YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 14:16-24

ရှင်လုကာခရစ်ဝင် 14:16-24 MSBU

ကိုယ်တော်​က​လည်း“လူ​တစ်​ဦး​သည် ညစာ​စားပွဲ​ကြီး​တစ်​ခု​ကို​ပြင်ဆင်​လျက် လူ​များစွာ​တို့​ကို​ဖိတ်ခေါ်​ထား​၏။ ပွဲ​အချိန်​ရောက်​သောအခါ ဖိတ်ခေါ်​ထား​သူ​များ​ထံသို့ မိမိ​အစေအပါး​ကို​စေလွှတ်​လျက် ‘ယခု​အဆင်သင့်​ဖြစ်​ပြီ​ဖြစ်၍ ကြွ​ကြ​ပါ’​ဟု ပြောကြား​စေ​၏။ ထိုအခါ အားလုံး​တို့​သည် မ​လာ​နိုင်​ကြောင်း တညီတညွတ်တည်း​ဆင်ခြေ​ပေး​ကြ​၏။ ပထမ​လူ​က ‘အကျွန်ုပ်​သည် လယ်​တစ်​ကွက်​ဝယ်​ထား​သည်​ဖြစ်၍ ထို​လယ်​ကို မဖြစ်မနေ​သွား​ကြည့်​ရ​ပါ​မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။ အခြား​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို​ဝယ်​ထား​သည်​ဖြစ်၍ ထို​နွား​တို့​ကို​စမ်းသပ်​ရန် သွား​ရ​တော့မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။ နောက်​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​ပြီ​ဖြစ်၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။ အစေအပါး​သည် ပြန်လာ​၍ ထို​အကြောင်းအရာ​များ​ကို မိမိ​သခင်​အား​ကြားလျှောက်​လေ​၏။ ထိုအခါ အိမ်ရှင်​သည် အမျက်ထွက်​၍ မိမိ​အစေအပါး​အား ‘မြို့​ထဲ​ရှိ လမ်းမ၊ လမ်းကြား​များ​ထဲသို့ အမြန်​သွား​၍ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့’​ဟု ဆို​၏။ ထို့နောက် အစေအပါး​က ‘သခင်၊ သခင်​စေခိုင်း​သည့်​အတိုင်း​ဆောင်ရွက်​ပြီး​ပါ​ပြီ။ သို့သော် နေရာ​ရှိ​ပါ​သေး​၏’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ခရီး​သွား​လမ်းမ​များ​နှင့် တော​လမ်းကြား​များ​သို့​သွား​၍ ငါ့​အိမ်​ပြည့်​အောင် လူ​တို့​ကို မရမက​ခေါ်​ခဲ့​လော့။ သင်​တို့​အား ငါ​ဆို​သည်​ကား ယခင်​ဖိတ်ခေါ်​ထား​သူ​တို့​ထဲမှ မည်သူ​မျှ ငါ​၏​ညစာ​စားပွဲ​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု အစေအပါး​အား ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။