YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 82

82
ဖြောင့်မှန်သောတရားစီရင်ခြင်းအတွက် တောင်းလျှောက်ခြင်း
အာသပ်​၏​ဆာလံ
1ဘုရားသခင်​သည် ဘုရား​အစုအဝေး​၌ နေရာယူ​တော်မူ​၏​။
ဘုရား​များ​၏​အလယ်​တွင် တရားစီရင်​တော်မူ​၏​။
2“​သင်​တို့​သည် မည်မျှ​ကြာ​အောင် မတရားသဖြင့်​စီရင်​၍
ဆိုးယုတ်​သော​သူ​တို့​ကို မျက်နှာလိုက်​ကြ​မည်နည်း​။(​စေလာ#82:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3ဆင်းရဲ​သော​သူ​နှင့်​မိဘမဲ့သူ​အတွက် တရားစီရင်​ပေး​ကြ​လော့​။
အဖိနှိပ်​ခံရ​သော​သူ​နှင့်​ဆင်းရဲသား​အတွက် ဖြောင့်မတ်​စွာ​စီရင်​ပေး​ကြ​လော့​။
4ဆင်းရဲ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို
ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​၍ လွတ်မြောက်​စေ​ကြ​လော့​။​”
5သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ မည်သည့်​အရာ​ကို​မျှ​လည်း နား​မ​လည်​ဘဲ
အမှောင်​ထဲ၌ သွားလာ​ကြ​၏​။ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​အပေါင်း​တို့​သည် တုန်လှုပ်​ကြ​၏​။
6ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏​။#ယော 10:34။
သင်​တို့​အားလုံး​သည် အမြင့်ဆုံး​သော​အရှင်​၏ သားသမီး​များ​ဖြစ်​ကြ​၏​။
7သို့သော် သင်​တို့​သည် သာမန်​လူသား​ကဲ့သို့​သေ​ကြ​ရ​လိမ့်မည်​။
အခြား​သော​အကြီးအကဲ​များ​ကဲ့သို့ ကျဆုံး​ကြ​ရ​လိမ့်မည်​။
8အို ဘုရားသခင်​၊ ထ​၍ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​ပါ​။
အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​အမွေ​တော် ဖြစ်​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 82: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ