YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 75

75
ဆိုးယုတ်သူတို့ကို ဘုရားသခင်တရားစီရင်တော်မူခြင်း
ဂီတမှူး​အတွက်​၊ “​မ​ဖျက်ဆီး​ပါ​နှင့်​” သံစဉ်​၊ အာသပ်​၏​ဆာလံ​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။
ကိုယ်တော်​၏​နာမ​တော်​သည် နီး​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။
လူ​တို့​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါ​၏​။
2“​ငါ​ရွေးချယ်​သတ်မှတ်​ထား​သော​အချိန်​၌
ငါ​သည် သမာသမတ်​ရှိ​စွာ​တရားစီရင်​မည်​။
3မြေကြီး​နှင့် မြေကြီး​ပေါ်၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် စိုးရိမ်​တုန်လှုပ်​ကြ​သောအခါ
ငါ​သည် မြေကြီး​၏​တိုင်​တို့​ကို တည်ငြိမ်​စေ​၏​။(​စေလာ#75:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ဝါကြွား​သော​သူ​တို့​အား ‘​မ​ဝါကြွား​ကြ​နှင့်​’ ဟူ၍​လည်းကောင်း​၊
ဆိုးယုတ်​သော​သူ​တို့​အား ‘​ချို​မ​ထောင်​ကြ​နှင့်​။
5အထက်ကောင်းကင်​ထိ​တိုင်အောင် သင်​တို့​ချို​မ​ထောင်​ကြ​နှင့်​။
မောက်မာ​စွာ​မ​ပြောဆို​ကြ​နှင့်​’ ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။​”
6အကြောင်းမူကား ချီးမြှောက်​ခြင်း​သည် အရှေ့​အရပ်​၊ အနောက်​အရပ်​၊
သို့မဟုတ် တောကန္တာရ​အရပ်​မှ​လာ​သည်​မ​ဟုတ်​။
7တရားစီရင်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း​။
ထို​အရှင်​သည် တစ်ဦး​ကို​နှိမ့်ချ​၍ တစ်ဦး​ကို​ချီးမြှောက်​တော်မူ​၏​။
8အကြောင်းမူကား ထာဝရဘုရား​၏​လက်​တော်​၌​ခွက်ဖလား​ရှိ​၍
၎င်း​ထဲတွင် သမအောင်​ရောစပ်​ထား​သည့် အမြှုပ်ထ​နေ​သော​စပျစ်ဝိုင်​ရှိ​၏​။
ကိုယ်တော်​သည် ထို​စပျစ်ဝိုင်​ကို​သွန်ချ​တော်မူ​၍
ကမ္ဘာမြေကြီး​ပေါ်ရှိ​ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည်
၎င်း​၏​အနည်​ကို​ပင် အကုန်အစင် သောက်​ကြ​ရ​လိမ့်မည်​။
9ငါ​မူကား ကိုယ်တော်​အကြောင်း​ကို အစဉ်အမြဲ​ပြောကြား​၍
ယာကုပ်​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။
10“​ဆိုးယုတ်​သော​သူ​တို့​၏​ဦးချို​ရှိသမျှ​တို့​ကို ငါ​ပိုင်းဖြတ်​မည်​။
ဖြောင့်မတ်​သော​သူ​တို့​၏​ဦးချို​သည် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။​”

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 75: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ