YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 3:1-6

ရှင်မာကုခရစ်ဝင် 3:1-6 MSBU

ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​ရာ ထို​နေရာ​၌ လက်​တစ်ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။ လူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် ဥပုသ်နေ့​၌ ထို​သူ​အား အကောင်းပကတိ​ဖြစ်​စေ​မည်​၊ မ​ဖြစ်​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။ ကိုယ်တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား“အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူ​တို့​အား“တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် သတ်​အပ်​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း ဟေရုဒ်​၏​လူ​များ​နှင့် ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​၏။