ကိုယ့်အကျင့်အကြံများကို ဆင်ခြင်သုံးသပ်၍ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကောင်းကင်ဘုံရှိ ထာဝရဘုရားထံ ငါတို့စိတ်နှလုံးပါလျက် လက်ကို ချီကြစို့။ ငါတို့ အပြစ်ကျူးလွန်မိပြီ၊ ပုန်ကန်မိပြီ။ ကိုယ်တော်သည် ငါတို့ကို ခွင့်လွှတ်တော်မမူ။ ပြင်းစွာအမျက်ထွက်လျက် ငါတို့ကို လိုက်၍ မညှာမတာကွပ်မျက်တော်မူပြီ။ အထံတော်သို့ ငါတို့ဆုတောင်းသံမရောက်အောင် ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်ဖြင့် ကာထားတော်မူပြီ။ ကိုယ်တော်သည် ငါတို့ကို လူမျိုးတကာအလယ်တွင် အညစ်အကြေး၊ အမှိုက်သရိုက် ဖြစ်စေတော်မူပြီ။ ရန်သူအပေါင်းတို့သည် ငါတို့ကိုဆန့်ကျင်ပြောဆိုကြပါပြီ။ ငါတို့သည် ကြောက်မက်ဖွယ်ဘေးနှင့် ကြုံရပြီ။ မြေတွင်းထဲသို့ ကျလေပြီ။ အထီးကျန်ခြင်း၊ ပျက်စီးခြင်းသို့ရောက်ပါပြီ။ ငါ့လူမျိုးသမီးပျို ပျက်စီးသောကြောင့် ငါ့မျက်စိမှ မျက်ရည်ချောင်းစီးရလေပြီ။ ကောင်းကင်ဘုံမှ ထာဝရဘုရား ငုံ့ကြည့်၍ မြင်တော်မမူမချင်း ငါ့မျက်ရည်သည် မပြတ်မစဲစီးဆင်းလေပြီ။ မြို့သမီးပျိုအပေါင်းတို့၏အဖြစ်ကို မြင်ရသောကြောင့် ငါ့စိတ်နှလုံးကြေကွဲရပြီ။ ရန်သူတို့သည် အကြောင်းမရှိဘဲ ငါ့ကို ငှက်ကဲ့သို့ လိုက်ဖမ်းကြပါ၏။ ငါ့ကို မြေတွင်းထဲပစ်ချပြီး သေကြောင်းကြံကြပြီ။ ကျောက်တုံးဖြင့် ပစ်ပေါက်ကြပြီ။ ရေသည် ငါ့ဦးခေါင်းအထိ လွှမ်းမိုးလာသဖြင့် “ငါသေရတော့မည်”ဟု ငါဆိုမိပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် တွင်းနက်ထဲမှနေ၍ ကိုယ်တော်၏နာမတော်ကို ဟစ်ခေါ်ပါ၏။ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။” အကျွန်ုပ်ဆုတောင်းသောအခါ ကိုယ်တော်သည် အနားသို့လာ၍ “မကြောက်နှင့်”ဟု မိန့်တော်မူ၏။
ယေရမိမြည်တမ်းစကား 3 ကိုဖတ်ပါ။
နားထောင်ပါ။ ယေရမိမြည်တမ်းစကား 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်းစကား 3:40-57
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ