ဆာလံကျမ်း 82
82
ဖြောင့်မှန်သောတရားစီရင်ခြင်းအတွက် တောင်းလျှောက်ခြင်း
အာသပ်၏ဆာလံ
1ဘုရားသခင်သည် ဘုရားအစုအဝေး၌ နေရာယူတော်မူ၏။
ဘုရားများ၏အလယ်တွင် တရားစီရင်တော်မူ၏။
2“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍
ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ#82:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3ဆင်းရဲသောသူနှင့်မိဘမဲ့သူအတွက် တရားစီရင်ပေးကြလော့။
အဖိနှိပ်ခံရသောသူနှင့်ဆင်းရဲသားအတွက် ဖြောင့်မတ်စွာစီရင်ပေးကြလော့။
4ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို
ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်၍ လွတ်မြောက်စေကြလော့။”
5သူတို့သည် မည်သည့်အရာကိုမျှမသိကြ။ မည်သည့်အရာကိုမျှလည်း နားမလည်ဘဲ
အမှောင်ထဲ၌ သွားလာကြ၏။ ကမ္ဘာမြေကြီး၏အခြေအမြစ်အပေါင်းတို့သည် တုန်လှုပ်ကြ၏။
6ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။#ယော 10:34။
သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားသမီးများဖြစ်ကြ၏။
7သို့သော် သင်တို့သည် သာမန်လူသားကဲ့သို့သေကြရလိမ့်မည်။
အခြားသောအကြီးအကဲများကဲ့သို့ ကျဆုံးကြရလိမ့်မည်။
8အို ဘုရားသခင်၊ ထ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏အမွေတော် ဖြစ်ပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 82: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative