ဆာလံကျမ်း 111
111
ဘုရားသခင်၏အမှုတော်အတွက် ကိုယ်တော်ကိုချီးမွမ်း
1ဟာလေလုယ။ ငါသည် ဖြောင့်မှန်သောသူတို့၏ အစည်းအဝေးနှင့် လူထုပရိသတ်အလယ်တွင်
ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
2ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။
ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
3ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည်
ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်ဖြင့် ပြည့်စုံတော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်၏။
4ကိုယ်တော်သည် မိမိ၏အံ့ဖွယ်သောအမှုတို့ကို အောက်မေ့စရာဖြစ်စေရန် စီရင်တော်မူ၏။
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊
သနားစုံမက်တတ်သောသဘောရှိတော်မူ၏။
5ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့အား စားစရာကိုပေး၍
မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
6ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့်
မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
7ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာတို့သည် သစ္စာနှင့်လည်းကောင်း၊
တရားမျှတခြင်းနှင့်လည်းကောင်း ညီညွတ်ကြ၏။
ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် ယုံကြည်စိတ်ချရ၏။
8ထိုဥပဒေသတို့သည် ကာလအစဉ်အဆက်တည်မြဲ၍
၎င်းတို့ကို သစ္စာနှင့်ဖြောင့်မှန်ခြင်းဖြင့် စီရင်ထားတော်မူ၏။
9ကိုယ်တော်သည် ရွေးနုတ်ကယ်တင်ခြင်းကို မိမိ၏လူမျိုးတော်ထံစေလွှတ်၍
မိမိ၏ပဋိညာဉ်တော်ကို ထာဝရအတွက် ချမှတ်ထားတော်မူ၏။
ကိုယ်တော်၏နာမတော်သည် သန့်ရှင်း၍ အံ့ဩဖွယ်ဖြစ်တော်မူ၏။
10ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်၏။
ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာသောသူ အပေါင်းတို့သည်
ကောင်းသောဉာဏ်စွမ်းကိုရရှိကြ၏။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ထာဝရတည်၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 111: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative