YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာအနာဂတ္တိကျမ်း 3

3
ဆိုးညစ်သောခေါင်းဆောင်တို့ကိုစီရင်ခြင်း
1အကျွန်ုပ်​က “​အို ယာကုပ်​အမျိုး​ခေါင်းဆောင်​တို့​နှင့် အစ္စရေး​အမျိုး​အကြီးအမှူး​တို့​၊ နားထောင်​ကြ​လော့​။ တရားမျှတမှု​ကို သင်​တို့​သိ​သင့်​သည်​မ​ဟုတ်​လော​။ 2သို့သော် သင်​တို့​သည် ကောင်း​သော​အရာ​ကို​မုန်း​၍ မကောင်း​သော​အရာ​ကို​နှစ်သက်​ကြ​၏​။ သူတစ်ပါး​ကိုယ်​မှ​အရေခွံ​ကို​နွှာ​၍ အရိုး​မှ​အသား​ကို​နွှင်ယူ​ကြ​၏​။ 3ငါ့​လူမျိုး​တော်​တို့​၏​အသား​ကို စား​ကြ​၏​။ သူ​တို့​၏​အရေခွံ​ကို​နွှာ​၍ အရိုး​ကို ချိုး​ပြီးလျှင် အိုး​ထဲ​၊ ဒယ်အိုး​ထဲ ထည့်ချက်​မည့်​အသား​ကဲ့သို့ ခုတ်ထစ်​ကြ​သည်”​ဟု ဆို​၏​။ 4ထို​သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ဆုတောင်း​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​မည်​မ​ဟုတ်​။ သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​သောကြောင့် ထို​ကာလ​တွင် ကိုယ်တော်​သည် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​မည်​။
လမ်းလွဲစေသောပရောဖက်များကိုစီရင်ခြင်း
5အကျွန်ုပ်​၏​လူမျိုး​ကို​လမ်းလွဲ​စေ​သော ပရောဖက်​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ သူ​တို့​၏​သွား​များ​အစာဝါးစား​ရ​သောအခါ “ငြိမ်းချမ်း​ပါစေ”​ဟု ဆို​တတ်​ပြီး သူ​တို့​၏​ပါးစပ် အစာ​မ​စား​ရ​သောအခါ တိုက်ခိုက်​ရန်​အသင့်ပြင်ဆင်​တတ်​ကြ​၏​။ 6ထို့ကြောင့် သင်​တို့​သည် ညအချိန်​၌ ဗျာဒိတ်နိမိတ်​ရ​တော့​မည်​မ​ဟုတ်​၊ မှောင်မိုက်ချိန်​၌ ဂမ္ဘီရအတတ်​ကို အသုံးပြု​နိုင်​တော့​မည်​မ​ဟုတ်​။ ပရောဖက်​တို့​အဖို့ နေဝင်​၍ နေ့​အချိန်​၌​ပင် မှောင်မိုက်​ဖုံးလွှမ်း​လိမ့်မည်​။ 7သို့ဖြစ်၍ ဗျာဒိတ်ရသူ​တို့​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​တို့​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ဘုရားသခင်​သည် သူ​တို့​ကို​ထူး​တော်​မ​မူ​သောကြောင့် သူ​တို့​အားလုံး နှုတ်ပိတ်​နေ​ရ​လိမ့်မည်​။
8အကျွန်ုပ်​မူကား ယာကုပ်​ပုန်ကန်​သော​အပြစ်​၊ အစ္စရေး​ကျူးလွန်​သော​အပြစ်​ကို ဖော်ပြ​နိုင်​ရန် ထာဝရဘုရား​၏​ဝိညာဉ်​တော်​တန်ခိုး​နှင့်​လည်းကောင်း​၊ တရားမျှတမှု​နှင့် အစွမ်းတန်ခိုး​တို့​နှင့်​လည်းကောင်း ပြည့်ဝ​၏​။
ဇိအုန်မြို့ပျက်စီးခြင်း
9အို ယာကုပ်​အကြီးအမှူး​တို့​နှင့် အစ္စရေး​အုပ်ချုပ်သူ​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် တရားမျှတမှု​ကို​စက်ဆုပ်ရွံရှာ​၍ ဖြောင့်မှန်​သော​အမှု​ရှိသမျှ​ကို ကွေ့ကောက်​စေ​ကြ​၏​။ 10သင်​တို့​သည် လူ​အသက်သတ်​၍ ဇိအုန်​မြို့​ကို တည်​ကြ​၏​။ မတရားမှု​ဖြင့် ဂျေရုဆလင်​မြို့​ကို တည်​ကြ​၏​။ 11အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။ 12သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

မိက္ခာအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ