YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 27

27
1မနက်ဖြန်​အတွက် မ​ဝါကြွား​နှင့်​။
အကြောင်းမူကား တစ်ရက်​အတွင်း မည်သို့​ဖြစ်​မည်​ကို သင်​မ​သိ​။#ယာ 4:14။
2သင့်​နှုတ်​မ​ဟုတ်​ဘဲ အခြား​သော​သူ​က​လည်းကောင်း​၊
သင့်​နှုတ်ခမ်း​မ​ဟုတ်​ဘဲ သူတစ်ပါး​က​လည်းကောင်း သင့်​ကို​ချီးမွမ်း​ပါစေ​။
3ကျောက်ခဲ​သည်​လေး​၍ သဲ​သည်​အချိန်စီး​၏​။
သို့သော် ဆိုးမိုက်​သော​သူ​၏​အမျက်​ဒေါသ​သည် ထို​အရာ​နှစ်​ပါး​ထက် ပို၍​လေး​၏​။
4အမျက်ဒေါသ​သည် ရက်စက်​၍ အမျက်​သည် လွှမ်းမိုး​တတ်​၏​။
သို့သော် မနာလိုဝန်တိုမှု​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​။
5ပွင့်လင်း​စွာ​ဆိုဆုံးမ​ခြင်း​သည်
လျှို့ဝှက်​စွာ​ချစ်​ခြင်း​ထက် ပို၍​ကောင်း​၏​။
6မိတ်ဆွေ​ပေး​သော​ဒဏ်ရာ​များ​သည် သစ္စာ​နှင့်​ယှဉ်​၏​။
ရန်သူ​ပေး​သော​အနမ်း​များ​မူကား လှည့်စား​ခြင်း​နှင့်​ယှဉ်​၏​။
7အစာဝ​သော​သူ​သည် ပျားလပို့​မှ​ပျားရည်​ကို​ပင် နင်းချေ​တတ်​၏​။
ဆာလောင်မွတ်သိပ်​သော​သူ​အတွက်​မူကား ခါး​သော​အရာ​ရှိသမျှ​သည် ချိုမြိန်​နေ​တတ်​၏​။
8မိမိ​အိမ်​မှ​ထွက်သွား​၍ လှည့်လည်​သွားလာ​သော​သူ​သည်
မိမိ​၏​အသိုက်​မှ​ထွက်သွား​၍ လှည့်လည်​သွားလာ​သော​ငှက်​နှင့်​တူ​၏​။
9နံ့သာဆီ​နှင့်​နံ့သာပေါင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။
မိတ်ဆွေ​ထံမှ​နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ကား စေတနာစိတ်​ဖြင့် သူ​ပေး​သော​အကြံဉာဏ်​ဖြစ်​၏​။
10သင်​၏​မိတ်ဆွေ​နှင့် သင့်​ဖခင်​၏​မိတ်ဆွေ​ကို မ​စွန့်ပယ်​နှင့်​။
သင်​ဘေးဒုက္ခ​ရောက်​ချိန်​၌ သင်​၏​ညီအစ်ကို​အိမ်​သို့​မ​သွား​နှင့်​။
အနီး​၌​ရှိ​သော​အိမ်နီးချင်း​သည်
အဝေး​၌​ရှိ​သော​ညီအစ်ကို​ထက် ပို၍​ကောင်း​၏​။
11ငါ့​သား​၊ ဉာဏ်ပညာရှိ​လော့​။ ငါ​၏​စိတ်နှလုံး​ကို​လည်း ဝမ်းမြောက်​စေ​လော့​။
သို့ပြုလျှင် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​အား တုံ့ပြန်ပြောဆို​နိုင်​လိမ့်မည်​။
12ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။
အသိဉာဏ်​နည်းပါး​သော​သူ​သည် ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။
13သူစိမ်း​အတွက် အာမခံ​သော​သူ​၏​အဝတ်​ကို ယူထား​လော့​။
ကိုယ်ကျင့်တရားပျက်ပြား​သော​မိန်းမ​အတွက် အာမခံ​သော​သူ​ထံမှ အပေါင်ပစ္စည်း​ကို​ယူ​ထား​လော့​။
14နံနက်​စောစောထ​၍ မိမိ​၏​အိမ်နီးချင်း​ကို ကျယ်လောင်​သော​အသံ​နှင့် ကောင်းချီးပေး​သော​သူ​သည်
ကျိန်ဆဲ​နေ​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​လိမ့်မည်​။
15ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​သည် မိုးရွာ​သော​နေ့​တွင်
အဆက်မပြတ် တစက်စက်​ယိုကျ​သော​မိုးရေ​နှင့်​တူ​၏​။
16သူ့​ကို​ထိန်းချုပ်​ရ​ခြင်း​သည် လေ​ကို​ထိန်းချုပ်​ခြင်း​၊
သို့မဟုတ် ဆီ​ကို​လက်ယာ​လက်​ဖြင့် ဆုပ်ထား​ခြင်း​နှင့်​တူ​၏​။
17သံ​သည် သံ​ကို​ထက်​စေ​သကဲ့သို့ လူ​သည်​လည်း
အခြားသောသူ​ကို​ထက်မြက်​စေ​တတ်​၏​။
18သဖန်းပင်​ကို​ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် သဖန်းသီး​ကို​စား​ရ​လိမ့်မည်​။
မိမိ​၏​သခင်​ကို စောင့်ရှောက်​သော​သူ​သည် ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။
19ရေ​မျက်နှာပြင်​သည် လူ​၏​မျက်နှာ​ကို​ထင်ဟပ်​စေ​သကဲ့သို့
လူ​၏​စိတ်နှလုံး​သည်​လည်း လူ​ကို​ထင်ဟပ်​စေ​တတ်​၏​။
20မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည် မည်သည့်​အခါ​မျှ​အလို​မ​ပြည့်စုံ​သကဲ့သို့
လူ​၏​မျက်စိ​သည်​လည်း မည်သည့်​အခါ​မျှ​အလို​မ​ပြည့်စုံ​တတ်​။
21ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​ရ​၏​။
လူ​ကို​ကား သူ​ခံရ​သော​ချီးမွမ်း​စကား​ဖြင့် စစ်​ရ​၏​။
22ဆိုးမိုက်​သော​သူ​ကို ဂျုံစေ့​နှင့်အတူ ဆုံ​ထဲ​ထည့်​၍ ကျည်ပွေ့​နှင့်​ထောင်း​သော်လည်း
သူ​၏​မိုက်မဲမှု​သည် သူ့​ထံမှ​ဖယ်ခွာ​လိမ့်မည်​မ​ဟုတ်​။
23သင့်​သိုးစု​၏​အခြေအနေ​တို့​ကို ကောင်းစွာ​သိရှိ​ပြီး
သင်​၏​စိတ်​ကို​တိရစ္ဆာန်အုပ်​အပေါ် စူးစိုက်​ထား​လော့​။
24အကြောင်းမူကား စည်းစိမ်​သည် အစဉ်အမြဲ​တည်​သည်​မ​ဟုတ်​။
ရာဇသရဖူ​သည်​လည်း မျိုးဆက်​အစဉ်အဆက် တည်​သည်​မ​ဟုတ်​။
25မြက်ပင်​ကို​ရှင်း​ပြီးနောက် မြက်နု​များ​ပေါက်လာ​တတ်​၏​။
တောင်​များ​ပေါ်မှ အပင်​တို့​ကို စုသိမ်း​ပြီး​သောအခါ​တွင်
26သိုးငယ်​တို့​သည် သင်​၏​အဝတ်တန်ဆာ​အတွက်​ဖြစ်​ပြီး
ဆိတ်ထီး​တို့​သည် လယ်ယာ​အတွက်​အဖိုးအခ​ဖြစ်​ကြ​လိမ့်မည်​။
27ဆိတ်​နို့​သည်​လည်း သင်​စား​ဖို့​၊
သင့်​အိမ်သူအိမ်သား​များ​စား​ဖို့​နှင့်
သင့်​အစေခံ​မိန်းကလေး​များ​ကို​ကျွေး​ဖို့ အလုံအလောက်​ရှိ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ