YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 10

10
1တံဆိပ်ခတ်​ရာ​တွင် ပါဝင်​သော​သူ​များ​မှာ
ဟာခလိ​၏​သား ဘုရင်ခံ​နေဟမိ​နှင့် ဇေဒကိ​၊
2စရာယ​၊ အာဇရိ​၊ ယေရမိ​၊
3ပါရှုရ​၊ အာမရိ​၊ မာလခိယ​၊
4ဟတ္တုတ်​၊ ရှေဗနိ​၊ မလ္လုတ်​၊
5ဟာရိမ်​၊ မေရမုတ်​၊ ဩဗဒိ​၊
6ဒံယေလ​၊ ဂိန္နေသုန်​၊ ဗာရုတ်​၊
7မေရှုလံ​၊ အဘိယ​၊ မိယာမိန်​၊
8မာဇိ​၊ ဗိလဂဲ​၊ ရှေမာယ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။
9ထို့ပြင် လေဝိ​အမျိုး​ဖြစ်​သော အာဇနိ​၏​သား ယေရွှာ​၊ ဟေနဒဒ်​အမျိုးအနွယ်​မှ ဗိနွိ​၊ ကပ်မျေလ တို့​လည်း​ပါ​၏​။ 10သူ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သော
ရှေဗနိ​၊ ဟောဒိယ​၊ ကေလိတ​၊ ပေလာယ​၊ ဟာနန်​၊
11မိက္ခာ​၊ ရဟောဘ​၊ ဟာရှဘိ​၊
12ဇက္ကုရ​၊ ရှေရဘိ​၊ ရှေဗနိ​၊
13ဟောဒိယ​၊ ဗာနိ​၊ ဗေနိနု တို့​လည်း​ပါဝင်​၏​။
14လူထု​အကြီးအမှူး​များ​ဖြစ်​သော ပါရုတ်​၊ ပါဟတ်မောဘ​၊ ဧလံ​၊ ဇတ္တု​၊ ဗာနိ​၊
15ဗုန္နိ​၊ အာဇဂဒ်​၊ ဗေဗဲ​၊
16အဒေါနိယ​၊ ဗိဂဝဲ​၊ အာဒိန်​၊
17အာတာ​၊ ဟေဇကိ​၊ အဇ္ဇုရ​၊
18ဟောဒိယ​၊ ဟာရှုံ​၊ ဗေဇဲ​၊
19ဟာရိပ်​၊ အာနသုတ်​၊ နေဗဲ​၊
20မာဂပျာရှ​၊ မေရှုလံ​၊ ဟေဇိရ​၊
21မေရှဇဗေလ​၊ ဇာဒုတ်​၊ ယာဒွါ​၊
22ပေလတိ​၊ ဟာနန်​၊ အနာယ​၊
23ဟောရှေ​၊ ဟာနနိယ​၊ ဟာရှုပ်​၊
24ဟာလောဟက်​၊ ပိလဟ​၊ ရှောဗက်​၊
25ရေဟုံ​၊ ဟာရှဗန​၊ မာသေယ​၊
26အဟိယ​၊ ဟာနန်​၊ အာနန်
27မလ္လုတ်​၊ ဟာရိမ်​နှင့် ဗာနာ တို့​လည်း​ပါဝင်​၏​။
28ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည် 29သူ​တို့​၏​ဆွေမျိုးသားချင်း​ခေါင်းဆောင်​များ​နှင့်အတူ ဘုရားသခင်​၏​အစေအပါး​မောရှေ​အားဖြင့်​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ပညတ်တရား​ကို လိုက်နာ​ပါ​မည်​။ ဘုရားရှင်​ထာဝရဘုရား​၏​ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​ပါ​မည်​။
ဝန်ခံကတိပြုချက်အသေးစိတ်
30ငါ​တို့​၏​သမီးပျို​များ​ကို ထို​ပြည်သား​တို့​နှင့်​မ​ပေးစား​။ သူ​တို့​၏​သမီးပျို​များ​ကို​လည်း ငါ​တို့​၏​သား​များ​နှင့်​မ​စုံဖက်​စေ​ပါ​။ 31ထို​ပြည်သား​တို့​သည် ဥပုသ်နေ့​တွင် ကုန်ပစ္စည်း​များ​နှင့် အစားအစာ​များ​ကို လာရောက်​ရောင်းချ​ပါက ဥပုသ်နေ့​ဖြစ်စေ​၊ သန့်ရှင်း​သော​နေ့​ဖြစ်စေ ထို​နေ့​တို့​တွင် သူ​တို့​ထံမှ ငါ​တို့​ဝယ်​မည်​မ​ဟုတ်​။ ငါ​တို့​သည် ခုနစ်​နှစ်​မြောက်​သော​နှစ်​၌ သီးနှံ​မ​စိုက်​၊ လက်ဝယ်​ရှိ အကြွေး​အားလုံး​ကို​လည်း လျှော်ပစ်​မည်​ဟု အတူတကွ တိုင်တည်​ကျိန်ဆို​ကြ​၏​။ 32ထို့ပြင် ငါ​တို့​ဘုရားသခင့်​အိမ်​တော်​၏​အမှု​တော်​လုပ်ငန်း​အတွက် တစ်​နှစ်​လျှင် တစ်​ယောက်​ကို တစ်​ရှယ်ကယ်​၏​သုံးပုံတစ်ပုံ#10:32 “0.25 ကျပ်သား သို့မဟုတ် 4 ဂရမ်”။​ပေးလှူ​ပါ​မည်​။ 33ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။ 34ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။ 35မြေ​ထွက်​ကောက်ပဲသီးနှံ​၏​အသီးဦး​များ​နှင့် သီးစားပင်​ရှိသမျှ​တို့​မှ အသီးဦး​ရှိသမျှ​တို့​ကို​လည်း ထာဝရဘုရား​၏​အိမ်​တော်​သို့ နှစ်စဉ် ယူဆောင်​လာ​ပါ​မည်​။ 36ပညတ်တရားကျမ်း​တွင် ရေးထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​သားဦး​များ​နှင့် တိရစ္ဆာန်​သားဦး​များ​၊ သိုးအုပ်​နွားအုပ်​ထဲမှ အဦးဆုံး​မွေး​သော​အကောင်​တို့​ကို ဘုရားသခင်​၏​အိမ်​တော်​၌​အမှု​တော်​ဆောင်ရွက်​သော​သူ​များ​ဖြစ်​သည့် ယဇ်ပုရောဟိတ်​တို့​ရှိ​ရာ ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ပါ​မည်​။ 37အဦးဆုံး​မုန့်ညက်​၊ အလှူပစ္စည်း​၊ သစ်သီး​အမျိုးမျိုး​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​ခန်း​ရှိ ယဇ်ပုရောဟိတ်​ထံသို့​ယူဆောင်​လာ​ပါ​မည်​။ လေဝိ​အမျိုး​တို့​သည် မြို့ရွာ​တိုင်း​မှာ စိုက်ပျိုး​သော​သီးနှံ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ရထိုက်​သူ​များ​ဖြစ်​သောကြောင့် မြေ​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း လေဝိ​အမျိုး​တို့​ထံ ယူဆောင်​လာ​ပါ​မည်​။ 38လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​လက်ခံ​သောအခါ အာရုန်​အမျိုးအနွယ်​ယဇ်ပုရောဟိတ်​သည် လေဝိ​အမျိုး​တို့​နှင့်အတူ​ရှိ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို ဘုရားသခင်​၏​အိမ်​တော် သိုလှောင်တိုက်​အခန်း​များ​ထဲသို့ ယူဆောင်​လာ​ရ​မည်​။ 39အစ္စရေး​လူမျိုး​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အလှူပစ္စည်း​များ​ဖြစ်​သည့် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို သိုလှောင်တိုက်​သို့ ယူဆောင်​လာ​ရ​မည်​။ ထို​နေရာ​တွင် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ ထားရှိ​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ နေ​ကြ​၏​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ငါ​တို့​စွန့်ပစ်​ထား​မည်​မ​ဟုတ်​ဟု ဝန်ခံ​ကတိပြု​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

နေဟမိမှတ်စာ 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ