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။
5ကိုယ်တော်​သည် ပင်လယ်​ကို​ဖန်ဆင်း​၍ ပိုင်​တော်မူ​၏​။
ကုန်းမြေ​ကို​လည်း လက်​တော်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​၏​။
6လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။
ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။
7အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။
ငါ​တို့​သည်​လည်း ကိုယ်တော်​၏​စားကျက်​၌ ကျက်စား​သော​သူ​၊
ကိုယ်တော်​၏​လက်​တော်​ထဲမှ သိုးစု​ဖြစ်​ကြ​၏​။
ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်
8မေရိဘ​အရပ်​၌​ကဲ့သို့​လည်းကောင်း​၊ တောကန္တာရ​ရှိ မဿာ​အရပ်​၌​ရှိ​စဉ်က​ကဲ့သို့​လည်းကောင်း
သင်​တို့​၏​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်​။#ဟေဗြဲ 3:15၊ 4:7။
9ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ​ပြု​သော အမှု​ကို မြင်​လျက်ပင်
ငါ့​ကို​စမ်းသပ်​၍​စစ်ဆေး​ခဲ့​ကြ​၏​။
10ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍
“​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။
ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။
11ထို့ကြောင့် “​သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်​”#ဟေဗြဲ 3:11,18၊ 4:3။​ဟု
အမျက်​တော်​ဖြင့် ငါ​ကျိန်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 95: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ