YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 20:41-47

ရှင်လုကာခရစ်ဝင် 20:41-47 MSBU

ထို့နောက် ကိုယ်တော်​က“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု မည်သို့​ပြောဆို​နိုင်​ကြ​မည်နည်း။ အကြောင်းမူကား ဒါဝိဒ်​ကိုယ်တိုင်​သည် ဆာလံ​ကျမ်း​တွင် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’ဟူ၍ ဆို​ထား​၏။ ထိုသို့ ဒါဝိဒ်​သည် ခရစ်တော်​ကို သခင်​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ လူ​အပေါင်း​တို့​သည် နားထောင်​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား “ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​လျက် သွားလာ​ရန် အလိုရှိ​ကြ​၍ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် 20:41-47 အကြောင်း ဗီဒီယိုများ