YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 57

57
ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
ဂီတမှူး​အတွက်​၊ “​မ​ဖျက်ဆီး​ပါ​နှင့်​” သံစဉ်​၊ ဒါဝိဒ်​သည် ရှောလု​ထံမှ​ထွက်ပြေး​၍ လိုဏ်ဂူ​ထဲ၌​နေ​ရ​သောအခါ စပ်ဆို​သော​မိတ္တမ်​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။
ပျက်စီး​ခြင်း​ဘေး​များ​ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ခိုလှုံ​ပါ​မည်​။
2ငါ့​အမှု​ကို​ပြီးပြည့်စုံ​စေ​တော်မူ​သော​ဘုရား တည်းဟူသော
အမြင့်ဆုံး​သော​ဘုရားသခင်​ကို ငါ​ခေါ်​၏​။
3ကိုယ်တော်​သည် ကောင်းကင်​မှ​စေလွှတ်​၍ ငါ့​ကို​ကယ်တင်​တော်မူ​လိမ့်မည်​။
ငါ့​ကို​နင်းချေ​သော​သူ​တို့​ကို ပြစ်တင်ဆုံးမ​တော်မူ​လိမ့်မည်​။(​စေလာ#57:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
ဘုရားသခင်​သည် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သမ္မာတရား​ကို စေလွှတ်​တော်မူ​လိမ့်မည်​။
4ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။
သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။
5အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။
ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။
6သူ​တို့​သည် အကျွန်ုပ်​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ကို ဖြန့်​ထား​ကြ​ပါ​၏​။
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​ပါ​၏​။
သူ​တို့​သည် အကျွန်ုပ်​သွား​မည့်​လမ်း​၌ ထောင်ချောက်​တွင်း​ကို တူး​ထား​ပြီး
သူ​တို့​ကိုယ်တိုင် ထို​တွင်း​ထဲ​သို့ ကျ​ကြ​ပါ​၏​။(​စေလာ#57:6 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
7အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။
အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​သည် သီချင်းဆို​၍ သီဆိုချီးမွမ်း​ပါ​မည်​။
8အို ငါ့​ဝိညာဉ်​၊ နိုးကြွ​လော့​။ စောင်းပြား​နှင့်​စောင်းကောက်​တို့​၊ နိုးကြွ​ကြ​လော့​။
ငါ​သည် အရုဏ်ဦး​ကို နိုးကြွ​စေ​မည်​။
9အို ဘုရားရှင်​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။
လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။#ဆာ 18:49၊ ရော 15:9။
10အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​ထိ​တိုင်အောင်​ကြီးမား​၍
ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင်​ရောက်​ပါ​၏​။
11အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။
ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 57: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ