YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 70

70
ကယ်နုတ်တော်မူရန် ခေါ်ဆိုတသခြင်း
ဂီတမှူး​အတွက်​၊ အောက်မေ့​စေရန်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။
2အကျွန်ုပ်​အသက်​ကို ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။
အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။
3အကျွန်ုပ်​ကို “​ဟား ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည်
မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် နောက်ပြန်ဆုတ်​ကြ​ရ​ပါစေသော​။
4ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌ ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။
ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို မြတ်နိုး​သော​သူ​တို့​က
“​ဘုရားသခင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု အစဉ်​မြွက်ဆို​ကြ​ပါစေသော​။
5အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​ဖြစ်​ပါ​၏​။
အို ဘုရားသခင်​၊ အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင်​ဖြစ်​ပါ​၏​။
အို ထာဝရဘုရား​၊ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 70: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ