YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 67

67
လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းမည်
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​များ​ဖြင့်​၊ ဆာလံ​သီချင်း
1ဘုရားသခင်​သည် ငါ​တို့​ကို​သနား​၍ ကောင်းချီးပေး​တော်မူ​ပါစေသော​။
ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​သည် ငါ​တို့​အပေါ် ထွန်းလင်း​တော်မူ​ပါစေသော​။(​စေလာ#67:1 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
2ထိုသို့​သော​အားဖြင့် ကိုယ်တော်​၏​လမ်း​သည် မြေကြီး​ပေါ်၌​လည်းကောင်း​၊
ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း
ထင်ရှား​ပါစေသော​။
3အို ဘုရားသခင်​၊ လူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။
လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။
4လူမျိုး​တို့​သည် ဝမ်းမြောက်​၍ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေသော​။
အကြောင်းမူကား ကိုယ်တော်​သည် လူ​တို့​ကို မျှတစွာ​တရားစီရင်​၍
ကမ္ဘာမြေကြီး​ပေါ်ရှိ​လူမျိုး​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။(​စေလာ#67:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5အို ဘုရားသခင်​၊ လူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။
လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။
6မြေကြီး​သည် မိမိ​၏​အသီးအနှံ​တို့​ကို​ဖြစ်ထွန်း​စေ​ပြီ​။
ဘုရားသခင်​တည်းဟူသော ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​လိမ့်မည်​။
7ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍
ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 67: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။