YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 42

42
အပိုင်း (၂)
ဆာလံကျမ်း ၄၂-၇၂
ဘုရားသခင်ကို တောင့်တခြင်း
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​အလိမ္မာ​သီချင်း
1သမင်​ဒရယ်​သည် ရေ​စီး​သော​ချောင်း​တို့​ကို​တောင့်တ​သကဲ့သို့
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​တောင့်တ​ပါ​၏​ဘုရား​။
2ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​တည်းဟူသော အသက်ရှင်​တော်မူ​သော​ဘုရား​ကို ဆာငတ်​၏​။
ငါ​သည် မည်သည့်​အချိန်​မှ​လာ​၍ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​မည်နည်း​။
3လူ​တို့​က “​သင်​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု ငါ့​ကို တစ်နေ့လုံး​ပြောဆို​ကြ​သောအခါ
ငါ​၏​မျက်ရည်​သည် နေ့​ည​မပြတ် ငါ့​အတွက်​စားစရာ​ဖြစ်​ရ​၏​။
4ဤ​အရာ​တို့​ကို​ငါ​အောက်မေ့​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ငါ့​အထဲ​၌​ယိုဖိတ်​လျက်​ရှိ​၏​။
အကြောင်းမူကား ငါ​သည် လူအုပ်ကြီး​နှင့်အတူ​လျှောက်သွား​၍ ပွဲတော်​ကျင်းပ​နေ​သည့်​ထို​လူအုပ်​နှင့်အတူ
ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​နှင့် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​ဖြင့်
ဘုရားသခင်​၏​အိမ်​တော်​သို့ တရွေ့ရွေ့သွား​လေ့​ရှိ​၏​။
5အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။
ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။
ငါ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို ထပ်၍​ချီးမွမ်း​မည်​။
6အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။
ထို့ကြောင့် အကျွန်ုပ်​သည် ဂျော်ဒန်​မြစ်ဝှမ်း​နှင့် ဟေရမုန်​တောင်ရိုး​တို့​မှ​လည်းကောင်း​၊
မိဇရ​တောင်​မှ​လည်းကောင်း ကိုယ်တော်​ကို​အောက်မေ့​ပါ​၏​။
7ကိုယ်တော်​၏​ရေတံခွန်​တို့​မြည်ဟည်းသံ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​သည် နက်ရှိုင်း​ရာ​အရပ်​ကို​ဟစ်ခေါ်​ပါ​၏​။
ကိုယ်တော်​၏​လှိုင်းလုံး​များ​နှင့် လှိုင်းတံပိုး​အပေါင်း​တို့​သည် အကျွန်ုပ်​အပေါ်​လွှမ်းမိုး​သွား​ကြ​ပါ​၏​။
8ထာဝရဘုရား​သည် နေ့အချိန်​၌ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို ပြ​တော်မူ​သည်​ဖြစ်၍
ညအချိန်​၌ ငါ့​အသက်​၏​အရှင်​၊ ဘုရားသခင်​ထံ ငါ​ဆုတောင်း​၏​။
ကိုယ်တော်​အား ချီးမွမ်း​သော​သီချင်း​ကို ငါ​သီဆို​၏​။
9ငါ​၏​ကျောက်​ဖြစ်​တော်မူ​သော​ဘုရားသခင်​အား “​အကျွန်ုပ်​ကို အဘယ်ကြောင့် မေ့လျော့​တော်မူ​သနည်း​။
အကျွန်ုပ်​သည် အဘယ်ကြောင့် ရန်သူ​တို့​၏​ဖိနှိပ်မှု​ထဲ၌ ဝမ်းနည်း​ပူဆွေး​လျက်​သွားလာ​ရ​ပါ​သနည်း​”​ဟု ငါ​လျှောက်​၏​။
10ငါ​၏​ရန်သူ​တို့​က “​သင်​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု
ငါ့​ကို​တစ်နေ့လုံး ပြောဆို​လျက် ငါ​၏​အရိုး​ကွဲ​လုမတတ် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​ကြ​၏​။
11အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။
ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။
ငါ​သည် ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊
ငါ​၏​ဘုရားသခင်​ကို ထပ်၍​ချီးမွမ်း​မည်#42:11 အချို့မူရင်းကျမ်းတွင် အခန်းကြီး (42) နှင့် (43)သည် တစ်ဆက်တည်းဖြစ်သည်။​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 42: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။